Monday 6 February 2012

ဥပဒေနှင့် ပတ်သက်၍၊ ဂျာနယ်များနှင့် ပတ်သက်၍၊ ဆေးပညာနှင့် ပတ်သက်၍-၃

၇-၄။ ဆရာဝန်များကို ဂျာနယ်လစ်များမှ စွပ်စွဲပြောဆိုလာခြင်းများနှင့် ပတ်သက်၍ ဆရာဝန်များ သိထားသင့်သော အသရေဖျက်မှု အကြောင်းကို ရေးသားနေပါသည်။ ယခု အသရေဖျက်မှု နှင့် ပတ်သက်သော ရှင်းလင်းချက်များကို ဖေါ်ပြနေပါသည်။ ရှင်းလင်းချက်တစ်သည် သေသူကိုလည်း အသရေဖျက်မှု မြောက်နိုင်ကြောင်းဖြစ်ပါသည်။ နှစ်သည် ကုမ္ပဏီ၊ အသင်း၊ လူတစ်စုကိုလည်း အသရေဖျက်မှု မြောက်နိုင်ကြောင်း ဖြစ်ပါသည်။



၇-၅။ ရှင်းလင်းချက်သုံးအရ တစ်ခုမဟုတ်လျှင် တစ်ခုဟုတ်ကြောင်း စွပ်စွဲခြင်းသည်လည်း အသရေဖျက်မှု မြောက်နိုင်ပါသည်။ လူနာကိုဂရုစိုက်စောင့်ရှောက်ခဲ့တာတော့မှန်ပါရဲ.၊ အရည်အသွေးမမှီတဲ့ဆေးတွေသုံးတာတော့ သေချာတယ် စသဖြင့် ပြောခြင်းမျိုးဖြစ်ပါသည်။ နောက်တစ်ချက်အနေဖြင့် သရော်၍ စွပ်စွဲခြင်းသည်လည်း အသရေဖျက်မှု မြောက်နိုင်ပါသည်။



၇-၆။ စတုတ္တရှင်းလင်းချက်သည် ပိုဒ်ရေ (၃-၂) တွင် ဖေါ်ပြခဲ့ပါပြီ။ အသရေဖျက်မှုမြောက်သော စွပ်စွဲချက်ဖြစ်စေရန် တစ်စုံတစ်ယောက်၏ အကျင့်စာရိတ္တ၊ ဥာဏ်ပညာအရည်အချင်း၊ မျိုးရိုးဇာတ်၊အလုပ်အကိုင်၊ စသည်တို.နှင့် ဆက်စပ်သော ကျင့်ဝတ်ကိုဖြစ်စေ၊ စီးပွားရေးဂုဏ်ကိုဖြစ်စေ တိုက်ရိုက်လည်းကောင်း၊ သွယ်ဝိုက်၍ လည်းကောင်း အထင်အမြင်သေးခြင်းဖြစ်စေရန်လိုပါသည်။



၈-၁။ သတင်းစာဆရာတို.၏ အခွင့်အရေးမှာလည်း အခြားပုဂ္ဂိုလ်တို.၏ အခွင့်အရေးအတိုင်းပင်ဖြစ်၏။ အမှန်ဆိုလျှင် သတင်းစာဆရာတစ်ဦး၏ ရေးသားပြောဆိုချက်သည် သာမန်ပုဂ္ဂိုလ်တို.၏ အခွင့်အရေးအတိုင်းပင်ဖြစ်သည်။ အမှန်ဆိုလျှင် သတင်းစာဆရာတစ်ဦး၏ ရေးသားပြောဆိုချက်သည် သာမန်ပုဂ္ဂိုလ်တစ်ဦး၏ ရေးသားပြောဆိုချက်ထက် ခရီးရောက်နိုင်သဖြင့် ချင့်ချင့်ချိန်ချိန်ဝေဖန်ရေးသားရန် လိုအပ်ပေသည်။ (စီ၊ အာနိုလ်နှင့် အစိုးရ၊ အတွဲ၈၊ အောက်မြန်မာပြည်စီရင်ထုံး၊ ၁၆)



၈-၂။ ဖေါ်ပြပါစီရင်ထုံးသုံးသပ်ချက်ကို ယနေ. ဂျာနယ်လစ်အချို.၏ လုပ်ရပ်ကို ဆင်ချင်တွေးဆနိုင်ရန် ဖေါ်ပြရပါသည်။ သတင်းစာဆရာ(ဂျာနယ်လစ်) သည် အခွင့်ထူးခံလူတိုင်းစားမဟုတ်ပဲ ပြည်သူ.အကျိုးကို ဆောင်ရွက်ရန် ပို၍ တာဝန်ယူထားရသူသာဖြစ်ပါသည်။ သာမန်လူပုဂ္ဂိုလ်တစ်ဦးထက်ပို၍ ဆင်ချင်သုံးသပ်ရန် တာဝန်ရှိသူက ရည်ရွယ်ချက်ရှိရှိ 'တိုက်ခိုက်' နေခြင်းသည် အင်မတန်အန္တရာယ်ကြီးပါသည်။ တိုက်ခိုက်သည်ဆိုသော စကားကို အသေအချာပြောပါသည်။ ဖွံ.ဖြိုးဆဲနိုင်ငံတစ်ခု အနေနှင့် ထောက်ပြစရာ၊ ဝေဖန်စရာ နယ်ပယ်များစွာရှိနေပါလျက် (ကျန်းမာရေးနယ်ပယ်ဟူသော ကျယ်ပြန်.သည့် နယ်ပယ်ကိုပင် ပြောခြင်းမဟုတ်ပဲ) ဆရာဝန်လူတန်းစားတစ်ရပ်ထဲအပေါ်တွင် ကွက်ကျားမိုး ဝေဖန်နေကြခြင်းကို မည်သည့်နည်းနှင့်မျှ သဘောရိုး၊ စေတနာရိုးဟု ယုံကြည်ဖွယ်အချက် မမြင်ပါ။



၈-၃။ သတင်းစာများတွင်ဖြစ်စေ၊ အခြားထုတ်ဝေသော စာစောင်အသီးသီးတို.တွင်ဖြစ်စေ အသရေဖျက်မှုဖြင့် ပတ်သက်လာသောအခါ သာမန်အားဖြင့် တာဝန်ခံအယ်ဒီတာတွင် တာဝန်ရှိသည်။ (မောင်မြင့်၊ မောင်စိုးနှင့် ပြည်ထောင်စု၊ ၁၉၇၄၊ မြန်မာပြည်စီရင်ထုံး ၆၀)



၈-၄။ အထက်ပါစီရင်ထုံးရှိသော်လည်း ဆက်လက်ဖေါ်ပြချက်အရ သတင်းပါ၊စာစောင်ပါ အချက်အလက်သည် သတင်းအနေနှင့် ဖေါ်ပြခြင်းလား၊ ကာယကံရှင်က ကြေငြာခြင်းလားကိုမူ စိစစ် ဝေဖန် ဆင်ချင်ရန်လိုကြောင်း သိထားသင့်ပေသည်။ သတင်းအနေနှင့် ဖေါ်ပြလျှင် တာဝန်ခံအယ်ဒီတာသည် အပြည့်အ၀ တာဝန်ယူရမည်ဖြစ်သည်။ ပြည်သူလူထု အသိပညာ ရင့်သန်လာချိန်တွင် အတိတ်တချိန်က 'ရောကြိတ်' ခဲ့ကြခြင်းမျိုး ရတော့မည်မဟုတ်ဟု သတိပေးပါသည်။



၉-၁။ တစ်လက်စတည်း သတင်းစာ စာစောင်တို.နှင့်လည်း ပတ်သက်၊ အသရေဖျက်မှုနှင့်လည်း ပတ်သက်သော နောက်ထပ် ပုဒ်မ နှစ်ခုအား ဆက်လက် ဖေါ်ပြချင်ပါသည်။



၉-၂။ ပုဒ်မ (၅၀၁) သည် အသရေ ပျက်စေမည်ဟု သိသော အကြောင်းအရာကို ပုံနှိပ်ခြင်း၊ သို.မဟုတ် ထွင်းထုခြင်းဖြစ်သည်။ နှစ်နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါသည်။



၉-၂။ ပုဒ်မ (၅၀၂) သည် အသရေ ပျက်စေသော အကြောင်းအရာပါရှိသည့် ပုံနှိပ်ထားသောအရာကိုဖြစ်စေ၊ ထွင်းထုထားသော အရာကိုဖြစ်စေ ရောင်းချခြင်းဖြစ်သည်။ နှစ်နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါသည်။



(ဆက်ပါမည်)

1 comment:

  1. Thet Ka Moenyo
    ဖေါ်ပြပါစီရင်ထုံးသုံးသပ်ချက်ကို ယနေ. ဂျာနယ်လစ်အချို.၏ လုပ်ရပ်ကို ဆင်ချင်တွေးဆနိုင်ရန် ဖေါ်ပြရပါသည်။ သတင်းစာဆရာ(ဂျာနယ်လစ်) သည် အခွင့်ထူးခံလူတိုင်းစားမဟုတ်ပဲ ပြည်သူ.အကျိုးကို ဆောင်ရွက်ရန် ပို၍ တာဝန်ယူထားရသူသာဖြစ်ပါသည်။ သာမန်လူပုဂ္ဂိုလ်တစ်ဦးထက်ပို၍ ဆင်ချင်သုံးသပ်ရန် တာဝန်ရှိသူက ရည်ရွယ်ချက်ရှိရှိ 'တိုက်ခိုက်' နေခြင်းသည် အင်မတန်အန္တရာယ်ကြီးပါသည်။ တိုက်ခိုက်သည်ဆိုသော စကားကို အသေအချာပြောပါသည်။ ဖွံ.ဖြိုးဆဲနိုင်ငံတစ်ခု အနေနှင့် ထောက်ပြစရာ၊ ဝေဖန်စရာ နယ်ပယ်များစွာရှိနေပါလျက် (ကျန်းမာရေးနယ်ပယ်ဟူသော ကျယ်ပြန်.သည့် နယ်ပယ်ကိုပင် ပြောခြင်းမဟုတ်ပဲ) ဆရာဝန်လူတန်းစားတစ်ရပ်ထဲအပေါ်တွင် ကွက်ကျားမိုး ဝေဖန်နေကြခြင်းကို မည်သည့်နည်းနှင့်မျှ သဘောရိုး၊ စေတနာရိုးဟု ယုံကြည်ဖွယ်အချက် မမြင်ပါ။

    ReplyDelete

Note: only a member of this blog may post a comment.