Monday 6 February 2012

ဥပဒေနှင့် ပတ်သက်၍၊ ဂျာနယ်များနှင့် ပတ်သက်၍၊ ဆေးပညာနှင့် ပတ်သက်၍-၁

၁။ သတင်းစာပါဝေဖန်ချက်သည် လူတစ်ဦး ဂုဏ်သရေကို အလွန်တရာထိခိုက်သဖြင့် ထိုဝေဖန်ချက်သည် မှန်ကန်သော အချက်အလက်ပေါ်တွင် အခြေတည်ပြီး သဘောရိုးနှင့် ပြုလုပ်ရန်လည်း လိုအပ်လှပေသည်။ (ဦးလောရုံနှင့် ဦးလှမောင်၊ ၁၉၅၄၊ မြန်မာပြည်စီရင်ထုံး၊၇၆(လွှတ်တော်ချုပ်))

၂။ မည်သူမဆိုနှုတ်ဖြင့်ဖြစ်စေ၊ ဖတ်ရှုရန် ကြံရွယ်သည့် စကားဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်၏ အသရေကို နစ်နာစေရန်အကြံဖြင့်သော်လည်းကောင်း၊ ထိုသူနှင့်စပ်လျှင်သော စွပ်စွဲခြင်းသည် ထိုသူ၏ အသရေကိုထိခိုက်စေမည်ဟု သိလျှက်နှင့်သော်လည်းကောင်း၊ ထိုသို.ယုံကြည်ရန် အကြောင်းရှိလျက်နှင့် သော်လည်းကောင်း ထိုသူနှင့်စပ်လျှင်းသော စွပ်စွဲချက်ကို ပြုလျှင်၊ သို.တည်းမဟုတ်ကြေငြာလျှင် ထိုသူသည် အောက်ပါကင်းလွတ်ချက်များမှတစ်ပါး အဆိုပါလူ၏ အသရေကို ဖျက်သည်မည်၏။ (အသရေဖျက်မှု ။ ပုဒ်မ၄၉၉)



၃-၁။ ဥပဒေကို မသိသူများကမူ ခံစားကြရပါသည်။ ကိုယ့်ကိုစော်ကားသူများကိုပင် ကိုယ်က ပြန်၍ အောက်ကျို.တောင်းပန်နေရသည်ကို ကြားရမြင်ရ နားဝမှာသာမက နှလုံးသားကပါ မသက်သာပါ။ ပြည်သူအကျိုးအတွက်ကို 'အရေခြုံ၍' လူတစ်ယောက်၊ လူစုတစ်စု၊ အသင်းအဖွဲ.တစ်ခုကို မတရားစွပ်စွဲပြောဆိုခြင်းကို အရသာတွေ.နေသူများအတွက် ဤစာစုကိုရေးပါသည်။ အထူးသဖြင့် မဟုတ်မမှန်စွပ်စွဲချက်များကြောင့် နစ်နာခဲ့ရသူများအတွက်ရည်ရွယ်သော်လည်း အက်သစ်ပိုင်းဆိုင်ရာကို အခြေခံထားသော (အ၀ါရောင် စာမျက်နှာများ နှင့် အနီရောင်လူနာများ၊ အနက်ရောင် ကင်မရာများနှင့် အဖြူရောင် ဂျူတီကုတ်များ) စာစုနှင့် နောက်ခံဂရောင်းချင်း မတူသဖြင့် သီးသန်.ခေါင်းစဉ်တစ်ခု ဖွင့်ပါသည်။



၃-၂။ အသရေဖျက်မှုမြောက်သော စွပ်စွဲချက်ဖြစ်စေရန် တစ်စုံတစ်ယောက်၏ အကျင့်စာရိတ္တ၊ ဥာဏ်ပညာအရည်အချင်း၊ မျိုးရိုးဇာတ်၊အလုပ်အကိုင်၊ စသည်တို.နှင့် ဆက်စပ်သော ကျင့်ဝတ်ကိုဖြစ်စေ၊ စီးပွားရေးဂုဏ်ကိုဖြစ်စေ တိုက်ရိုက်လည်းကောင်း၊ သွယ်ဝိုက်၍ လည်းကောင်း အထင်အမြင်သေးခြင်းဖြစ်စေရန်လိုပါသည်။



၃-၃။ ဥပဒေသည်ရှုပ်သည်ထင်ရတတ်ပါသည်။ စကားလုံးကို မလှိမ့်တပတ်လုပ်လိုသူများ လွတ်ထွက်သွားခြင်း မရှိစေရန် ကွန်စိတ်ရပါသည်။ တတ်နိုင်သမျှ ပျင်းဖွယ်မကောင်းအောင် ကြိုးစားပါမည်။ ကိုယ့်ကို စော်ကားလာမှုသည် နေရာဒေသ၊ ထောင့်မရွေးရှိနေနိုင်ပါသည်။ ကိုယ်ကသိထားရပါမည်။ မသိထားလျှင် 'နှမလည်း ပေးရသေး၊ ၀က်လည်းထမ်းရသေး' ဆိုသကဲ့သို. ကိုယ်ကပြန်တောင်းပန်နေရတတ်ပါသည်။ တစ်ခုတော့ရှိပါသည်။ ကိုယ်က မှန်ရပါမည်။ မှန်နေရုံနှင်မရပါ။ မှန်နေကြောင်း အထောက်အထားရှိရပါမည်။ ဆေးပညာရှင်များအတွက် နောက်ပေါ်ပေါက်လာနိုင်စရာ စွပ်စွဲချက်များကို မဖြစ်လာစေရန် ဂိုက်လိုင်းများ 'အသေအချာ' ရှိပါသည်။ လိုက်နာလျှင် ဘာမှကြောက်စရာမလိုပါဟု ဆိုပါသည်။



၎-၁။ ယနေ. နိဒါန်းမျှ တင်ပေးပါသည်။ ရသလောက်အချိန်လေးကို ကိုယ်နဲ. ဘယ်လိုမှမပတ်သက်သော ဘာသာရပ်များကို သွေးတိုးခံဖတ်ပြီး ခေါင်းမူးခံစဉ်းစားနေရပါသည်။ တတ်သူသိသူမဟုတ်ပါ။ စေတနာဇောနှင့် မောင်းနှင်နေသော လူတစ်ယောက် သာဖြစ်၍ အမှားအယွင်းပါလျှင် သည်းခံစေချင်ပါသည်။



(ဆက်ပါမည်)

No comments:

Post a Comment

Note: only a member of this blog may post a comment.