Monday 6 February 2012

မကျေနပ်လျှင် တိုင်လိုက်ပါ-၁

၁-၁။ ယခု စာစုသည် ခါတိုင်းရေးနေကျ ဆရာဝန်များကို ရည်ရွယ်သော စာစုအစဉ်မဟုတ်ပါ။ ဆေးကုသမှုအပေါ်၊ ဆရာဝန်များအပေါ်၊ နိုင်ငံကျန်းမာရေး စောင့်ရှောက်မှု အပေါ် ကျေလည်မှုမရှိသော အချို.သော ပြည်သူအများအား ရည်ရွယ်သော စာစုအစဉ်ဖြစ်ပါသည်။ သို.သော်လည်း ကျွဲကူးရေပါ အနေနှင့် အချို.ဆရာဝန်များမေ့လျော့နေသော အကြောင်းများကို ပြန်နွှေးသကဲ့သို. ဖတ်ရှုနိုင်စေရန်လည်း ရည်ရွယ်ထားပါသည်။



၁-၂။ ဆရာဝန်တစ်ယောက်ပေါ့ဆမှုကြောင့် လူနာတစ်ဦး သေဆုံးသွားသည်၊ သို.မဟုတ်နစ်နာသွားသည်ဆိုလျှင် ယနေ.ကြားနေရခြင်းသည် ဂျာနယ်ထဲထည့်၍ 'ဖွ' လိုက်ခြင်းဖြင့် တုံ.ပြန်ခြင်းမျိုးကိုသာ တွေ.နေရပါသည်။ ဖြစ်သင့် ဖြစ်ထိုက်သော တုံ.ပြန်ခြင်းမျိုးလား၊ မဖြစ်သင့် မဖြစ်ထိုက်သော တုံ.ပြန်ခြင်းမျိုးလား ဆင်ခြင်စဉ်းစားမိစေရန်နှင့်တကွ ဆေးပညာဆိုင်ရာ ပေါ့ဆမှု ဆိုသည့်အကြောင်း ထိုက်သင့်ရုံနားလည်စေရန် ဤစာစု အစဉ်ကို ရေးရပါသည်။



၁-၃။ အမှန်စစ်စစ် ဆရာဝန်ကြောင့် လူနာသေဆုံးသွားသည် သေချာပါက ဆရာဝန်၏ ပေါ့ဆမှုကို တိုင်ကြားခြင်းသည်သာ အသင့်လျော်ဆုံးဖြစ်ပါမည်။ ဆရာဝန်၏ ပေါ့ဆမှုကြောင့် ဟုတ်မဟုတ်မသေချာပါပဲနှင့် မိသားစုသံယောဇဉ်၊ ပူဆွေးသောကတို.ကို ထွက်ပေါက်ပေးသည့်အနေနှင့် ဖြစ်သမျှအလုံးစုံကို ဆရာဝန်အပေါ်ပုံချကာ ဂျာနယ်များထဲတွင် 'ဖွ' ခြင်းသည် သင့်လျော်သော ပေးဆပ်မှု မဟုတ်သကဲ့သို. လုပ်ကောင်းသော ကိစ္စလည်း မဟုတ်ပါ။ သက်ဆိုင်ရာဆရာဝန်၏ တသက်တာ တည်ဆောက်လာသော ဘ၀၊ အဆင့်ဆင့် စောင့်ထိန်းလာသော ကိုယ်ကျင့်သိက္ခာကို တစ်ချက်တည်း ရိုက်ချိုးဖျက်ဆီး လိုက်ခြင်းသာဖြစ်သည်။



၁-၄။ တိုင်ကြားခြင်းမပြုပဲ ဂျာနယ်တွင်ဖွခြင်းသည် ပညာရပ်ဆိုင်ရာသဘောကို မသိခြင်းကြောင့်ဟု ဆင်ခြေမပေးနိုင်စေရန်လည်းကောင်း၊ မပေါ့ဆသင့်သော လူ.အသက်နှင့် စပ်လျှင်းသည့်ကိစ္စကို ပေါ့ပေါ့တန်တန်ပြုနေသော ဆရာဝန်အချို.ကို ကာကွယ်တားဆီးရန်လည်းကောင်း ဤစာစုကို ရေးပါသည်။ ဖယ်ရှားသင့်သော ကျင့်ဝတ်မညီသည့် ဆရာဝန်များကို ဖယ်ရှားနိုင်ရန်နှင့် ကံမကောင်း အကြောင်းမလှစွာဖြင့် ဂျာနယ်များတွင် အဖွခံရကာ ဘ၀ပျက်ရသော ဆရာဝန်များ ရှိမလာစေရန် ရေးရပါသည်။



၂-၁။ ဆေးပညာဆိုင်ရာ ပေါ့ဆမှုဟူသည် အလွန်သိမ်မွေ.ပါသည်။ လူနာသေဆုံးသွားလျှင် ဆရာဝန်ကြောင့်ဟု ထင်နေကြသူများ အတော်များနေပါပြီ။ ဖွင့်ဆိုချက်က စပြောမှ ရပါလိမ့်မည်။



၂-၂။ ဆေးပညာဆိုင်ရာပေါ့ဆမှုဟူသည် ဆရာဝန်တစ်ဦး၏ ထိုက်လျောက်သောကျွမ်းကျင်မှု (reasonable skill) နှင့် ထိုက်လျောက်သော စောင့်ရှောက်ကုသမှု (reasonable care) မရသဖြင့် လူနာတွင် နစ်နာဆုံးရှုံးမှု ဖြစ်ပွားရခြင်းကို ခေါ်ဆိုပါသည်။ သို.ရာတွင် ထိုသို. ဆေးပညာဆိုင်ရာပေါ့ဆမှုဟူသည် ရပ်ထဲရွာထဲတွင် သိထားသော ပေါ့ဆမှုမျိုး မဟုတ်သည်ကိုတော့ သိထားစေချင်ပါသည်။ အရေးကြီးသော သော့ချက်စကားလုံးများအနေနှင့် ထိုက်လျောက်သော ကျွမ်းကျင်မှုနှင့် ထိုက်လျောက်သောကုသမှု ဆိုသည့် စကားလုံးနှစ်လုံးကို ထုံးတို.မှတ်ထားစေချင်ပါသည်။ နောက်ပိုင်း အကျယ်ချဲ.ရမည့် စကားလုံးများလည်း ဖြစ်ပါသည်။



၂-၃။ ပေါ့ဆမှုဆိုသည်ကို သက်သေပြရန်အတွက် အချက်လေးချက်နှင့် ပြည့်စုံဖို.ရန် လိုအပ်ပါသည်။ ပထမဆုံးအနေနှင့် ဆရာဝန်မှ စောင့်ရှောက်ရန် တာဝန်ယူထားသော လူနာဖြစ်ရပါမည်။ ဒုတိယအချက်သည် ထိုတာဝန်ဝတ္တရားကို ဆောင်ရွက်ရန် ပျက်ကွက်မှု ရှိရပါမည်။ တတိယအနေနှင့် ထို ပျက်ကွက်မှုကြောင့် တိုက်ရိုက်ထိခိုက်မှု ဖြစ်ပေါ်ရပါမည်။ စတုတ္တအနေနှင့်ထိုထိခိုက်မှုကြောင့် လူနာအနေနှင့် နစ်နာမှု ဖြစ်ပေါ်စေရပါမည်။ ဒီလေးလုံးနှင့် အလွယ်မှတ်ကြပါသည်။ (duty of care, dereliction of that duty, direct causation, damage to the patient)



၂-၄။ ဆရာဝန်၏စောင့်ရှောက်မှု စတင်ခြင်းသည် ဆရာဝန်လူနာဆက်ဆံမှုအစဉ် (doctor-patient relationship) စတင်သည်နှင့် တပြိုင်နက်စတင်ပါသည်။ ဆရာဝန်လူနာဆက်ဆံမှု အစဉ်သည် ဆရာဝန်မှ လူတစ်ဦးအား လူနာအဖြစ် လက်ခံမှသာစတင်ပါသည်။ ဆေးခန်းတွင်ဖြစ်စေ၊ ဆေးရုံတွင်ဖြစ်စေ စတင်ပါလိမ့်မည်။ အရေးပေါ် အခြေအနေမျိုးတွင် ဆရာဝန်တစ်ဦးက နာမကျန်းပုဂ္ဂိုလ်၊ ထိခိုက်ဒဏ်ရာရပုဂ္ဂိုလ်အား ကူညီရန်ချဉ်းကပ်ချိန်တွင်လည်း စတင်နိုင်ပါသည်။ (လူနာက မိမိကိုယ်ကို ဆရာဝန်ဆီ မအပ်နှံနိုင်သော အခြေအနေမျိုးကို ဆိုလိုပါသည်)



၂-၅။ ဆရာဝန်စောင့်ရှောက်ရန် တာဝန်ယူမှုသည် အခကြေးငွေ သို.မဟုတ် ဆုလာဘ်ရရှိမှ တည်ရှိလာခြင်းမဟုတ်ပါ။ ဥပမာ ကားအက်ဆီးဒင့်ကြောင့် သတိမေ့လျော့နေသော လူနာတက်ရောက်လာလျှင်လည်း ဆရာဝန်၏ စောင့်ရှောက်မှု စတင်သည်ဟု မှတ်ယူနိုင်ပါသည်။ တခါတရံ ဤသို. အရေးမကြီးထင်သောအရာများသည်လည်း အရေးကြီးလာနိုင်သဖြင့် ကြိုတင်ရှင်းလင်းထားရပါသည်။



(ဆက်ပါမည်)

3 comments:

  1. Myo Nyunt
    ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုကိုပြောလိုပါသည်။ Uncontrolled Diabetes Mellitus လူနာတစ်ယောက် Myocardial Infarct ရသဖြင့် Severe Chest pain ဖြင့် အပြင်ဆေးခန်းမှာလာပြပါသည်။ RBS အတွက် လက်ထိပ်သွေးဖေါက်စဉ်မှာပဲ Cardiac Arrest ရပါသည်။ CPR လုပ်ရင်း၊ ဆေးရုံသို့ ပို့ပါသည်။ ဆေးရုံတွင် မှုခင်းဌာန က ရင်ခွဲစစ်ဆေးပါသည်။ Cause of Death မှာ Myocardial Infarct ဖြစ်ပါသည်။ သို့သော် နောက်နေ့မှ စ၍ အရပ်ထဲတွင် “ဆရာဝန် လက်ထိပ်သွေးဖေါက် သဖြင့် လူနာသေရသည် ”ဟု စကားဖြစ်ပါသည်။ ဤဖြစ်ရပ် တွင် တွေ့ရသော အားနည်းချက်များကို ဆန်းစစ်ကြည့်ရာ ...
    (၁) လူနာသေဆုံးမှုအတွက် ဆရာဝန်မှာ အပြစ်ရှိသည်ဟု ယူဆလျှင် မြန်မာနိုင်ငံဆေးကောင်စီ သို့ တိုင်ကြားရမည်။ သို့ မဟုတ် နီးစပ်ရာတရားရုံးသို့ တိုင်ကြားရမည် ကို မသိခြင်း။
    (၂) မြန်မာနိုင်ငံဆေးကောင်စီကို တိုင်ကြားလျှင် ... သူတို့က ဆရာဝန်ဘက်လိုက် .. လိမ့်မည်ဟု ယုံကြည်ခြင်း
    (၃) မြန်မာနိုင်ငံဆေးကောင်စီ၊ တရားရုံး စသည်ကို တိုင်ကြားလျှင် .. ဆိုင်ရာဆရာဝန် နှင့် တရားရုံးစသည်၌ မျက်နှာခြင်းဆိုင် အမှု ရင်ဆိုင်ရန် မဝံ့ရဲခြင်း။
    မိမိ .. မိသားစု၏ သေဆုံးသောကြောင့် စိတ်ဆင်းရဲမှု ခံစားချက် ဝေဒနာကို ထွက်ပေါက် ရှာသည့် အနေဖြင့် အရပ်ထဲ ကြုံသလို ပြောလိုက်ခြင်း (ဤအကြောင်းပြချက်က ပို၍ Common ဖြစ်မည်ထင်ပါသည်)
    (၄) ဆရာဝန်ကြောင့် လူနာ နစ်နာသွားသော အခါ .. လူနာ၏ ဘက်မှ လိုက်ပါဆောင်ရွက်မည့် အကျိုးဆောင် Ethicist ( ဥပဒေ ကိုလည်း ကျွန်းကျင်သော၊ Medical Ethics ကိုလည်း ကျွမ်းကျင်သော၊ ဆေးပညာဆိုင်ရာ တွင် အသုံးဝင်မည့် Terminology၊ အသုံးဝင်မည့် ပညာရပ်ဆိုင်ရာ အခြေခံ သဘော တို့ကိုလည်း ကျွမ်းကျင်သောသူ) မရှိသေးသောကြောင့်လည်း ဖြစ်နိုင်ပါသည်။

    ReplyDelete
  2. Myo Nyunt လူနာ သေဆုံးမှု အပေါ် ဆရာဝန်၌ တာဝန်၇ှိသယောင် .. ဂျာနယ်တွင် ထည့် ၍ ဖွခြင်း တွင် မူ... အထက်ပါအကြောင်းအရာများထက် ... ဂျာနယ်ရောင်းကောင်းစေလိုသော စေတနာက အဓိက ဖြစ်လောက်ပါသည်။
    (၁) နောက်တစ်ချက်က ဂျာနယ် ဖတ်မိသော အစိုးရ အကြီးအကဲတစ်ယောက်လောက်က ။ အကြောင်းခြင်းရာကို သေသေခြာခြာ မစီစစ်ပဲ ... ဆိုင်ရာဆရာဝန်ကို အရေးယူစေ ဟု .... နစ်နာသူ လူနာအပေါ် ... လူကြီးမှ ဂရုဏာ သက်စေလိုသော စေတနာလည်း ပါသည်ဟု ယူဆပါသည်။

    ReplyDelete
  3. Myo Nyunt
    ဒီလိုဆိုတော့ ဂျာနယ် များဘက်ကရော၊ ကာယကံရှင်လူနာ များဘက်ကရော မရိုးမဖြောင့် ဆောင်ရွက်ရာရောက်ပါတယ်။ ဒီကိစ္စတွေကို ဂျာနယ်လစ်များက မကိုင်တွယ်ပဲ၊ ဥပဒေ ဆိုင်ရာပညာရှင်များက ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ဥပဒေကြောင်းအရ လိုအပ်သလို စစ်ဆေးခြင်းမပြီးဆုံးသေးမီ၊ ဂျာနယ်မှာ မဖေါ်ပြသင့်ဘူးထင်ပါတယ်။ ဒါသည်လည်း confidential report များဖြစ်ပါတယ်။အမှုအခင်း စစ်ဆေးမှုများ၊ ဆုံးဖြတ် ချက် များ ပြီးသွားသောအခါ မှာလဲ ဆိုင်ရာတရားသူကြီး၏ ဥပဒေကြောင်းအရ ခွင့်ပြု ချက် ရှိမှ သာ ဂျာနယ် မှာဖေါ်ပြရမှာ လို့ ယူဆပါတယ်။ ဒီမိုကရေစီ စနစ်ကို ယုံကြည်ပါလျှင် ... တရားဥပဒေ ကို အားလုံက လေးစားလိုက်နာရမှာ လို့ ထင်ပါတယ်။

    ReplyDelete

Note: only a member of this blog may post a comment.