Monday 27 February 2012

မလေးရှားမှာ ဆရာဝန်အလုပ်လာလုပ်တော့မယ်ဆိုရင် (၃)

by Myo Nyunt on Sunday, February 12, 2012 at 2:47pm ·
MO အဖြစ် Appointment Letter ပို့လို့ အလုပ်ခန့်လိုက်ပြီဆိုကထဲက မိမိရရှိထားတဲ့ M.B.,B.S. ဘွဲ့ ကို အသိအမှတ်ပြုလို့ အလုပ်ခန့်တာပါပဲ။ ဒါပေမဲ့ Malaysia Medical Council (MMC) Registration (မလေးရှား ဆမ ပဲဆိုကြပါစို့) လျှောက်ထားတဲ့ အခါ လျှောက်ထားသူရရှိထားသော MBBS ကို အသိအမှတ်ပြု တက္ကသိုလ်မှ ရရှိလာခြင်းဟုတ်မဟုတ် ထပ်စစ်ပြန်ပါတယ်။ သေခြာအောင်လုပ်တာနေမှာပါ။
MO အလုပ် ဂျူ တီ Report လုပ်ပြီးတာနဲ့ MMC Registration လျှောက်ရပါတယ်။ မိမိအလုပ်လုပ်တဲ့ ဆေးရုံ အုပ်ရုံးက တဆင့် လျှောက်ရတာပါ။ သတ်မှတ်လျှောက်လွှာ ပုံစံ၊ CV ပုံစံ တွေ ဖြည့်ပြီး၊ certified true copy of ဘာသာပြန်ပြီး ဘွဲ့ လက်မှတ်၊ (သူများနိုင်ငံတွေမှာတော့ ဘွဲ့လက်မှတ်ဆို အင်္ဂလိပ်လိုပဲ ပေးတာပါပဲ။ ဘာသာပြန်စရာမလိုဘူး၊ မြန်မာပြည်က ဒဂုံတက္ကသိုလ် ဘွဲ့ လက်မှတ်ဆိုရင် မြန်မာလိုရော အင်္ဂလိပ်လိုပါ တယ် ။ဒါပေမဲ့ အင်္ဂလိပ်ဘာသာပြန် တခါထဲထည့် မပေးဘူး။ ရက်ချိန်းတွေနဲ့ ပိုက်ဆံပေးပြီးသတ်သတ်လျှောက်ရတယ်။ ထားပါတော့။) ။ လွန်ခဲ့တဲ့ ၃ နှစ်က အလုပ်လုပ်ခဲ့တဲ့ ဆေးရုံ ဆေးခန်းက အကြီးအကဲ၏ အလုပ်လုပ်ခဲ့တာ မှန်ကန်ကြောင်း ထောက်ခံစာ။ Myanmar Medical Council Registration Certificate မိတ္တူ နဲ့ Good Standing certificate အဲဒါတွေနဲ့လျှောက်ရတာပါပဲ။ KL က MMC ရုံးကို ဆေးရုံးက ပို့ပေးပါတယ်။ MMC အဖွဲ့၊ အစည်းအဝေး ထိုင်ပြီး Registration ပေးဖို့ လက်ခံ လိုက်ပြီဆို ၊ စာပို့ပါလိမ့်မယ်။ လူကြီးမင်းကို Limitted Hospitals and Clinics မှာ temporary registration ပေးဖို့ approved လိုက်ပြီဖြစ်ကြောင်းပါ။
MMC အစည်းအဝေး ဆုံးဖြတ်တဲ့နေ့ မှာပဲ အဆိုပါ MO ဟာ MMC ၏ Temporary Registered Doctor ဖြစ်သွားပါပြီ။ Temporary Registration Certificate တစ်စောင်၏ သက်တန်းမှာ ၃ လ ဖြစ်ပါတယ်။ ၃လ စာ certificate တစ်စောင်အတွက် Registration Fee က ရင်းဂစ် ၅၀ ကျပါတယ်။ MMC က Approved လုပ်တဲ့ နေ့ ကနေရေတွက်လို့ ၆ လ ပြည့်တဲ့ နေ့မှာ မိမိ ဌာနမှူး ၏ မိမိအပေါ် Assessment Form ကို ဖြည့်စေပြီး Full Registration ပြန်လျှောက်ရပါတယ်။ Full Registration လျှောက်ထားရာမှာ မိမိ၏ အင်္ဂလိပ်ဘာသာပြန် ဘွဲ့ လက်မှတ်သာမက၊တခါတရံ မြန်မာဘာသာ နဲ့ မူရင်း ဘွဲ့ လက်မှတ် မိတ္တူကိုလည်း တောင်းတတ်ပါတယ်။ မြန်မာပြည်မှာ အသိအမှတ်မပြုတဲ့ ဆေးတက္ကသိုလ် ရှိနေလို့ လို့ ပြောပါတယ်။
အရှေ့ မလေး ရှားကနေ KL က MMC ရုံးကို စာသွားစာပြန် တစ်ကြိမ်ကို အနည်းဆုံး ၂လ ကြာလေ့ရရှိပါတယ်။ ဒီကြားထဲ ကိုယ် ပို့ ထားတဲ့ စာရွက်စာတန်းတွေ ရှာမတွေ့လို့ ထပ်ပို့ ပါဦး ဆိုတာကလည်း ကြုံတတ်ပါသေးတယ်။
ကိုယ့်ရဲ့ Full Registration လျှောက်လွှာ ကို MMC အဖွဲ့ က အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အတည်ပြုပြီးရင် ကျန်းမာရေး ဝန်ကြီး ထပ်ဆင့်လက်မှတ်ထိုးရန် တင်ပါတယ်။ အဲဒီ အချိန်မှာ MMC Full Registration fee တစ်နှစ်စာ ရင်းဂစ် ၁၀၀ တောင်းတဲ့ စာ ပို့ ပါလိမ့်မယ်။
Temporary Registration စတင် အတည်ပြုတဲ့ အချိန်၊များသောအားဖြင့် ကိုယ် အလုပ်စတင် ဝင်ရောက်ပြီး ၂ လ မှ ၃ လ အကြာ ဖြစ်တတ်ပါတယ်။ အဲဒီ အချိန်ကနေ Full Registration ရတဲ့ အချိန်အထိ တစ်နှစ်မျှ ကြာတတ်တဲ့ အတွက် အစပထမ Temporary Registration လုပ်ကထဲက တစ်စောင် ၃လ ရင်းဂစ် ၅၀ နဲ့ တစ်နှစ်စာ ၄ စောင် ရင်းဂစ် ၂၀၀ ဖိုးလောက်တော့ လုပ်ထားသင့်ပါတယ်။ အနီးဆုံးစာတိုက်ကိုသွားပြီး Postal Order ရင်းဂစ် ၂၀၀ ဖိုး ဝယ်လို့လိုက်ရုံပါပဲ။
နောက်ဆုံး ဝန်ကြီး အတည်ပြု လက်မှတ် ထိုးပြီးရင် Full Registration Certificate ပို့လိုက်ပါလိမ်မယ်။ လမ်းမှာတော့ ၂လ ကနေ ၃လ ထပ်ကြာတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မလေးရှားဆမ နံပတ်တစ်ခုတော့ ရပါပြီ။ နံပတ်ကမပြောင်းပေမဲ့ တစ်နှစ်တခါ ရင်းဂစ်၁၀၀ ပို့ ပြီး အသက်သွင်းရပါတယ်။ ကိုယ့် ကိုပိုင် တံဆိပ်တုံးမှာ MMC နံပတ် ထဲ့လို့ရပါပြီ။
MMC Full registration ရရုံနဲ့ မပြီးသေးပါဘူး။ တစ်နှစ်ကို တစ်ခါ ဒီဇင်ဘာလကုန် မတိုင်ခင် Annual Practicing Certificate လျှောက်ရပြန်ပါတယ်။ အဲဒီအတွက် တစ်နှစ်ကို ရင်းဂစ် ၅၀ ထင်ပါတယ် ပေးပို့ရပါတယ်။
နိုင်ငံခြားသားတစ်ယောက်အနေနဲ့ MMC registration ရယ် ။ Annual Practicing Certificate ရယ် ကိုင်ပြီး မိမိတာဝန်ကျရာဆေးရုံ၊ ဆေးခန်းမှာ တရားဝင် ဆေးကုသခွင့် နှင့်အတူ အလုပ်ဆက်လုပ်ရပါပြီ။
ထိုဆေးကုသခွင့် လိုင်စင်တွေမှာ Medical Insurance ဆိုတာပါဝင်ပြီး ဖြစ်ပါတယ်။ မိမိအလုပ်လုပ်တဲ့ဆေးရုံက Insurance Premium ကြေးတွေကို ပေးပါတယ်။ ဒါပေမဲ့နဲတယ်လို့ ဆိုပါတယ်။ ဆရာဝန်တစ်ယောက်ဟာ အပြင်ပုဂ္ဂလိက ဆေးခန်းမှာ လဲ လုပ်ချင်တယ်ဆိုရင်တော့ Medical Insurance ကြေးကို အဆိုပါဆေးခန်းက ပေးချင်ပေး ၊ မပေးရင် ကိုယ့် ဖါသာပေးရပါမယ်။ နိုင်ငံခြားသားဆရာဝန်ကို ပေးထားတဲ့ ဆေးကုသခွင့် လိုစင်များဟာ တာဝန်ကျရာ ဆေးရုံ ဆေးခန်း မှာသာ ကုသရန်ဆိုပြီး Limit လုပ်ထားတာပါ။ အပြင်ဆေးခန်းထိုင်ချင်တယ်ဆိုရင်တော့ ကိုယ့်ဖါသာတာဝန်ယူရတဲ့သဘောပါ။ အစိုးရ ဆေးရုံ ဆေးခန်းမှာ အစစအရာရာ အခမဲ့ ဆိုတော့ တစ်ခုခုဆိုလျှော်ကြေးတောင်းတယ်လို့ မကြားရတတ်ပေမဲ့ ။ ပုဂ္ဂလိက ဆေးခန်းမှာတော့ စမ်းသပ်ခ၊ ဆေးဖိုး အားလုံးပေးရတဲ့ အတွက် တခုခု ဆို လျှော်ကြေးတောင်းမယ် ဆိုတာ ကြားကြားနေရတတ်ပါတယ်။
ပြည်နယ် ဆေးရုံမှာ Training ၆လ ပြည့်သွားလို့ ကိုယ်တာဝန်ကျရာ နယ်ဆေးရုံကို Temporary Regsitration စာရွက် ကိုင်ဆောင်သွားခြင်တယ်ဆိုရင်တော့ KL က MMC ရုံးကို ကိုယ်တိုင်သွားတောင်းရင် မြန်မြန်ရတယ်လို့ ဆိုပါတယ်။
MO တစ်ယောက်အတွက် History ယူတာ Physical Examination လုပ်ရတာတွေ က လွယ်ကူပေမဲ့ .. နေ့တဓူဝ ကြုံတွေ့ရမယ့် Interpretation of Blood Gas analysis နဲ့ Serum Electrolyte ကိုတော့ လေ့ကျင့်လာဖို့ လိုပါလိမ့်မယ်။ ဒါမှလဲရောက်ရောက်ချင်း စမတ်ကျနေမှာပါ။ Interpretation of X-rays and CT Scan လည်း လေ့ကျင်လာသင့်ပါတယ်။
အဆင်ပြေရင်တော့ central line ထည့်တတ်အောင် လေ့ကျင့်လာသင့်ပါတယ်။ Central line ထည့်တာ Chest tube ထည့်တာ တွေကို MO ပဲ လုပ်ရပါတယ်။ Surgery မှာဆို Hernia, Appendix နဲ့ Swelling Excision တွေကို MO ကပဲ လုပ်ရပါတယ်။
ဂျူတီကျတဲ့ နေ့တွေဆို A&E ကို သွားသွှားကြည့်ရပါတယ်။ များသောအားဖြင့် လူနာအခြေအနေကို Specilist on-call ထံ Phone နဲ့ inform လုပ်ရပါတယ်။ Case summary presentation လုပ်ရတာပါ။
နယ်ဆေးရုံရောက်သွားရင်လဲ ကိုယ်ဆေးရုံ လာတဲ့လူနာနဲ့ ပတ်သက်လို့ လိုအပ်ရင် လိုအပ်သလို အနီးဆုံးဆေးရုံက Specialist on-call ကို Phone နဲ့ consultation လုပ်ရပါတယ်။ OPD ကို လွှဲ လိုက်ပါ သို့ မဟုတ် A&E ကိုပို့ လိုက်ပါ ဆိုရင် Patient condition stable ဖြစ်တာနဲ့ ပို့ပေးရပါတယ်။ Specialist ရှိတဲ့ဆေးရုံ က specialist on-call စာရင်းကို နီးစပ်ရာ မြို့နယ်၊ တိုက်နယ်ဆေးရုံတွေက သိထားကြပါတယ်။ Telephone operator ကို ပြောလိုက်ရုံပါပဲ။
ဆေးရုံတွေမှာအပတ်စဉ်လုပ်တဲ့ CME Program တွေကိုလဲ မပျက်မကွက်တက်ကြရပါတယ်။
ဆက်ပါဦးမယ်။

No comments:

Post a Comment

Note: only a member of this blog may post a comment.