Monday 6 February 2012

ဥပဒေနှင့် ပတ်သက်၍၊ ဂျာနယ်များနှင့် ပတ်သက်၍၊ ဆေးပညာနှင့် ပတ်သက်၍-၂

၅-၁။ ကြားထဲတွင် စာအဆက်ဝေးနေ၍ ပြန်၍ မိတ်ဆက်ရပါမည်။ ဂျာနယ်လစ်များ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ အပြစ်ကင်းသူ (အမှန်တကယ်အပြစ်ကင်းသူ၊ အမှားမလုပ်မိသူ) ဆရာဝန်များ ပြန်လည် တုံ.ပြန်နိုင်စေရန် ရည်ရွယ်၍ ရေးသားမည့် စာစုဖြစ်ပါသည်။ လူနာသေဆုံးတိုင်း ဆရာဝန်အမှားမဟုတ်မှန်း သိကြသူများ ရှိသော်လည်း အချို.ကမူ (ခံစားချက်၏ နောက်ကို လိုက်၍) အဖြစ်မှန်ကို လက်မခံနိုင်သည်တို. ရှိနေနိုင်ပါသည်။ ကြားထဲမှ မိမိဂျာနယ်ရောင်းအားတက်စေရေးအတွက် ပူဆွေးသူမိသားစုကိုရော၊ ကံအကြောင်းမလှသူ ဆရာဝန်ကိုရော အသုံးချလိုက်သည့် ဂျာနယ်လစ်(အချို.) ရှိနေသည့်အခါ ပြည်သူလူထု၏ သနားကြင်နာမှုကို အဆိပ်ခတ်ကြသည်ဟု ပြောရုံမှတပါး အခြားမရှိပါ။ သို.သော်လည်း (အမှန်တကယ်သာ မိမိစောင့်ရှောက်မှု မမှားပဲသာ ရှိနေပါစေ) နည်းလမ်း တစ်ခုခုတော့ ရှိနေကြောင်း သိသာ စေရန် ဤစာစုကို ရေးပါသည်။



၅-၂။ ဆရာဝန်များ ဂရုမစိုက်မှု၊ လူနာအပေါ် လျစ်လျုရှုမှု များကို ထင်ရှားစွာ ဆုံးဖြတ်နိုင်သော စံများကို သီးသန်. အကြောင်းအရာခွဲရေးပါမည်။ ယခုမူ ဂျာနယ်လစ်များ လွန်ကဲစွာ စွပ်စွဲမှုများကို တုံ.ပြန်ရန် အသရေဖျက်မှု အကြောင်း ရေးသားရှင်းလင်းလိုပါသည်။ အသရေဖျက်မှုသည် အတော်ပင် သိမ်မွေ.ပါသည်။ ဥပမာပေးပါမည်။



၅-၃။ မောင်မဲ၏ နာရီကို မောင်နီခိုးယူကြောင်း ယုံကြည်စေရန်အကြံဖြင့် မောင်ဖြူက 'မောင်နီက ရိုးတယ်၊ မောင်မဲနာရီကို သူဘယ်တော့မှ မခိုးပါ' ဟုပြောသည်။ မောင်နီ မခိုးကြောင်း ပြောသော်လည်း မောင်မဲ၏နာရီနှင့် မောင်နီ 'မခိုး' ဟူသော စကားနှင့် (အကြောင်းအရာချင်း) ပူးတွဲ ဆက်စပ်ပြလိုက်ခြင်းဖြင့် မောင်နီခိုးယူသည်ဟု ထင်လာအောင်ပြောခြင်းသာဖြစ်သည်။ နာရီကို မခိုးဟု ပြောသည်မှန်သော်လည်း ရည်ရွယ်ချက်ကမူ ခိုးသည်ဟု ထင်လာစေရန်ပြောခြင်းသာဖြစ်သည်။ ထိုသို.သော ကိစ္စသည် အသရေဖျက်မှု မြောက်ပါသည်။ နောက်ပိုင်းတွင် ရှင်းရမည့် ကိစ္စများ ဖြစ်ပါသည်။ ယခုမူ ဥပဒေသည် ရှုပ်ထွေး သိမ်မွေ.သည်ဟုသာ ယေဘုယျ မှတ်ထားစေချင်ပါသည်။



၆-၁။အသရေဖျက်မှုသည် ပုဒ်မ (၄၉၉) ဖြစ်၍ ပြစ်ဒဏ်သည် ပုဒ်မ (၅၀၀) ဖြစ်သည်။ ပြန်လည်ဖေါ်ပြပါမည်။

မည်သူမဆိုနှုတ်ဖြင့်ဖြစ်စေ၊ ဖတ်ရှုရန် ကြံရွယ်သည့် စကားဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်၏ အသရေကို နစ်နာစေရန်အကြံဖြင့်သော်လည်းကောင်း၊ ထိုသူနှင့်စပ်လျှင်သော စွပ်စွဲခြင်းသည် ထိုသူ၏ အသရေကိုထိခိုက်စေမည်ဟု သိလျှက်နှင့်သော်လည်းကောင်း၊ ထိုသို.ယုံကြည်ရန် အကြောင်းရှိလျက်နှင့် သော်လည်းကောင်း ထိုသူနှင့်စပ်လျှင်းသော စွပ်စွဲချက်ကို ပြုလျှင်၊ သို.တည်းမဟုတ်ကြေငြာလျှင် ထိုသူသည် အောက်ပါကင်းလွတ်ချက်များမှတစ်ပါး အဆိုပါလူ၏ အသရေကို ဖျက်သည်မည်၏။ (၄၉၉)

(ကင်းလွတ်ချက်များကို သီးသန်.ရှင်းမည်ဖြစ်၍ ခေတ္တ ကျော်ခဲ့ပါမည်)



မည်သူမဆို အခြားသူတစ်ဦး၏ အသရေကိုဖျက်လျှင် ထိုသူကို နှစ်နှစ်အထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရန်လုံးဖြစ်စေ ချမှတ်ရမည်။(၅၀၀)



၆-၂။ အသရေ ဖျက်မှုမြောက်ရန် အချက်လေးချက်ပါရပါမည်။ စွပ်စွဲမှု တစ်ခုခုကို ပြုလုပ်ခြင်း ကြေငြာခြင်း ရှိရမည်။ ထိုစွပ်စွဲချက်သည် လူတစ်ယောက်နှင့် စပ်လျင်း (ပတ်သက်)ရမည်။ (လူတစ်ယောက်အကြောင်းဖြစ်ရမည်) ထိုစွပ်စွဲချက်ကို နှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ အမှတ်အသားဖြင့် သော်လည်းကောင်း၊ ထင်ရှားသည့် ပုံသဏ္ဌာန်ဖြင့် သော်လည်းကောင်း ပြုလုပ်ရမည်။ နောက်ဆုံးတစ်ချက်သည် နစ်နာစေရန်အကြံရှိရမည်။ သို.မဟုတ် နစ်နာစေမည်ဟု သိလျက်နှင့် လုပ်ခြင်းဖြစ်ရမည်။ သို.မဟုတ် နစ်နာစေမည်ဟု ယုံကြည်ထိုက်သော အကြောင်းရှိပါလျှက် လုပ်ခြင်းမျိုး ဖြစ်ရမည်။ ထိုအထိ မရှုပ်ထွေးဟု ယူဆရပါသည်။



၆-၃။ ဆရာဝန်များကို ဂျာနယ်များမှ စွပ်စွဲရေးသားခြင်းသည် ပထမသုံးချက် နှင့် ကိုက်ညီပါသည်။ ဂျာနယ်တွင် ဖေါ်ပြသော အကြောင်းအရာသည် (ဆရာဝန်ကြောင့် လူနာသေဆုံးခြင်း ရေးသားခြင်းသည်) မမှန်မကန်ပါက သက်ဆိုင်သူကို အလွန်ထိခိုက်နစ်နာစေကြောင်း တရားသူကြီးများစွာ ဆုံးဖြတ်ခဲ့သော စီရင်ထုံးများစွာရှိပါသည်။ နောက်ဆုံးတစ်ချက်ဖြစ်သော နစ်နာစေမည်ဟု သိသည်၊ ယုံကြည်ထိုက်သော အကြောင်းရှိသည်ကိုလည်း သေချာပေါက် ပြော၍ ရပါသည်။ ပြောစရာလိုသည်မှာ နစ်နာစေရန် အကြံ တမင်ရှိမရှိသာဖြစ်ပါသည်။ သို.သော် ဂျာနယ်လစ်များအတွက် ခုသာခံသာဖြစ်နေသော ကိစ္စသည် ကင်းလွတ်ချက်များဖြစ်ပါသည်။ (အင်မတန် အရေးကြီးသော ကိစ္စများဖြစ်၍ သီးသန်. ရှင်းရမည်ဟု ဆိုခဲ့ပါသည်။)



၇-၁။ ယခုလောလောဆည်တွင်မူ အသရေဖျက်မှု နှင့် ပတ်သက်သော ရှင်းလင်းချက်များကို ဆက်ပါမည်။ စွပ်စွဲမှုများနှင့် ပတ်သက်၍ ပိုမိုနားလည်စေရန်ရှင်းလင်းထားရခြင်းများ ဖြစ်ပါသည်။



၇-၂။ သေသူကိုလည်း အသရေဖျက်မှု မြောက်နိုင်ပါသည်။ သေသူသာ အသက်ရှင်လျှက်ရှိလျှင် ထိုသူ၏ အသရေကို ထိခိုက်စေမည်ဆိုပါက သေသူကို စွပ်စွခြင်းသည်လည်း အသရေဖျက်မှု မြောက်ပါမည်။ ထိုမျှမကပါ။ ကျန်ရစ်သူမိသားစုများ၊ သို.မဟုတ် ဆွေမျိုးရင်းချာများ၏ စိတ်နှလုံးကို ထိခိုက်နစ်နာစေမည်ဆိုလျှင်လည်း သေသူကိုစွပ်စွဲခြင်းသည် အသရေဖျက်မှုပင်ဖြစ်ပါသည်။ အမှန်စင်စစ် မည်သို.မှ တုံ.ပြန်နိုင်စွမ်းမရှိသော သေသူကို စွပ်စွဲခြင်းသည် လူ.လောကတွင် အင်မတန်ဆိုးဝါးယုတ်မာသောကိစ္စပင်ဖြစ်ပါလိမ့်မည်။ (ပထမရှင်းလင်းချက်ဖြစ်ပါသည်)



၇-၃။ ကုမ္ပဏီကို ကုမ္ပဏီအဖြစ်လည်းကောင်း၊ အသင်းကို အသင်းအဖြစ်လည်းကောင်း၊ လူတစ်စုကို လူတစ်စုအဖြစ်လည်းကောင်း စွပ်စွဲခြင်းသည်လည်း အသရေဖျက်မှုမြောက်နိုင်သည်။ (ဒုတိယ ရှင်းလင်းချက်) ဆရာဝန်တွေ မကောင်းဘူး၊ အရည်အသွေးမပြည့်ဘူးပဲ ပြောတာ။ နာမည်တပ်ပြောတာမှ မဟုတ်ပဲဟု ဆင်ဝှေ.ရန်ရှောင်လိုသူများ သတိထားစေချင်ပါသည်။ (ကင်းလွတ်ချက်များနှင့် အကျုံးမ၀င်လျှင် အသရေဖျက်မှုပင် ဖြစ်ပါသည်) ဆရာဝန်တစ်ဦး အမှားလုပ်သည်နှင့် (မြန်မာနိုင်ငံမှ) ဆရာဝန်များကို ၀ါးလုံးရှည်နှင့် သိမ်းကြုံးပုတ်ခတ်လိုသူများ အတော်များနေပါပြီ။ ဆင်ချင်ကြစေချင်ပါသည်။



(ဆက်ပါမည်)

No comments:

Post a Comment

Note: only a member of this blog may post a comment.