by Maung Maung Myint on Sunday, 29 January 2012 at 21:22
"ကြင်နာစွာ မြွေဆေးကလေးများပေးပါ.♫♪..့
"ဒီလူတော့ မြွေကိုက်နေပြီ" ဆိုရင် အတော်လေး ဒုက္ခရောက်နေပြီလို့ဆိုလိုချင်တာ လူတိုင်းနားလည်ကြမှာပါ။ ဒါပေမယ့် ဒီဒုက္ခက သေလောက်အောင် မကြီးသေးပါဘူး။
"ဒီမှာ ပိုးထိလာလို့ဗျို့" ဆိုရင်တော့ လူတစ်ယောက် အထူးသဖြင့် လယ်သမားတစ်ယောက် မြွေကိုက်လာပြီ.. နာရီပိုင်းအတွင်း သေခြင်းတရားက ရောက်လာ တော့မယ်လို့လူနာရော မိသားစုပါ ခြိမ်းခြောက်ခံရတဲ့ ကိစ္စပါပဲ။
ကျွန်တော်တို့နိုင်ငံမှာ လူဦးရေကလည်းတိုး တစ်သီးစားကနေ နှစ်သီး သုံးသီးစားအထိ စိုက်လာကြတော့ တောင်သူလယ်သမားတွေ မြွေကိုက်ခံရတဲ့ အဖြစ်အပျက်ဟာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလို့ နေပါတယ်။
ကျန်းမာရေးဦးစီးဌာနနဲ့ ဆေးသုသေသန ဦးစီးဌာနတို့မှာ snake bite project လို့ခေါ်တဲ့ မြွေကိုက်ကာကွယ် ကုသရေး စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ တတ်နိုင်သမျှ မြွေကိုက်မခံရအောင်၊ အကိုက်ခံရသည့်တိုင် အသက်ဘေးက မဆုံးရှုံးအောင် ကြိုတင်ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ၊ မြွေဆိပ် ဖြေဆေး စမ်းသပ်ထုတ်လုပ်မှုတွေ၊ ထိရောက်တဲ့ ကုထုံးနည်းသစ်တွေ မြွေဆိပ်ဖြေဆေး လုံလုံလောက်လောက် ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတာတွေ စသည်စသည်ဖြင့် လုပ်ဆောင်နေပါတယ်။
မြွေကိုက်မခံရအောင် လမ်းသွားတဲ့ အခါ လည်ရှည်ဘိနပ်စီးဖို့.. လက်နှိပ်ဓါတ်မီး တုတ် အသံနဲ့ ခြောက်လှန့်ဖို့ စတဲ့ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေကို ပညာပေးနေပေမယ့် "အရှင်ရုက္ခစိုးနတ်မင်းကြီးရယ် ကျွန်တော် မသိလို့ သူပါးစပ်ဟပြီး သန်းနေချိန်မှာ ပေါက်မိတာပါ" ဆိုတဲ့ ကျန်းမာရေးပညာပေး ဗီဒီယို အပိုင်းတို လေးများလာရင် ကျော်ခွပစ်လိုက်တော့လည်း ထိရောက်မှု နည်းပေမှာပေါ့လေ။
ဘယ်လိုပဲ ပြောပြော မြွေကိုက်ပြီဆိုရင်ဖြင့် ဖြေရှင်းနည်းကတော့ မြွေဆိပ်ဖြေဆေးရှိရာ ဆေးရုံကို အရောက် ပြေးရမှာပါ။ ဒီမှာ တကယ့် ပြဿနာက စတော့တာပါပဲ။ အားကိုးတကြီး ပြေးလာပေမယ့် ဆေးရုံမှာ မြွေဆိပ် ဖြေဆေးက အသင့်မရှိတဲ့ အချိန်အခါမျိုးမှာ လူနာကို ဆေးရှိရာ တဆင့်မြင့်ဆေးရုံကို အမြန် လွှဲပေးရပြန်ရော။
ပြေးပြေး လွားလွှားနဲ့ အချိန်တွေလင့်တဲ့အခါ ကံဆိုးသူမောင်ရှင်ခမျာ အသက်ဆုံးရပါတော့တယ်။ ဒီလိုပုံစံနဲ့ ကျွန်တော်တို့စားမယ့် ထမင်းတွေဖန်တီးတဲ့ လယ်သမား ယာသမားတွေ အသက်ဆုံးရှုံးနေရတာ တစ်နှစ်တစ်နှစ် မနည်းလှပါဘူး။ ရွာတစ်ရွာသွားလို့ "ပိုးထိတဲ့သူ တစ်ယောက်မှ မရှိတဲ့ရွာ"ဆိုတာ မရှိသလောက် နည်းပါးလှပါတယ်။ ကြေကွဲဝမ်းနည်းစရာကောင်းတဲ့ ဒီဖြစ်ရပ်တွေဟာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းခွင် ကျန်းမာရေး ပြဿနာတစ်ရပ် (public & occupational health problem) အနေနဲ့ အခုတိုင် ခက်ခက်ခဲခဲ ဖြေရှင်းနေရတုန်းပါပဲ။
ကျွန်တော်တို့နိုင်ငံမှာ အဆိပ်ရှိမြွေက နှစ်မျိုးပဲ ရှိပါတယ်။ မြွေပွေး (Viper) နဲ့ မြွေဟောက် (Cobra)ပါ။ ဆေးတက္ကသိုလ် သင်ရိုးမှာ မြွေတွေရဲ့ ဦးခေါင်းအကြေးခွံပုံသဏ္ဍန်တွေအရ အဆိပ်ရှိမြွေ၊ မြွေပွေး၊ မြွေဟောက် ဘယ်လိုခွဲခြားရသလဲ သင်ရပါတယ်။ မြွေပွေးအဆိပ်က လူခန္ဓာကိုယ်သွေးခဲတဲ့စံနစ်ကို ထိခိုက်ပျက်စီးစေပါ တယ်။ မြွေပွေးကိုက်ပြီဆိုရင် သွေးမတိတ်ဘဲ ခန္ဓာကိုယ်တွင်းမှာ သွေးယိုစီး သွေးထွက်တာ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်း အထူးသဖြင့် ကျောက်ကပ်ပျက်စီးတာတွေကြောင့် အသက်ဆုံးရှုံးရပါတယ်။. မြွေဟောက်က တော့ အာရုံကြောစံနစ်ကို ထိခိုက်တာကြောင့် လူနာက မှိန်းလာမယ် အသက်ရှုခက်လာမယ်. နောက် အသက်ရှုရပ်ပြီး သေဆုံးရပါတယ်။ ဒါကတော့ မြွေကိုက်ခံရတဲ့ ရောဂါလက္ခဏာနဲ့ ဝေဒနာကို အကြမ်းဖျင်း ပြောပြတာပါ။
မြွေကိုက်လို့ အသက်ဆုံးရတဲ့ ပြဿနာရဲ့ အဓိက အဖြေက(Solution)တော့ မြွေဆိပ်ဖြေဆေးပါပဲ။ ကျန်တဲ့ အထောက်အကူပြုကုထုံးတွေ (supportive measure) က အရေးပါတာ မှန်ပေမယ့် ဒါတွေကို ဆေးရုံတွေမှာ တတ်နိုင်သလောက် လုပ်ပေးနိုင်ပါတယ်။ ဆေးရုံ ဆရာဝန်တွေ မတတ်နိုင်တာကတော့ မြွေဆိပ်ဖြေဆေး (Anti-Snake Venom ASV) ပါပဲ။မြွေနှစ်မျိုးရှိလို့ မြွေဆိပ်ဖြေဆေးလည်း နှစ်မျိုးရှိပါတယ်။ Anti-Viper နဲ့ Anti-Cobra ပါ။ (ဘာမြွေမှန်း မကွဲပြားတဲ့အခါ သုံးရတဲ့ Poly-valent venom ဆိုတာမျိုးတော့ ရှိပါသေးတယ်)။
ဒီမြွေဆိပ်ဖြေဆေး (ASV) တွေကို မြန့်မာ့ဆေးဝါးလုပ်ငန်းစက်ရုံ (Myanmar Pharmaceutical Factory MPF) က ထုတ်လုပ်ပေးပါတယ်။ အရည်အသွေးမပြည့်မှီရင် ချက်ခြင်းလူနာအသက်ဆုံးရှုံးနိုင်တာမို့ ဒီလိုဆေးမျိုးကို ဘယ်ပုဂ္ဂလိက ဆေးဝါးစက်ရုံမှ ထုတ်လုပ်ခွင့်မပြုထားပါဘူး။ MPF က ထုတ်လုပ်ပေးပြီး ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာနကိုရောင်း၊ ဗဟိုဆေးသိုလှောင်ရေး (Central Medical Store Depot) မှာ အအေးခန်းနဲ့ သိမ်းထား။ပြီးမှ မြို့နယ်ဆေးရုံတွေက ခွဲတမ်းနဲ့ လာထုတ်ယူစေပါတယ်။
MPF က တစ်နှစ်တစ်နှစ်အတွက် အကောင်းဆုံး ကြိုးစားထုတ်လုပ်ပေမယ့် လိုအပ်ချက်ကိုမှီအောင် မထုတ်လုပ်ပေးနိုင်ဘူး။ သူ့မှာလည်း သူ့အခက်အခဲနဲ့ သူပါ။
မြွေဆိပ်ဖြေဆေးထုတ်လုပ်ဖို့အဓိက လိုအပ်တဲ့ကုန်ကြမ်းကတော့ မြွေနဲ့ မြင်းပါပဲ။
၁။ မြွေ
မြွေတွေမှာ species အမျိုးမျိုးရှိတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းကမြွေကိုအသုံးပြုပြီး ထုတ်လုပ်ထားတဲ့ မြွေဆေးဟာ ဧရာဝတီတိုင်းက မြွေကိုက်လူနာအတွက် ထိရောက်မှုနည်းတတ်ပါတယ်။ (ဒီလို မြွေအမျိုးအစား Species မတူတာကြောင့်ဘဲ မြွေဆိပ်ဖြေဆေး ASV ကို နိုင်ငံခြားက မှာယူတင်သွင်းပြီး အသုံးပြုလို့ မရပါဘူး။ ဒါကြောင့် ASV ဟာ ဒီနိုင်ငံမှာပဲ ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။) ဒီအချက်ကို ကျော်လွှားနိုင်ဖို့ သတင်းစာမှာ ကြေညာပြီး အနယ်နယ် အရပ်ရပ်က မြွေတွေကို ဝယ်ယူရပါတယ်။ တစ်ခါတလေ မြွေဆရာက မြွေတွေကို ကားတစ်စီးတိုက် ဖမ်းလာပြီး လာရောင်းတဲ့အခါ ဝယ်ယူဖို့ သတ်မှတ်ထားတဲ့ အကောင်အရေအတွက်ထက် ပိုနေတဲ့အတွက် ဝယ်ဖို့ရာ အခက်တွေ့တတ်ပါတယ်။ မဝယ်ပြန်ရင် သူ့မြွေတွေ ဒီနားလွှတ်ခဲ့ရင် ဒုက္ခဆိုပြီး ကြုံခဲ့တာတွေ လည်းရှိသလို အခု Restaurant တွေက မြွေသားအတွက် ဈေးကောင်းပေးဝယ်လို့ မြွေဝယ်ရတာ ခက်ခဲလာတာ မျိုးလည်း ရှိပါတယ်။ နောက်တစ်ခါ နယ်စပ်ကနေတဆင့် တရုပ်ပြည်ဈေးကွက်ကို မှောင်ခို ရောင်းချ နေတာတွေလည်း ရှိပါသေးတယ်။ ခုထိတော့ မြွေကို လုံလောက်အောင် ဝယ်ယူနိုင်ပါတယ်။
မြွေတွေရလာပြီဆိုတော့ သူတို့ဆီက မြွေဆိပ်ကို ထုတ်ယူရပါတယ်။ တစ်ချို့မြွေတွေရဲ့ အဆိပ်ပမာဏဟာ လူလေးယောက်က ခြောက်ယောက်လောက်အထိ သေနိုင်လောက်အောင်ပြင်းထန်တာမို့ သတိထား ကိုင်တွယ်ရပါတယ်။ ဒေသ အမျိုးမျိုးက မြွေဆိပ်တွေကိုပေါင်းစပ်ပြီး မြွေဆိပ်တွေထဲက (common antigen) ကို ထုတ်ရပါတယ်။ ဒါမှလည်း ထုတ်လုပ်တဲ့ မြွေဆိပ်ဖြေဆေးက ဘယ်ဒေသက snake bite ကိုမဆို သုံးလို့ ရမှာဖြစ်ပါတယ်။ ဒါကတော့ ပထမ ကုန်ကြမ်း ပါပဲ။
၂။ မြင်း
တစ်နှစ်တာအတွက် လုံလောက်တဲ့ ASV ထုတ်လုပ်နိုင်ဖို့ မြင်းကောင်ရေ ၃၀၀ လောက်လိုအပ်ပါတယ်။ တကယ်လိုချင်တာ ကျန်းမာတဲ့ ပေါင် ၁၀၀၀ အလေးချိန်ရှိတဲ့မြင်းဖြစ်ပေမယ့် မြင်းကို စီးပွားဖြစ် မွေးရောင်းစားသူမရှိလို့ မြင်းပိန်ကလေးများ (ပေါင် ၇၀၀လောက် အကောင်)သာရပါတယ်။ မြင်းအိုနဲ့ သိပ်အသုံးမချနိုင်တဲ့ မြင်းများသာ ရပါတယ်။ မြင်းအစား ဒေါ်လှကြည်တွေ သုံးလာတော့မြင်းရှားတယ် ဆိုပါစို့။ မြင်းတစ်ကောင် ၇သိန်းကျော် လောက် ပေးရပါတယ်။ မြင်းသစ်တစ်ကောင်ရောက်လာရင် သူ့ဆီက ရောဂါများပါလာခဲ့ရင် အခြားမြင်းတွေကို မကူးစက်နိုင်အောင် သီးသန့်၂လ (quarantine) ခွဲထားရပါတယ်။ မြင်းတစ်ကောင်ရဲ့ တစ်နေ့ စားစရိတ်က ၃၀၀၀ကျပ်လောက် ရှိတာမို့ တစ်လ မြင်းစားရိတ်တင် မနည်းလှပါဘူး။
၃။ Immunization
ဒီနောက်တော့ မြင်းကို တစ်နေ့ မြွေဆိပ်အနည်းငယ်(LD 50 dose) တွက်ချက်ပြီး ထိုးပေးရပါတယ်။ မြွေဆိပ် (antigen) က မြင်းခန္ဓာ ကိုယ်ထဲရောက်သွားတဲ့အခါ မြင်းက မြွေဆိပ်ဖြေပစ္စည်း (Antibody) ကို ထုတ်ပေး ပါတယ်။ တစ်ခါတလေများ မြေဆိပ်ထိုးပေးရင်းနဲ့ အဆင်မသင့်ရင် မြင်းသေသွားတတ်ပါတယ်။ ဒါကြောင့်မို့ နေ့စဉ် မြင်းရဲ့ ကျန်းမာရေးကို ကြည့်နေရပါတယ်။ ဒီလို မြွေဆိပ်နေ့စဉ် ထိုးပေးနေရင်း မြင်းရဲ့ သွေးထဲမှာ မြေဆိပ်ဖြေပစ္စည်း (Anti-Snake Venom Level) ဘယ်လောက်အထိ တိုးတက် ရှိနေပြီလဲဆိုတာ တိုင်းတာ နေရပါတယ်။ အနည်းဆုံး နှစ်လခွဲ သုံးလလောက်ကြာတဲ့အခါ မြင်းရဲ့ သွေးရည်ကြည်ထဲမှာ လုံလောက်တဲ့ (ASV Level) ကို ရတတ်ပါတယ်။ MPF ရဲ့  စက်ရုံမှူးခမျာ နေ့စဉ် မြင်း(နံပါတ်တွေပေးထားပါတယ်)ရဲ့ ကျန်းမာရေး Report ကို ဂရုစိုက်နေရပါတယ်။
၎။ မြွေဆိပ်ပြီး မြင်းသွေးထုတ်ယူခြင်း၊ သွေးရည်ကြည်ခွဲထုတ်ခြင်း Separation of plasma from blood
အဲဒီအချိန်ရောက်ပြီဆိုရင် မြင်းဟာ ဆေးထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်တဲ့ တန်ဖိုးရှိတဲ့ (လူတွေကိုကယ်ဖို့) သတ္တဝါ ပါပဲ။ တစ်လကို တစ်ကြိမ်၊ တစ်ကြိမ်ကို သွေး ၃ လီတာ စုပ်ထုတ်ရပါတယ်။ (ခေတ်မှီတန်ဖိုးကြီး စက် ကိရိယာတွေ မသုံးနိုင်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း၄၀လောက်က ထုတ်လုပ်ပုံကို ပြောပြပါမယ်။) ဒီမြင်းသွေး ၃လီတာကို ဖန်ပုလင်းမှာထည့် ငြိမ်ငြိမ်လေး ထောင်ထားတဲ့အခါ(Gravity Sedimentation Method) ၂၄နာရီကျော်ကြာချိန်မှာ သွေးမှာပါတဲ့ သွေးနီဥနဲ့ (Packed cell)ဟာ အနည်ထိုင်ပြီး အပေါ်မှာ သွေးရည်ကြည်ကို ရပါတယ်။ ဒီသွေးရည်ကြည်ကို ယူပြီးတော့ သွေးနီဥအပိုင်းကို မြင်းထဲ ပြန်သွင်းပေးရပါ တယ်။ ဒါမှမဟုတ်ရင် မြင်းဟာ သွေးအား နည်းပြီး သေဆုံးတတ်တာမို့ ကြာရှည်သုံးလို့မရတတ်ပါဘူး။
၅။ Separation of ASV protein from plasma protein.
သွေး ၃လီတာကို အနည်ထိုင်ရင် သွေးရည်ကြည် ၁.၂၅ (သို့) ၁.၅လီတာလောက်ပဲရပါတယ်။ ဒီသွေးရည်ကြည် (plasma) ထဲမှာ protein အမျိုးမျိုးပါပါတယ်။ အဲဒီProtein တွေထဲက လိုချင်တာကတော့ ASV protein ပါပဲ။ ဒီသွေးရည်ကြည်ကို အမိုးနီးယား ဆာလဖိတ် (Ammonium Sulphate precipitation Method) နဲ့ အနည်ချလိုက်တဲ့အခါ လိုချင်တဲ့ ASV protein တွေ အနည်ကျလို့ စုဆောင်းရယူပါတယ်။
လက်ရှိသုံးစွဲနေတဲ့နည်းကတော့ (Caprylic acid precipitation method ) ပါပဲ.။ သွေးရည်ကြည်ထဲက မလိုတဲ့ ပရိုတိန်းတွေကို Caprylic acid နဲ့ အနည်ချပြီး ASV ပါတဲ့ သွေးရည်ကြည် ( ASV IgG) ကို ခွဲထုတ်ယူတာပါပဲ..။
၆။ Bottling (Liquid form)
ဒီလိုနဲ့ ရလာတဲ့ ASV Protein ကို အရည် (Liquid form) နဲ့ ပုလင်းသွတ်.။ သတ်မှတ်တဲ့ အအေးချိန်မှာ အမြဲ ထားရပါတယ်။ ပစ္စည်းထုတ်လုပ်ရာကနေ နောက်ဆုံးမြွေကိုက်လူနာဆီ (from production to end user) အထိ သတ်မှတ်ထားတဲ့ အအေးမှတ် (Cold chain) မှာ ထားရတာမို့ အဲဒီ cold chain ပျက်ခဲ့ရင် ဆေးဟာ အလဟဿ ဖြစ်ရပါတယ်။ နောက်တစ်ချက်က ကျေးရွာတွေ (Station hospital) တွေမှာ ရေခဲသေတ္တာမရှိ ရှိပြန်တော့လည်း မီးကမမှန်တာကြောင့် မြွေဆိပ်ဖြေဆေးဟာ ဆေးရုံကြီးအဆင့်တွေမှာသာ ရှိတတ်ပါတယ်။ (တစ်ချို့ တိုက်နယ်ဆေးရုံမှာတော့ နေရောင်ခြည် စွမ်းအင်သုံး (Solar refrigerator . provided by UNDP) ရေခဲသေတ္တာလေးတွေရှိပေမယ့် ဆေးက အဆင်သင့် လုံလုံလောက်လောက်မရှိနေတော့ အခက်အခဲ ဖြစ်ရတာ ပေါ့။ ခက်ခက်ခဲခဲ အကုန်အကျခံ ပင်ပန်းခံ ထုတ်လုပ်ထားတဲ့ end product ဟာ Infra-structure ပြည့်ပြည့်စုံစုံမရှိလို့ လူနာဆီမရောက်နိုင်၊ မရောက်ခင် ပျက်စီးကုန်တာလည်း ဆုံးရှုံးမှုတစ်ခုပါပဲ။ ဒီအခက်အခဲကြောင့်ပဲ လူနာနဲ့ဆေး တွေ့ရဖို့အရေး "စောင့်စားလို့သာ မောင့်မှာနေရတယ်.. ခင်ပျိုနှမရယ်" ဆိုပြီး အချိန်ပေးစောင့်လို့ကလည်းမဖြစ် အချိန်လုပြီး ကုရတဲ့အခါ ဆေးရှိရာ အရောက်ပြေးရင်း အချိန်နှောင်းလို့ ဘဝတစ်ပါး ပြောင်းသွားကြရတာပါ။ ဒါတွေကြောင့် မြွေရှိ ကိုက်ခံရတဲ့သူရှိ ဆေးရုံရှိ ဆရာဝန်ရှိလျှက်နဲ့ကို အလျှားလိုက် ဆေးရုံဆင်းခွင့်ရသွားသူတွေ ၂၀- ၂၁ရာစု ပဋာစာရီတွေ မနည်းတော့ပါဘူး။
ပရိမိတ္တဇာလသုတ်လေး သတိရမိပါရဲ့။
"ယတ္ထယတ္ထ (အကြင်ကြင်သော) အ ပါဒကာ (ခြေမရှိသော သတ္တဝါ သည်လည်းကောင်း)………..မုခအန္ဓံ (ပါးစပ်မဟနိုင်စေသတည်း).. ဆိုတာကို အလွတ်ရအောင်ကျက် အိမ်ပြင်မထွက်ခင် နေ့တိုင်းရွတ်လော့" ဆိုတာကို ကျန်းမာရေးပညာပေးမှာ ထည့်ရမလို ဖြစ်နေပါပကောလား။
"ကိုင်း ဒီလိုဆို တစ်နှစ်တစ်နှစ် လိုအပ်တဲ့ မြွေဆိပ်ဖြေဆေးကို ဘယ်လို ထုတ်နိုင်မှာလဲ"ဆိုတာဟာ ..
၁။ လိုအပ်တဲ့ မြင်းကောင်ရေ ရအောင် နိုင်ငံခြားက stallion မြင်းထီးအနည်းငယ် တင်သွင်းရပါမယ်။ ပြီးတော့ ပြည်တွင်းမှာ မျိုးစပ်ယူ (75% local Blood ပါမှ ဒီတိုင်းပြည်ရေမြေရာသီဥတုခံနိုင်ရည်ရှိ) ရပါမယ်။
၂။ သွေး ၃ လီတာ ထုတ်ပြီး Gravity Sedimentation method အစား Shaking Machine and Plasma pack ကို သုံးရပါမယ်။ သွေးကို ပလတ်တစ်အိတ်ထဲထည့် ဗဟိုခွာအားစံနစ် (centrifugal action) နဲ့ သွေးရည် ကြည်ခွဲထုတ်ရင် သွေးရည်ကြည် ၂လီတာလောက် ရပါတယ်။ ပထမစံနစ်ထက် သွေးရည်ကြည်ရနှုန်း ပိုများပါတယ်။
နောက်စံနစ်တစ်ခုကတော့ မြင်းကိုယ်ထဲကသွေးကို စက်ထဲထည့်လှည့်၊ စက်က သွေးရည်ကြည်ကိုခွဲထုတ်ပြီး သွေးနီဥအပိုင်းကို မြင်းထဲ တိုက်ရိုက် ပြန်သွင်းတဲ့ စက်ပါပဲ။ အဲဒီစက်ကိုသုံးရင် တစ်ကြိမ်ကို သွေးရည်ကြည် ၃လီတာ တစ်ပြိုင်နက် ထုတ်နိုင်ပါတယ်။ Automated Plasmaphresis Machine လို့ ခေါ်ပါတယ်။
၃။ သွေးရည်ကြည်ထဲက anti-toxin ကို အမိုးနီးယား ဆာလဖိတ် အနည်ကျနည်းအစား ဒါမှမဟုတ် (Caprylic acid နဲ့ အနည်ကျနည်းအစား Tangential Fluid Filter (TFF Method) ဆိုတဲ့ ခေတ်မှီနည်းတစ်ခုကတော့ ASV Protein ကို စစ်ထုတ်ယူ (Filter) လုပ်ယူတာပါပဲ။ သွေးရည်ကြည်ထဲက ASV protein ရာခိုင်နှုန်းပြည့် ထုတ်ယူလိုက်နိုင်တဲ့ နည်းစံနစ်ပါပဲ။
၎။ ရလာတဲ့ ASV protein ကို အရည်အစား အခဲ crystal အဖြစ် ထုတ်လုပ်ရပါမယ်။ ဒီ အဆင့်အတွက် Freeze Dryer ဆိုတဲ့ စက်တစ်လုံး လိုအပ်ပါတယ်။ ASV protein အရည်ကို အရည်ခဲမှတ်အောက်အထိ အအေးခံပြီး အခဲလုပ်ရပါတယ်။ အဲဒီနောက် လေဖိအားကိုလျှော့ပြီး အပူပြန်ပေးရပါတယ်။ အလွန်နည်းတဲ့ လေဖိအားမှာ ရေဆူမှတ် (boiling temperature) က အလွန်နိမ့်လေတော့ အနည်းငယ် အပူပေးရုံနဲ့ ရေ (water component from ASV protein) အပိုင်းဟာ အခဲကနေ အငွေ့အဆင့်ကို တိုက်ရိုက်ပြောင်းသွားပါတယ်။ အဲဒီရေငွေ့ကို စုပ်ထုတ်လိုက်တဲ့အခါ ASV Protein ဟာ အခဲ Crystal form အဖြစ်ရလာပါတယ်။ ဒီလို ပုံဆောင်ခဲဆေးကို Cold chain နဲ့ ထိန်းသိမ်းထားစရာမလိုလို့. သယ်ရတာလဲလွယ်. ကျေးရွာအရောက် မြွေကိုက်လူနာနားအထိ ဖြန့်ထားလို့ရပါတယ်။ ပျက်စီးလေလွင့်တာမရှိတဲ့အပြင် အရည် (Liquid form) ရဲ့ ဆေးအာနိသင် သက်တမ်း ၃နှစ်သာရှိပေမယ့် အခုရလာတဲ့ ပုံဆောင်ခဲ Crystal form ရဲ့ သက်တမ်းဟာ ၅နှစ်ရှိတာမို့ အလွန်ကို အဆင်ပြေ လှပါတယ်။ ဆေးကို လူနာလက်တစ်ကမ်းအကွာထိ ပို့ပေးထားနိုင်မှာပါ။
Freeze Dryer တစ်လုံးလည်ပတ်ရာမှာ ၇၂နာရီ ဆက်တိုက် လည်ပတ်ရပြီး လည်ပတ်နေစဉ် လျှပ်စစ်မီး ပြတ်တောက်လို့ လုံးဝမရပါဘူး။ ပြတ်တောက်ခဲ့ရင် စက်ရဲ့ Compressor တွေ Motor တွေ ပျက်စီးပါတယ်။ ဒါကြောင့် ဒီစက်နဲ့အတူ (UPS.. uninterrupted power supply) တစ်ခု မရှိမဖြစ် လိုပါတယ်။
၅။ ဒီစက်တွေကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ဖို့ ရေရှည် ပြုပြင်ထိန်းသိမ်းနိုင်ဖို့ လူတွေ နည်းပညာသင်တန်းတွေ လိုပြန်ပါတယ်။ နောက် ဓါတ်ခွဲခန်းတွေ သုသေသနလုပ်ငန်းတွေအတွက် ရန်ပုံငွေလိုပါတယ်။
ကုသရေးအပိုင်းမှာလည်း ကိုက်တဲ့အချိန်မှာ မြွေဆိပ် ဘယ်လောက်ပြင်းသလဲ (toxicity) (မြွေက တစ်ခုခုကို အရင်ကိုက်ထားရင် မြွေဆိပ်နည်းနေတတ်ပါတယ်)၊ လူ့ခန္ဓာကိုယါထဲ အဆိပ်ဘယ်လောက် ဝင်သွားသလဲ (amount of venom injected)။ လူနာရဲ့ နဂို အသည်းအခြေအနေ ကျောက်ကပ်အခြေအနေ ဒါတွေကိုအခြေခံလို့ ဆေး ဘယ်လောက်လောက် ထိုးရမလဲ။ (Initial Dose = 4 ampules)။ ဘယ်လို လက္ခဏာတွေကို ကြည့်ပြီး ဆေးထပ်ထိုးသင့်မထိုးသင့်ဆိုတဲ့ ဆုံးဖြတ်ရမယ့် criteria တွေ၊ သွေးထဲမှာ မြွေဆိပ်ကျန်နေသေးသလား တိုင်းတာနိုင်မယ့် နည်းစံနစ် ၊ ပစ္စည်း (Testing Material and Method) တွေ..ဒီလိုဒီလို လေ့လာစရာ သင်ယူစရာ သုသေသနပြုစရာ များပြားလှပါတယ်။
ဒီလိုအပ်ချက်တွေကို တွက်ချက်ကြည့်လိုက်တော့ လိုအပ်ငွေ (Fund) က ဒေါ်လာ ငါးသိန်းနဲ့ တစ်သန်းကြားလောက်ရှိတယ်ဗျို့..
ဒီလောက်ငွေနဲ့ စက်တွေတပ်ဆင်လည်ပတ်ထုတ်လုပ်နိုင်ခဲ့ရင် တစ်နှစ်မြွေကိုက်သေဆုံးသူ တောင်သူလယ်သမား တစ်ထောင်ကျော်ကို အသက်ဘေးက ကယ်တင်နိုင်မှာ ဖြစ်ပါတယ်..။ တစ်နှစ်တည်း မဟုတ်ပါဘူး။ စက်တွေ လည်ပါတ်နေသမျှ ကာလပါတ်လုံး နှစ်တိုင်းဆိုပါတော့..။"ပြဿနာတစ်ရပ်ဖြစ်လာပြီဆိုရင် ဟိုလူ ဟိုဌာနကို တာဝန်လွှဲချ၊ ဒီပုဂ္ဂိုလ် ဒီဌာနကို အပြစ်ဖို့နေမယ့်အစား ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်သည်ဖြစ်စေ မသက်ဆိုင်သည်ဖြစ်စေ ကိုယ်တတ်နိုင်တဲ့ အပိုင်းလေးမှာ တတ်နိုင် သမျှလေး ကူညီဆောင်ရွက်ပြီး ဖြေရှင်းပေးကြမယ်ဆိုရင် ပြဿနာတွေကို ကျော်လွှားနိုင်မှာ အမှန်ပါပဲ။"
မိတ်ဆွေများခင်ဗျား-မိမိတို့နဲ့ လက်လှမ်းမီရာမှာ ဒီလိုငွေကြေးလှူဒါန်းနိုင်မယ့် စိတ်ဝင်စားမယ့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများ ရှိခဲ့ရင် ကူညီရှာဖွေပေးကြပါလို့ အကူအညီ တောင်းခံပါရစေ..။
(မောင်မောင်မြင့်)
၂၇ ဇန်နဝါရီ ၂၀၁၂
Maung Maung Myint
၂၀၁၁ ဇွန်လနဲ့ နိုဝင်ဘာလကြားမှာ ကျွန်တော် potential donner တစ်ဖွဲ့နဲ့ ဆွေးနွေးပွဲ ၆ကြိမ် လုပ်ခဲ့တယ်..။သက်ဆိုင်တဲ့သူတွေ စားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင် အသေးစိတ်ဆွေးနွေးခဲ့ကြတယ်။
ဒါပေမယ့် မအောင်မြင်ခဲ့ဘူး...။
၂၀၁၁ ရဲ့ ဆုံးရှုံးမှု မှတ်တမ်းပေါ့ဗျာ.
:(
Maung Maung Myint
ဆရာ Maung Maung Oo ခင်ဗျား.. ဆရာ့ကို ပြောပြချင်တဲ့ စကားတွေပါပဲ..
မြင်းတွေကို နံပါတ်တပ်ပြီး အကောင် ၁၀၀၀ ပြည့်သွားရင်. အသစ်ပြန်စရတယ်...
အခု ၄ကြိမ်မြောက် စထားတာဖြစ်လို့ အကောင် ၃၀၀၀ ကျော် သုံးခဲ့ပြီးပြီ...
Monday, 30 January 2012
Friday, 27 January 2012
'ပညာ' ဘာနဲ. 'ရေး' ပါမယ် -၃ (ချဲ.ထွင်ရမည့် မိုးကုတ်စက်ဝိုင်းများ)
၁။
ကြိုပြောရမည့် စကားကို အပိုင်း-၃ ရောက်မှ ပြောပါမည်။ ဆရာကြီးလုပ်သည်
ဖြစ်မှာစိုး၍ဖြစ်ပါသည်။ စာမတတ်လျှင် လမ်းမှာ ထွက်ဖတ်သကဲ့သို.
ဖတ်မိတွေးမိသည်များကို ပြောပါသည်။ တတ်သူများမှ လိုသည်တို.ကို
ပြင်ပေးစေချင်ပါသည်။ ဆေးပညာသင်ကြားရေးသည် အင်မတန်အရေးကြီးပါသည်။
ဆေးတက္ကသိုလ်များမှ မွေးထုတ်လိုက်သော ဆရာဝန်တို.၏ အရည်အသွေးကို 'ပုံအပ်'
ရမည့်သူများမှ ယုံကြည်ထိုက်သောအဆင့်၊အနေအထားရှိစေချင်၍ ပြောပါသည်။
ချိန်ရွယ်ရာစာဖတ်သူသည် ဆေးတက္ကသိုလ်များမှ အလုပ်ဝင်ကာစ
သရုပ်ပြများဖြစ်ပါသည်။ သို.သော် ကျန်ဆရာဝန်များအတွက်လည်း အသုံးဝင်မည်ဟု
ယုံကြည်ပါသည်။
၂။ ဆရာဝန်အားလုံးသည် ဆရာများဖြစ်သင့်ပါသည်။ သင်ကြားပေးခြင်းသည် နှစ်ကြိမ်မြောက် သင်ယူခြင်း ဖြစ်ပါသည်။ (To each is to learn twice.) ခေတ်၏ အပြောင်းအလဲများကို မကြည့်ပဲ ရှေးရိုးနည်းလမ်းများအတိုင်းသာ သွားနေပါက အဆင်ပြေမည်မဟုတ်ပါ။ ခက်သည်က ရှေးရိုးနည်းကိုပင် စက်စင်အောင်မသိပဲ စာမေးပွဲအောင်ရေးအတွက် 'ဒါပဲကျက်' စာများကို ပေးနေကြသော ဆရာလေးများ များစွာရှိနေနိုင်ပါသည်။ ကျူရှင်ဆရာ၊ ဂိုက်ဆရာတို.သည် ကျောင်းသားတို.လုပ်ရမည့်အလုပ် (မေးခွန်းလေ့လာခြင်း၊ နှုတ်စ် ထုတ်ခြင်း၊ စသည်တို.ကို) သေချာစွာလုပ်ပေး၍ စနစ်တကျ ဖျက်စီးကြပါသည်။ (ဂိုက်ကို ဆန်.ကျင်ခြင်းမဟုတ်ပါ၊ ဂိုက်သင်ပေးခြင်း၏ အခွင့်အလမ်းကောင်းကို 'ဆရာများကိုယ်တိုင် တလွဲသုံး' နေခြင်းကို စိတ်မကောင်း၍ ပြောပါသည်)
၃။ ဆေးတက္ကသိုလ်များသည် စိန်ခေါ်ချက်များစွာ၊များစွာဖြင့် ရင်ဆိုင်နေရသလို၊ ရင်ဆိုင်လာစရာ များလည်း ရှိပါသည်။ ထိုစိန်ခေါ်ချက်များသည် လူ.အဖွဲ.အစည်း၊ လူနာ၊ ဆရာဝန်နှင့် ဆေးကျောင်းသားများဆီမှ ထွက်ပေါ်လာကြပါသည်။ အမှန်စစ်စစ် စိန်ခေါ်ချက်ဟူသည် အပြောင်းအလဲများမှထွက်ပေါ်လာခြင်းသာ ဖြစ်ပါသည်။ ထိုစိန်ခေါ်ချက်များကို ဖြစ်ပေါ်စေသော အပြောင်းအလဲများကို စာရင်းချကြည့်ပါက ဆေးပညာပိုင်းဆိုင်ရာ အသိအမြင် (Medical Knowledge) လူနာတို. လိုအပ်ချက် (Patients’ expectations) ဆေးကျောင်းသားတို. လိုအပ်ချက် (Students’ Requirements) ကျန်းမာရေးစောင့်ရှောက်မှု စနစ် (Healthcare Delivery) ဆရာဝန်တို. စွမ်းဆောင်ရည်နှင့် ထမ်းဆောင်ဝန် (Doctors’ Avaliavility and Workload) တို. ဖြစ်ပါသည်။
၎။ ဆေးပညာသည် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေပါသည်။ သို.သော် ဆေးကျောင်းတွင်သင်ကြားရသော ပညာရပ်သည် အကန်.အသတ်နှင့်သာဖြစ်ပါသည်။ အချိန်၏ ကန်.သတ်ခြင်း၊ ပညာလိပ်ပတ်မလည်မှီ ဖြတ်တောက်ယူရသော အသိကန်.သတ်ခြင်းများ စသည်ဖြင့်ရှိပါသည်။ သင်ကြားပေးရမည့် Objective ရွေးချယ်ရာတွင် အင်မတန်ခက်ခဲသလို အင်မတန်မှ ဂရုစိုက်ရမည့် သဘောရှိပါသည်။ ထို.အတူ အသစ် ဖြစ်သော နည်းပညာများ၊ တွေ.ရှိချက်များလည်း ပေါ်ထွက်လာနေပါသည်။ ထိုအပြောင်းအလဲများသည် သင်ကြားရေးအတွက် စိန်ခေါ်ချက်များဖြစ်ပါသည်။ ဆရာဝန်များအား ဘ၀တစ်လျောက်စာ သင်ယူလေ့လာမှု အလေ့အထကို ထည့်သွင်းလေ့ကျင့်ပေးရေးသည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်ပေသည်။ Life long learning သည် အခြားနယ်ပယ်များထက် ဆေးပညာနယ်ပယ်တွင် ပို၍ အရေးကြီးပါသည်။
၅။ လူနာတို. မျှော်လင့်ထားသော လိုအပ်ချက်တို.သည် ဆေးပညာသင်ကြားရေးနယ်ပယ်မှ လူများ အလေးထားရမည့် ကိစ္စ ဖြစ်လာပါသည်။ လူနာတို.အား သတင်းအချက်အလက် ကောင်းမွန်ပြည့်ဝစွာ ရရှိစေရေးသည် ရှေ.တန်းတက်လာပါသည်။ ရှေးယခင်ကလို ကုသမှုဆိုင်ရာဆုံးဖြတ်ချက်တို.သည် ဆရာဝန် တစ်ဦးတည်း သဘောထက် မျှဝေဆုံးဖြတ် (Share the decision making) မှုဘက်ကို လိုအပ်လာပါသည်။ ထိုအပြင် လူနာတို.သည် ယဉ်ကျေးဖေါ်ရွေသော သတင်းအချက်အလက်မျှဝေခြင်း (courteous communication) နှင့် ထိုက်သင့်လျောက်ပတ်သော အက်တီကျု ကို တောင်းဆိုလာပါသည်။ လူ.အဖွဲ.အစည်းသည် accountability ကို မျှော်လင့်လာပါသည်။ (ဘာသာမပြန်တတ်ပါ) Evidence Base Medicine ဟု ဆိုပါသည်။
၆။ ဆေးကျောင်းသားတို.၏လိုအပ်ချက်များ လည်း ပြောင်းလဲလာပါသည်။ သင်ကြားမှုတွင် ကွာလတီရှိစေရန်နှင့် စည်းစနစ်ကျစေရန် နှစ်မျိုးလုံးကို မြင့်မားစွာ တောင်းဆိုလာပါသည်။ထို.အပြင် တစ်နှစ်တစ်နှစ် ဆေးတက္ကသိုလ်များတွင် လက်ခံသော ကျောင်းသားအရေအတွက် တိုးလာခြင်းသည်လည်း ထည့်သွင်းစဉ်းစားရမည့် အချက် ဖြစ်ပါသည်။ ဆေးကျောင်းသားတို.၏ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေးဆိုင်ရာ နောက်ခံအခြေအနေသည်လည်း ပို၍ ကျယ်ပြန်.ကွဲပြားလာပါသည်။
၇။ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ဖြန်.ဝေကျင့်သုံးမှု ပုံစံလည်း ပြောင်းလဲသွားပါသည်။ လူနာကို ကုသပေးရန် လေ့ကျင့်မွေးထုတ်ရာမှ ကွန်မြူနတီအခြေခံသော စောင့်ရှောက်မှုအတွက် လေ့ကျင့်မွေးထုတ်မှုဆီသို. ဦးတည်လာရပါမည်။ အစုအဖွဲ.ဖြင့် စောင့်ရှောက်ခြင်း၊ မာတီပရောဖက်ရှင်နယ် ချဉ်းကပ်ခြင်းများကို ရွေ.လာပါသည်။
၈။ ထိုသို.သော ပြောင်းလဲခြင်းများသည် ဆေးပညာသင်ကြားရေးတွင် ထည့်သွင်းစဉ်းစားရမည့် စိန်ခေါ်နေသော အပြောင်းအလဲများဖြစ်ပါသည်။ ထို.အတူ ချဲ.ထွင်ရမည့် မိုးကုတ်စက်ဝိုင်းများလည်း ဖြစ်ပါသည်။ ယနေ.ကမ္ဘာတွင် ကြုံနေရသော ဆေးပညာသင်ကြားရေးဆိုင်ရာ စိန်ခေါ်ချက်များသည် မြန်မာနိုင်ငံတွင် တစ်စိတ်တစ်ပိုင်းကြုံပြီးဖြစ်သည်များ၊ မကြုံရသေးသည်များ ရှိသလို မြန်မာနိုင်ငံတွင် သီးသန်. ဖြစ်နေသော စိန်ခေါ်ချက်များစွာလည်း ရှိနေပါသေးသည်။
(ဆက်ပါမည်)

'ပညာ' ဘာနဲ. 'ရေး' ပါမယ် -၂ (ပစ်မှတ်ပျောက်သောမုဆိုး သို.မဟုတ် ဆရာ)
၂။ ထားပါ။ ဘာပဲဖြစ်ဖြစ် ထင်းကနဲနေသော တစ်စတော့ ဆွဲရပါလိမ့်မည်။ သင်ကြားရေး အကြောင်းပြောလျှင်တော့ မပါမဖြစ်ဆိုတာရှာလျှင် ကယ်ရီကူလန် (Curriculum) ဆိုသဟာတော့ တွေ.ပါမည်။ ယင်းသင်ရိုးညွှန်းတမ်း ကလူကလန်ကြီး တွင် အရေးအကြီးဆုံးပြောပါဆိုလျှင်တော့ Objective လို.သမားစဉ်ဖြေခဲ့ကြပါသည်။ သို.ဖြစ်၍ objective အကြောင်း ပညာဘာနဲ.ရေး -၁ တွင် တို.ထားခဲ့ပါသည်။
၃။ ထို ဦးတည်ရာ objective တို. ဦးတည်ရာ နယ်ပယ် (domain) ကြီးသုံးခုရှိသည်ဆိုပါသည်။ နားရှုပ်တော် မမူကြပါနှင့်။ ပညာသင်ကြားသူဆရာတို. ချိန်ရွယ်ပစ်ခတ်ရာ နယ်ပယ်သုံးခုပါ။ ဥပမာပေးပါမည်။ ဓားခုတ်လှံထိုးသင်ကြားပုံနှင့် ကဗျာလင်္ကာ သင်ကြားပုံမတူပါ။ ချိန်ရွယ်ရာမတူ၍ လေ့ကျင့်ပုံမတူပါ။ ထို နယ်ပယ်သုံးရပ်ကို စာသံပေသံဖြင့် Cognitive Domain, Psychomotor Domain , Affective Domain ဟု ပြောကြပါသည်။ ဦးနှောက်ဆိုင်ရာကျွမ်းကျင်မှု intellectual skills ကို ကွန်နက်တစ်ဒိုမိန်း၊ လက်တွေ.ပိုင်းဆိုင်ရာကျွမ်းကျင်မှု Practical Skills ကို ဆိုင်ကိုမော်တာဒိုမိန်း၊ ဆက်ဆံရေးဆိုင်ရာကျွမ်းကျင်မှု (ဘာသာပြန်ပုံမကြိုက်ပါ၊ အခြားစကားရှာမရ၍ သုံးပါသည်) Communication Skills ကို အဖက်တစ်ဖ်ဒိုမိန်းဟု ဆိုကြပါသည်။ အင်မတန်နားရှုပ်ရပါသည်။ ဦးနှောက်၊ လက်နှင့် နှလုံးသားဟု လွယ်လွယ်သာ မှတ်စေချင်ပါသည်။
၎။ ဦးနှောက်ပိုင်းဆိုင်ရာကို ချိန်ရွယ်ပစ်ခတ်လိုလျှင် အဆင့်သုံးဆင့်ရှိပါသည်။ ပထမဆုံး အချက်အလက်များကို မှတ်မိပြန်ပြောနိုင်ခြင်း recall of facts ဖြစ်ပါသည်။ အလွတ်ကျက် အဆင့်ဖြစ်ပါသည်။ အလ်ာတန်းကျောင်းသားဘ၀က စာပြန်ရခြင်းကို သတိရစေလိုပါသည်။ ဒုတိယအဆင့်သည် မှတ်သားသိရှိသမျှ အချက်အလက်များကို အသုံးပြု၍ အခြေသစ်အနေသစ်တွင် အသုံးပြုတတ်ခြင်း interpretation of data ဖြစ်ပါသည်။ သင်္ချာဥာဏ်စမ်း ဖြေသလိုပင်ဖြစ်ပါလိမ့်မည်။ နောက်တစ်ဆင့်သည် ပြဿနာဖြေရှင်းခြင်း problem solving ဖြစ်ပါသည်။ လိုအပ်သော အချက်အလက်များကို ပြဿနာတွင် ထည့်သွင်းဖြေရှင်းနည်းဖြစ်ပါသည်။ စာစီစာကုံး ဖြေသလိုဖြစ်မည်ဟု တွေးရပါသည်။ မှားလျှင် ပြင်ကြပါ။
၅။ စကားစပ်၍ ကျန်သည်တို.ကို မပြောမီ မြန်မာနိုင်ငံအကြောင်းပြောရပါမည်။ စာမေးပွဲစနစ်သည် မြန်မာပညာရေးကိုဖျက်ဆီးလိုက်သော တရားခံများဖြစ်နေမည်လား။ အချက်တစ်ခုထဲကို လက်ညိုးမထိုးလိုသော်လည်း အရေးကြီးသည့် အချက်တော့ဖြစ်ပါမည်။ ကလေးများသည် စာတတ်ဖို.ထက် စာမေးပွဲကို ချိန်ရွယ်ပစ်ခတ်ဖို.သာ အားသန်နေပါသည်။ ကလေးများအပစ်မဟုတ်ပါ။ ဆရာများကလည်း စာမေးပွဲ မေးမည်ကိုသာ ဖိသင်နေပါသည်။ ဆယ်တန်းအထိသည် ကွန်နတစ်ဒိုမိန်း၏ ပထမအဆင့် recall of facts မှာပင် တစ်နေပါသည်။ ဆယ်တန်းအောင်တော့မှ ကောင်းလာမည်လားတွေးသော်လည်း ထူးမခြားနားပါပင်။ ကျူရှင်များကိုတရားခံရှာရမည်လားမသိ။ ဘွဲ.ရလာသည်အထိ ဒုက္ခပေးခဲ့သော အရာသည် ထို ဒိုမိန်းပင်ဖြစ်မည်လားမသိ။
၆။ ဆရာများကို လက်ညိုးထိုးစွပ်စွဲလျှင် ဆရာများဆဲကြမည်လားမသိ။ ပညာကို ဇွန်းဖြင့် ခွံ.လျှင် ခွံ.သမျှ၊ပါးစပ်ထရြောက်သမျှကိုပဲဝါး၍ ကျေနပ်နေကြပါမည်။ ပညာပင်လယ်စပ်ဝယ် ခြေထောက်ကလေးစမ်းထောက်ကြည့်ရန် ကြံရွယ်သောကလေးများ ရှိခဲ့ပါသလား၊ ရှိခဲ့လျှင် (ဆရာများက) အားပေးကြပါသလား။ (နစ်မည်စိုး၍) တားခဲ့ကြပါသလား။ မေးချင်သောမေးခွန်းများပါ။ ကျွန်တော်ကတော့ ပုဂံ ဘုရားတွေ ဖူးရန်လာပြီးမှ ဘုရားရှေ.၀ယ်ထိုင်ကာ လမ်းညွှန်စာအုပ်လေးတွေ ၀ယ်ဖတ်နေသူများကို လှမ်းပြောချင်နေသောစကားရှိပါသည်။ သေဟဲ့။
(ဆက်ပါမည်)
'ပညာ' ဘာနဲ. 'ရေး' ပါမယ်-၁ (ခြေသာလျှင်……..ယဉ်)
(ပညာရေး
အကြောင်း တို.တိတို.တိ ရေးမည်ဟု ကြံရွယ်ထားပါသည်။ ထုံ.ပိုင်း ထုံ.ပိုင်း
စထားသောကိစ္စများများနေပါပြီ။ ဆရာဝန်များ၏
အက်တီကျုကိုဇောင်းပေးရန်ကြံရွယ်ထားသော 'ဖြောင့်ယူရမည့် အချက်များ' လည်း
နှစ်ပုဒ်ပဲရေးရသေးပါသည်။ ရေးရင်းနှင့် စိတ်ကုန်လာတာလည်းပါပါသည်။ နင်လည်း
ဒီပုတ်ထဲကဒီပဲပါပဲဟု ကိုယ့်ကိုကိုယ် ဆုံးမတာလည်း၊အဟင်း ။ပါပါသည်။ ယခုလည်း
စာမေးပွဲတွင် လက်တွေ.ကိုသာ သဘောကျသည်ဟူသော ကွန်မန်.တစ်ခုကြောင့်
ပညာရေးနှင့် ပတ်သက်၍ စရေးပါသည်။ ပိုက်ဆံမရ
၊ဆဲခံရသောစာများဘာကြောင့်ရေးပါသနည်းဟု မေးလျှင် ဖြေရခက်ပါသည်။
တာဝန်ယူမှု၊ဘာမှု၊ညာမှု လျောက်ပြောလျှင်ရသော်လည်း အူယား၍ပါဟု
(ဆရာကိုတာဖြေသလို) ဖြေပါမည်။)
၁။ သွားရမည့် ခရီးကားဝေးသေးသည်။ ခြေသာလျှင် ယဉ်အဖြစ်ရှိကုန်၏။ (ဝေဿသရာဇာတ်၊ နံရံဆေးရေးပန်းချီမှစာ)
၂။ မြန်မာ အသိဥာဏ်မှ ပညာကိုမဆိုလိုပါ။ မြန်မာအသိမှ မြတ်စွာဘုရားဟောသော ထိုးထွင်းသိသည့် ပညာအကြောင်း ရှုပ်လာမည်စိုး၍ ကြိုပြောထားခြင်းပါ။ ပညာရေး (Education) အကြောင်းသာပြောပါမည်။ အကျယ်အပြန်.မသိ၍ အပြန်.ကျယ်ကျယ်မပြောနိုင်ပါ။ သိသမျှ ပြောရသောကြောင့်အားနာပါသည်။ ဖိုးဆိုချင် ခင်မောင်ညွန်.ဟုသာ နာမည်တပ်ကြပါလေ။
၃။ ဖွင့်ဆိုချက်က စပြောရမည်။ ပညာဆိုသည်မှာ ကာလတစ်ခုအတွင်း သင်ယူသူတစ်ယောက်၏ ရည်စူးထားသော အမူအကျင့်ပြောင်းလဲခြင်း ဖြစ်ပါသည်။ (expected change in the behavior of the learner in the course of a given period) ရည်စူးထားသော ပြောင်းလဲမှု ဖြစ်ပါသည်။ ပြောင်းတော့ပြောင်းတယ်။ မာနတွေပဲကြီးလာတယ်ဆိုလျှင် ပညာရေးဟုတ်မဟုတ် ဆင်ချင်တော်မူကြပါ။
၎။ ရည်စူးထားသော အမူအကျင့်များကို ပညာရေးဦးတည်ချက်များ( educational objectives) များဖြင့် ရှင်းလင်းစွာ ဖေါ်ပြရပါမည်။ သင်ယူသူ ယခင်က မလုပ်နိုင်သည်ကို သင်ကြားမှုအချိန်ကာလတစ်ခုအပြီးတွင်လုပ်နိုင်ရပါမည်။ ယခု တော့ ပညာရေး ဦးတည်ချက်များ သည် အလွန်အရေးကြီးသည်ဟုသာ မှတ်ယူထားစေချင်ပါသည်။
၅။ ယခင်က ပညာသင်ကြားမှု အယူအဆသည် အတွေ.အကြုံပေါ်တွင်အခြေခံပါသည်။ ဆရာက ဘာသင်ရမည်ကို 'သိ' သည်။ နည်းလမ်းရွေးသည်။ သင်သည်။ စာမေးပွဲစစ်သည်။ အောင်၊ကျဆုံးဖြတ်သည်။ ဆရာဗဟိုပြု ကိစ္စဖြစ်သည်။ ကျောင်းသားတစ်ဦးချင်း၏ ကိုယ်ပိုင်စွမ်းရည်၊ ဆရာတစ်ဦးချင်း၏ စွမ်းရည်၊ တိုင်းပြည်လိုအပ်ချက် အရ ဆီိလျော်မှုရှိမရှိ တို.ကို ထည့်သွင်းတွက်ချက်မှု အားနည်းသည်။
၆။ အသိဥာဏ်ဆိုင်ရာ ဖွင့်ထုတ်မှု (knowledge explosion) ဖြစ်စဉ် ပြီးသည့်နောက် ကျောင်းသားဗဟိုပြု ပညာရေးကိုစဉ်းစားလာကြသည်။ ကျောင်းသား (သင်ယူသူ) ကိုယ်တိုင်၊သိသင့်သော၊ သိမှဖြစ်မည်ဖြစ်သော၊သိလျှင်ကောင်းသော အရာများကို ရွေးချယ်ရမည်။ သင်ယူမှု အပြီးတွင် တတ်မြောက်ရမည်ဖြစ်သော ပညာရေးဦးတည်ချက်များ( educational objectives) ကိုလည်း ရှင်းလင်းစွာ ဖေါ်ထုတ်ထားရမည်ဖြစ်သည်။
၇။ ရည်ရွယ်ချက် (aim) နှင့် ဦးတည်ချက် (objective) တို.ကို ခွဲထုတ်သိထားရပါမည်။
၈။ ရည်ရွယ်ချက်သည် ရောက်ရမည့် ပန်းတိုင်ကို အလွန်ယေဘုယျဆန်စွာ ဖေါ်ပြခြင်းသာဖြစ်သည်။ ( general statement of intent, a goal to be reached) ဥပမာ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်လာစေရန်။ သို.သော်ဆရာဝန်ကောင်းဆိုသည်မှာ ဘာလဲ၊ ဘာတွေတတ်ရမည်လဲ။ ဘယ်အထိတတ်ရမည်လဲ။ ဘယ်လိုအမူအကျင့်ရှိရမည်လဲ။ Aim တွင် ဖေါ်ပြရန်ခက်ပါမည်။
၉။ ဦးတည်ချက် (objective) သည်လည်း ရောက်ရမည့်ပန်းတိုင်ပါ။ သို.သော် ပိုမို တိကျသော ဖေါ်ပြချက်များဖြင့် ဖေါ်ပြရပါမည်။ တနည်းပြောလျှင် တိုင်းတာ၍ ရသော မျော်လင့်ထားသည့် အမူအကျင့်များပါဝင်ရပါမည်။(နောက်ပိုင်းတွင် ရှင်းပါမည်)
၁၀။ behavior change of the learner သင်ယူသူ၏ အမူအကျင့်များပြောင်းလဲရေးကို ဦးတည်သဖြင့် သင်ယူမှု ဦးတည်ချက်များ (learning-objectives) ဟု အမည်တပ်ကြပါသည်။ အမူအကျင့်များပြောင်းလဲရေးကို ဦးတည်သဖြင့် အမူအကျင့်ဆိုင်ရာ ဦးတည်ချက်များ ( behavioral objectives) များဟုလည်းခေါ်ကြပါသည်။ ခေတ်သစ်ပညာရေး၏ အရေးကြီးသော အုတ်မြစ်များလည်း ဖြစ်ပါမည်။

ငါးစိမ်းသည်တွေလား၊ ဆရာဝန်တွေလား
၁-၁။
'တခါတခါ ဆရာဝန်တွေလား၊ ငါးစိမ်းသည်တွေလား။ ခွဲခြားရခက်တယ်။ ဒီစကားပြောလို.
ဆရာဝန်အားလုံးနဲ. မိတ်ဆွေပျက်ရလည်း ၀မ်းမနည်းပါ။' သည်စကားကို ပြောသူသည်
ဂျာနယ်လစ်တစ်ယောက်မဟုတ်ပါ။ အရပ်သားတစ်ယောက်မဟုတ်ပါ။ အနုပညာရှင်
ဆိုသူတစ်ယောက်မဟုတ်ပါ။ ဆီလီဘရစ်တီ တစ်ယောက် မဟုတ်ပါ။ ဆရာဝန်မှ 'ဆရာဝန်
စစ်စစ်' တစ်ယောက်သာ ဖြစ်သည်။
၁-၂။ ကြားကာစကမူ အတော်စိတ်ဆိုးပါသည်။ ပြောသူက ဆရာဝန်ဖြစ်၍ ပို၍စိတ်ဆိုးပါသည်။ သို.သော် (ထိုစကားသည် အစွန်းသို.ရောက်သွားသည့်တိုင်) အမှန်တရား ပါနေသည်ကိုတော့လည်း စိတ်ထဲတွင် သိနေသည်။ ဘာကြောင့် သူပြောသလဲ၊ ဘယ်လို စိတ်သမူဟနဲ. သူပြောသလဲ ပြန်လည်ဆန်းစစ်ချင်လာသည်။
၁-၃။ ဆီလီဘရစ်တီပေါက်စလေးတစ်ယောက်က စကားမှားသည်။ တစ်နှစ်မှာ ဆရာဝန်တွေ ထောင်ချီထုတ်နေပေမယ့် အနုပညာရှင်တစ်ယောက်ဖြစ်လာဖို.မလွယ်ဘူး။ ဆရာဝန်အများစုက စိတ်ဆိုးကြသည်။ သူ.ဖေ့စ်ဘုတ်စာမျက်နှာမှာ (အုံနှင့်ကျင်းနှင့်) ရေးကြသည်။ ပညာသားပါပါရေးသူရှိသလို ဆဲသူများ၊ ဖဲ့သူများလည်း တပုံတပင်ပါသည်။ ထိုသူများထဲတွင် အများစုက ပြောရန်မလို၊ ဆရာဝန်များ။
၂-၁။ ဆရာဝန်များသည် ကျီးကန်းတွေလို တစ်ကောင်ထိရင် ၀ိုင်းပြီး အာကြသည်ဆိုသည့်စကားလည်း ကြားရသည်မှာ မကြာသေးပါ။ သူရို. ပြောသလို ဆရာဝန်များသည် ဆတ်ဆတ်ထိမခံ ဖြစ်များနေပြီလား။ မာနနားထင်ရောက်၍ အမှားအမှန်မခွဲခြားပဲ လုံးကြီးတင်မခံ၊ သေးသေးတင်မခံ 'ငါတကောကော' နေကြသူများ ဖြစ်နေပြီလား။ ကိုယ့် ပရောဖက်ရှင်နယ်ကို ကာကွယ်ခြင်းဖြစ်သော်လည်း ပြည်သူတွေ စိတ်ထဲဝယ် ထင့်သွားမည့် ကိစ္စများ မဖြစ်စေချင်သည်မှာတော့ အမှန်။
၂-၂။ ပြဿနာကို လက်ကုန်နှိုက်ရန် စိတ်မကူးပါ။ (ပြဿနာလည်း ဟုတ်ကောင်းမှဟုတ်ပါမည်) အဘယ့်ကြောင့်နည်းဟု ပညာရပ်ဆန်ဆန် အဖြေရှာရန်လည်း ခက်ပါသည်။ လေးလေးပင်ပင် ပြောရန်လည်းစိတ်မကူးပါ။ တွေးလုံးများအဖြစ်တွေးကြည့်ခြင်းဟုသာ သဘောထားစေချင်ပါသည်။ သိုးဆောင်းအရပ်မှ ပြောလေ့ရှိသော စကားလေးကို ပြန်ပါးချင်ပါသည်။ လူတစ်ယောက်က ကုလားအုတ်တစ်ကောင်၏ ကျောပေါ်သို. ပစ္စည်းများတင်သည်။ တင်ရင်းတင်ရင်းနှင့် နောက်ဆုံးကုလားအုတ် သည်နိုင်သော ၀န်ကုန်သွားသည်။ ထိုလူက ကုလားအုတ်သယ်နိုင်သော နောက်ဆုံးမှတ်ရောက်နေသည်ကို သတိမထားမိပဲ ကောက်ရိုးလေးတစ်ချောင်း တင်လိုက်ရာ ကုလားအုတ်ခမျာ ခါးကျိုးသွားတော့သည်။ နောက်ဆုံးကောက်ရိုးဟု ပြောကြပါသည်။
၂-၃။ ကောက်ရိုးလေးတစ်ချောင်းတင်၍ ကုလားအုတ်ခါးကျိုးသည်မှာ ရယ်စရာကောင်းနေပါလိမ့်မည်။ တကယ်တမ်းတော့ ရှေ.အစဉ်စဉ် အဆက်ဆက်က တင်လာခဲ့သော ၀န်ထုတ်ဝန်ပိုးများကို မြင်ဖို.ကောင်းပါသည်။ မြန်မာစကားလည်း ရှိပါသည်။ သစ်ငုတ်တောင် တိုက်ပါများရင် နဲ. တတ်သည်ဟု ဆိုပါသည်။ ဒီစကားလေးတစ်ခွန်းနဲ. ကက်ကက်လန် ဖြစ်နေသည်ဟု ထင်သည်ထက် ရှေ.ကာလတစ်လျောက်က အပြောခံလာရသောကြောင့် များ ဖြစ်နေမည်လားဟု တွေးစေချင်ပါသည်။ ဟုတ်ဖို.လည်း ပိုများ နိုင်ပါသည်။
၃-၁။ ဆရာဝန်များသည် နန်းကျဘုရင်များကဲ့သို. ခံစားနေရခြင်းလည်း ဖြစ်နိုင်ပါသည်။ ယခင်က ဆရာဝန်သည် အထူးလူတန်းစားဖြစ်ပါသည်။ လက်ဖျားတွင် ငွေသီးနိုင်ပြီး၊ ဂုဏ်ကလည်း တွဲလျက်သားပါလာသော ရွှေမင်းသားလေးများ ဖြစ်ပါသည်။ ဇာတ်လမ်းများထဲတွင် မေမေပေးစားမည့် ဆရာဝန် ဟု လူကြမ်းရာထူးရသူများဖြစ်ပါသည်။ ယခုမူ အခြေအနေကွာခြားသွားသည်ကို (အခြားသူများမသိသည့်တိုင်) ကာယကံရှင် ဆရာဝန် ကမူ သိနေပါသည်။ ဆရာဝန်များ ရုန်းရကန်ရသော အခြေအနေကို တော်ရုံလူများမသိနိုင်ပါ။ တကယ်တော့ ငွေရေးကြေးရေးကို ထည့်ပြောနေရသည်မှာလည်း ရှက်ဖို.ကောင်းပါသည်။ ပကတိအခြေအနေကမူ ငွေသည် ဘ၀အဆင့် အတန်းကို သတ်မှတ်နေပါသည်။ နာမည်သာရှိပြီး နာမည်နဲ.လိုက်အောင် ငွေကို ကုန်းရုန်းရှာနေရသူများသည် အကဲဆတ်တတ်ပါသည်။
၃-၂။ တစ်ဖက်ကလည်း 'ဆရာဝန်ဆိုသည်မှာ' ဟူသော စေတနာထားရမည့်၊ ကိုယ်ချင်းစာစိတ်မွေးရမည့် သတ်မှတ်ချက်များသည် မချည်နှောင်သည့်တိုင် ချည်နှောင်သကဲ့သို. 'ကန်.' ထားလျက်ရှိပါသည်။ သူငယ်ချင်းတစ်ယောက် စိတ်နာနာနှင့် ပြောဘူးသည်ကို အမှတ်ရပါသည်။ ဆရာဝန်က ဆိုက်ကားသမားကို သနားလို. ပိုက်ဆံမယူပဲထားလိုက်ပေမယ့် ဆိုက်ကားသမားက ဆရာဝန်ကျတော့ မယူပဲနေတာမဟုတ်ဘူး။ ယူတာပဲ ဆိုပါသည်။ ဆရာဝန်သည် လူထဲကလူ ဆိုသည့်အချက်ကို မေ့ထားကြခြင်း ဖြစ်ပါလိမ့်မည်။ ဆရာဝန်သည် မေတ္တာ၊ ကရုဏာ အတွက် မွေးဖွားလာသူ အထူးလူသားများမဟုတ်ပါ။ အထူးအခြေအနေရောက်အောင် တွန်းပို.ခံထားရသည့်တိုင် လောဘ၊ဒေါသများနှင့် လူသာဖြစ်ပါမည်။
၃-၃။ ဆရာဝန်အငယ်များသည် ခေတ်ပျက်ဝယ် ဆရာဝန်ဖြစ်လာရသူများဖြစ်ပါသည်။ ငယ်စဉ်က ထိပ်ဆိုသောနေရာမှနေ၍ ထိပ်ဆိုသောနေရာကို ကြိုးစားခဲ့သည့်တိုင် ထိပ်ဆိုသော နေရာဝယ် ဘာမှမရှိသည်ကို ဘ၀နှင့်ရင်း၍ ခါးသီးစွာ သိလိုက်ရသော လူငယ်များသာဖြစ်ပါသည်။ သည်ကြားထဲက ခေတ်အဆက်ဆက်က မှားယွင်းလာခဲ့သောဆရာဝန်အချို.၏ လုပ်ရပ်ကြောင့် 'ဆရာဝန်ဆိုသည်မှာဟု ၀ါးလုံးရှည်နှင့် သိမ်းအရမ်းခံရသောအခါ' စိတ်ထွက်ပေါက်မရှိဖြစ်နေပါမည်။ သူတို.ကို နားလည်သည့်တိုင် သူတို.၏အချို.လုပ်ရပ်ကို ထောက်ခံသည်ဟု မပြောနိုင်ပါ။
၎-၁။ နောက်ခံကို တွေးပြီးလျှင် လက်ရှိအနေအထားကို ပြန်တွေးပါမည်။ စကားက လူတိုင်း မှားတတ်ပါသည်။ စကားကျွံလျှင် နှုတ်ရခက်ပါသည်။ နှုတ်ရမည့်စကားကို နှုတ်ခွင့်ရှိသူက မနှုတ်ပဲ ထင်ရှားအောင် ထိပ်ဆုံးက တင်ပြီး ပွဲဆူအောင်လုပ်ခြင်းသည် ပြောလိုက်မိသူထက် လုပ်လိုက်သူက အပြစ်ကြီးပါသည်။ တမင်လုပ်ခြင်းဟုပဲ ပြောရန်ရှိပါသည်။ ဖရန်.လူသာမော့ Frank Luther Mott (1941) က အ၀ါရောင်သတင်းတို.၏ လုပ်လေ့လုပ်ထပုံစံများကို ဖေါ်ပြရာတွင် ပထမဆုံးအချက်အနေဖြင့် ခြောက်ခြားဖွယ်ရာစလုံးမည်းဖြင့် ပြူးပြူးပြဲပြဲဖေါ်ပြခြင်း (အထူးသဖြင့် သာမန်သတင်းများ) ကို လုပ်လေ့ရှိသည်ဟု ပြောပါသည်။ ဂျာနယ်လစ်၏ သဘောသဘာဝကို မသိသူက ပြောမိသည်။ ပွဲဆူမည့်စကားကို ထိပ်ဆုံးက တင်ထားခြင်းသည် မရိုးသားခြင်းသာဖြစ်သည်။ စိတ်ဆိုးကြသူများကို အပြစ်မတင်လိုသော်လည်း တကယ်တော့ နှပ်ကြောင်းပေးထားသည့် အကွက်ထဲ တိုးဝင်ကြခြင်းသာဖြစ်သည်။ တကယ်တော့ ပြဿနာကို အရင်းထိ မြင်တတ်အောင် စဉ်းစားဖို.က လိုပါသည်။
၎-၂။ ကိုယ့် ပရော်ဖက်ရှင်နယ်ကို ကာကွယ်လိုခြင်းကို အပြစ်ပြောရန်မရှိသော်လည်း ရိုင်းစိုင်းစွာ တုံ.ပြန်ခြင်းသည် ကာကွယ်ရာမရောက်သည့် အပြင် ပိုဆိုးရန်သာ ဖြစ်ပါမည်။ ဆရာဝန်သည် ငါးစိမ်းသည်မဟုတ်ပါ။ (သည်းခံပါ၊ ငါးစိမ်းသည်ကို နှိမ်ခြင်းမဟုတ်ပါ၊ ဆိုလေ့ရှိသောအပြောကို နားလည်အောင်ပြောခြင်း ဖြစ်ပါသည်) လုပ်ရသော သဘောသဘာဝသည် ပညာရှင် ၊ ကရုဏာရှင် နေရာ ဖြစ်ပါသည်။ (ကရုဏာစိတ်မွေး၍ မရသည့်တိုင်) ပညာရှင်အနေဖြင့် ကိုယ့် ပရော်ဖက်ရှင်နယ်ကို ကာကွယ်ခြင်းကို ပညာရှင် ဆန်စေချင်ပါသည်။ ဆဲဆိုကြမ်းတမ်းမှုသည် ကာကွယ်မှုလား ပြောရခက်ပါသည်။ အကောင်းထက် အဆိုးက ပိုလာမည်ဟု ပြောလိုပါသည်။
၎-၃။ ပညာရှင်ဆန်စွာဟု ပြော၍မရသည့်တိုင် အကျိုးသင့် အကြောင်းသင့် ပြောခြင်းအထိ လက်ခံပါသည်။ သို.သော်လည်း တစ်ဖက်မှ အနေအထားကိုလည်း ကြည့်စေချင်ပါသည်။ တစ်ဖက်လူသည် မသိနားမလည်သူဆိုလျှင် ရှင်းပြခြင်းကဲစေချင်ပါသည်။ တစ်ဖက်သူသည် သိသိနှင့် တမင် စော်ကားရန် ကြံရွယ်သူဆိုပါက မပြောသည်က ပြောသည်ထက် ကောင်းပါလိမ့်မည်။ ထို.အတူ ပညာရပ်ဆိုင်ရာကိစ္စကို မသိပဲ ကလေးပြောပြောနေသူများကိုလည်း ရှင်းကြည့်ပါ။ ရှင်းမရလျှင် ၊စကားကပ်နေလျှင် ဆက်ရှင်းသူသာ ဒေါသထွက်ရပါမည်။ ဥပေက္ခာ ပြုရမည့် အချိန်တစ်ချိန်သည်လည်း အမြဲတမ်းရှိနေပါသည်။
၎-၄။ ဆရာဝန်တွေလား၊ ငါးစိမ်းသည်လားဟူသည့် စကားသည်လည်း ၀ါးလုံးရှည်နှင့် ရမ်းသည့်စကားမျိုးဖြစ်သည့်တိုင် စေတနာကို ခံစား၍ရပါသည်။ မသိသူတစ်ယောက်ကို အုံနှင့်ကျင်းနှင့် ၀ိုင်းပြောကြခြင်းအထိ လက်ခံပါသည်။ ရိုင်းစိုင်းစွာဆဲဆိုသည်ကတော့ ရှက်ဖို.ကောင်းပါသည်။ မသိသူကို ခွင့်လွတ်၍ရပါသည်။ ခွင့်မလွတ်သင့်သည်က 'ယုတ်မာသူ'သာဖြစ်ပါသည်။ ယုတ်မာသူသည် သူ.နယ်ပယ်တွင်ရှိသလို ကိုယ့်နယ်ပယ်တွင်လည်း ရှိနေနိုင်ပါသည်။ တမင်စော်ကားလိုသူ၊ ယုတ်မာလိုသူများကတော့ ဥပေက္ခာပြုလည်း ဆက်ရှိနေပါမည်။
၎-၅။ ဥပေက္ခာပြု၍ မရသူများအတွက် ပုံပြင်တစ်ပုဒ် ပြောရပါဦးမည်။ ပုံပြင်လား၊ ဘုရားဟောလားမူ (ကျမ်းဂန်နှံ.စပ်သူ မဟုတ်၍) မသေချာပါ။ တခါက မြွေတစ်ကောင်သည် လမ်းဘေးတွင် တရားအားထုတ်နေပါသည်။ နွားကျောင်းသားတစ်စုကရောက်လာပြီး အဝေးမှ ခဲနှင့် ပစ်ကြည့်ပါသည်။ မြွေက မတုံ.ပြန်ပါ။ တဖြည်းဖြည်းနှင့် ပို၍ အတင့်ရဲလာပြီး စိတ်ကြိုက် တုတ်နှင့် ထိုးကြဆွကြပြီး အားရမှထွက်ခွာသွားကြပါသည်။ မြွေကြီးမှာ ဒဏ်ရာများနှင့် ကျန်ခဲ့ချိန်တွင် ဘုရားရှင်ကြွလာပြီး မေးမြန်း၊ အကြောင်းစုံသိချိန်တွင်ဆုံးမပါသည်။ ကလေးသူငယ်များလာရောက်ချိန်တွင် မြွေမှန်းသိအောင် ပါးပျဉ်းပြလိုက်လျှင် ကလေးများကြောက်လန်.ထွက်ပြေးပါလိမ့်မည်။ ထိုအခါမှ တရားအားထုတ်လျှင် ပို၍ ငြိမ်းငြိမ်းချမ်းချမ်း တရားအားထုတ်၍ မရပါသလောဟု ဆုံးမတော်မူပါသည်။
၅-၁။ အချို.ကိစ္စများတွင် တုံ.ပြန်ရမည့်အချိန်၊ ဥပေက္ခာပြုရမည့်အချိန်များ ရှိနေပါသည်။ ထို.အတူ အမောက်ထောင်ကာ ပါးပျဉ်းခွက်ပြရမည့်အချိန်လည်း သေသေချာချာရှိနေပါသည်။ ထို.ထက်ပို၍ ဆိုရန်မရှိပါ။ ။

Thursday, 26 January 2012
ပညာရေး သင်ပုန်းကြီးဖတ်စာ (၁) (မောင်နေလွင် လက်ဆော့သည်။)
ပညာ၊ ပညာရပ်ဆိုင်ရာ၊ ပညာရေး၊ ပညာသင်ကြားရေး ဟူသော စကားစပ်များမှာ ကျွန်တော် အဖို့ အင်မတန်မှ အူချာလည်သော စကားလုံးများ ဖြစ်သော်လည်း အမည်နာမ တတ်ပြီး စသူကစလေရာ ကျွန်တော် ထင်ရာတွေ တင်ဆက်သွားမည်ဖြစ်ပါကြောင်း၊ :)
သို့ပါ၍ ဤစာ၏ ရည်ရွယ်ရင်းကိုက ရိုးရိုးသာဖြစ်လေရာ ကိုးကားချင်သူများ သီးခံကြစေလို။
ပညာရေး (ပညာသင်ကြားရေး) လို့ဆိုရင် ပထမစဉ်းစားမိတာက
၁။ သင်ကြားသူ (ဆရာ)
၂။ သင်ယူသူ (တပည့်)
၃။ သင်ကြားသင်ယူရာ ပတ်ဝန်းကျင်
်လို့သုံးချက်ကစမြင်ပါတယ်။ ဘာလို့ သုံးချက်ကစမြင်သလဲဟု မေးလာရင် အကျင့်ပါနေ၍သာ :)
မယုံရင်ကြည့် စိတ်ဓာတ်-စည်းကမ်း-ပညာ၊ မိဘ-ဆရာ-ကျောင်းသား၊ Agent-Host-Environment ၊ Knowledge-Attitude-Practice တဲ့။ ဆွဲထားရင်လဲ သုံးနားညီတြိဂံ တွေချည့်ပဲ၊ ၃ ခုဆိုရပြီ၊ ဘာစတုတ္ထ မဏ္ဍိုင်မှမလိုဘူး၊ သူ့ဘာသာဆိုရှင်းနေတာ။ :P
ဒါဆိုလဲကွယ် ပညာဆိုတာကြီးကဘာကြီးလဲ ဘာလို့သင်နေကြရတာလဲ ဆိုရင်တော့ ငယ်စဉ်ကထဲက သဘောကျခဲတဲ့ ဆရာကြီးဒေါက်တာသန်းထွန်းစကားပြန်ကိုးကား ပါရစေ။ မေးတဲ့သူရဲ့မေးခွန်းက "သမိုင်းဘာလို့သင်တာလဲ၊ တခွန်းထဲနဲ့ဖြေပါတဲ့" ။ ဆရာကြီးဖြေလိုက်တာက "မအ အောင်လို့ပါ တဲ့" ။ ကဲ အကုန်ပါရော။
ကျယ်ကျယ်နဲ့ကြီးကြီးတွေပြောရရင်၊ လူနဲ့တိရိစ္ဆာန် တို့ရဲ့ တိုးတက်လာမှု မှာ အစဉ်အဆက် မှတ်သားထားတဲ့ အသိတွေကို မျိုးဆက်အလိုက် လွဲပြောင်း ပေးနိုင်ခဲ့မှုက ကွာခြားသွားတယ်လို့ ထင်ပါတယ်။
တဖြည်းဖြည်းနဲ့ မှတ်စရာတွေကများလာတော့ External Hard-disk ထဲထဲ့ရတာပေါ့။ နော့ ကိုပြည့်ဖြိုး။ :)
မှတ်စရာတွေကလဲများ လူတွေကလဲမအားနဲ့ ဒီလိုဆိုခက်ရချည်သေးဆိုပြီး ကဲ ငါတို့ထဲက များများတတ်တဲ့သူက နောက်လူတွေကို သင်လိုက်ကွာ၊ မင်းစားဖို့နေဖို့ အတွက်ပူမနေနဲ့ ငါတို့တာဝန်ထား ဆိုပြီး ဆရာကြီးမြှောက်လိုက်တာဖြစ်မှာပေါ့။ တချို့ကလဲ ဒီကောင်ငါ့လောက်တော့ မတတ်ပါဘူးကွာ၊ ဒါပေသိ ငါဝင်ပြောမိရင် ငါသင်နေရမယ်၊ မဖြစ်ချေဘူး၊ ဒင်းတို့ ကျွေးထားမယ်ဆိုတာ ငါ GP ခုတ်သလောက် ရမှာမသေချာဘူး လို့တွေးတဲ့သူလဲရှိမှာပေါ့၊ (ရှေးတုံးကပြောတာနော် :P)
အဲဒီလိုနဲ့ကြာလာပြန်တော့ ဆရာကြီးခမြာလဲ သူမှတ်လို့မနိုင်အောင်ရှိလာတော့ ဒီပုံဆို ငါနာမည်ပျက်ရတော့မယ်၊ အကုန်လိုက်မှတ်လို့ မဖြစ်ဘူး၊ ပိုင်တာလေးပဲ သင်မယ်ဆိုပြီး အထူးပြု ဘာသာရပ်ရယ်လို့ ဖြစ်လာတာနေမှာပေါ့၊ သစ္စကကြီးတို့မောင်နှမတွေတောင် အဖေ့ဆီကဝါဒငါးရာ အမေ့ဆီကဝါဒငါးရာ သင်ရတာ။ သူတို့လင်မယားချင်းတော့သင်ပုံ မရဘူးဗျ။
တပည့်တွေကကော အခုလိုပဲလား၊ အဲလိုပဲဖြစ်မှာပေါ့ဗျာ၊ နိုင်သလောက်သွားသင်ကြ၊ တတ်သလောက်နဲ့လုပ်ကိုင်စား၊ ဘာသာစုံ ဂုဏ်ထူးထွက်ရင် ဆရာကြီးက ဆုအကြီးကြီးချတာပေါ့ဗျာ၊ သမီးတောင်ပေးသေးတာ။ :P လုံးလုံး ပညာမသင်မိလို့ကတော့ဗျို့ ပြောကြလိမ့်မယ်၊ နင်သာလူမိုက်ဒုစရိုက်တဲ့၊ နာမဲ့သာကြံ။
အဲဒီတော့ မြန်မာပြည်မှာကောကွယ် အခုခေတ်စားနေတဲ့ Student Centered Learning တို့ဘာတို့တော့ ရှိလောက်ပါဘူးလို့ ဆိုလာရင်တော့
ဆရာကိုစိုးမင်းတောင် လေယာဉ်ပျံအစ ဒဿဂီရိကလို့ ဆိုသေးတာ၊ တို့ကလဲ ပညာရေးအစ တကောင်းကလို့ ပြောမှာပေါ့၊ မောင်ပေါက်ကျိုင်းတောင် နဂါးနိုင်မင်းဖြစ်သေးတာပဲ။ :)
ဒီနေ့အဖို့တော်ပြီဗျာ။ :D
သို့ပါ၍ ဤစာ၏ ရည်ရွယ်ရင်းကိုက ရိုးရိုးသာဖြစ်လေရာ ကိုးကားချင်သူများ သီးခံကြစေလို။
ပညာရေး (ပညာသင်ကြားရေး) လို့ဆိုရင် ပထမစဉ်းစားမိတာက
၁။ သင်ကြားသူ (ဆရာ)
၂။ သင်ယူသူ (တပည့်)
၃။ သင်ကြားသင်ယူရာ ပတ်ဝန်းကျင်
်လို့သုံးချက်ကစမြင်ပါတယ်။ ဘာလို့ သုံးချက်ကစမြင်သလဲဟု မေးလာရင် အကျင့်ပါနေ၍သာ :)
မယုံရင်ကြည့် စိတ်ဓာတ်-စည်းကမ်း-ပညာ၊ မိဘ-ဆရာ-ကျောင်းသား၊ Agent-Host-Environment ၊ Knowledge-Attitude-Practice တဲ့။ ဆွဲထားရင်လဲ သုံးနားညီတြိဂံ တွေချည့်ပဲ၊ ၃ ခုဆိုရပြီ၊ ဘာစတုတ္ထ မဏ္ဍိုင်မှမလိုဘူး၊ သူ့ဘာသာဆိုရှင်းနေတာ။ :P
ဒါဆိုလဲကွယ် ပညာဆိုတာကြီးကဘာကြီးလဲ ဘာလို့သင်နေကြရတာလဲ ဆိုရင်တော့ ငယ်စဉ်ကထဲက သဘောကျခဲတဲ့ ဆရာကြီးဒေါက်တာသန်းထွန်းစကားပြန
ကျယ်ကျယ်နဲ့ကြီးကြီးတွေပြောရရင်
တဖြည်းဖြည်းနဲ့ မှတ်စရာတွေကများလာတော့ External Hard-disk ထဲထဲ့ရတာပေါ့။ နော့ ကိုပြည့်ဖြိုး။ :)
မှတ်စရာတွေကလဲများ လူတွေကလဲမအားနဲ့ ဒီလိုဆိုခက်ရချည်သေးဆိုပြီး ကဲ ငါတို့ထဲက များများတတ်တဲ့သူက နောက်လူတွေကို သင်လိုက်ကွာ၊ မင်းစားဖို့နေဖို့ အတွက်ပူမနေနဲ့ ငါတို့တာဝန်ထား ဆိုပြီး ဆရာကြီးမြှောက်လိုက်တာဖြစ်မှာပေ
အဲဒီလိုနဲ့ကြာလာပြန်တော့ ဆရာကြီးခမြာလဲ သူမှတ်လို့မနိုင်အောင်ရှိလာတော့
တပည့်တွေကကော အခုလိုပဲလား၊ အဲလိုပဲဖြစ်မှာပေါ့ဗျာ၊ နိုင်သလောက်သွားသင်ကြ၊ တတ်သလောက်နဲ့လုပ်ကိုင်စား၊ ဘာသာစုံ ဂုဏ်ထူးထွက်ရင် ဆရာကြီးက ဆုအကြီးကြီးချတာပေါ့ဗျာ၊ သမီးတောင်ပေးသေးတာ။ :P လုံးလုံး ပညာမသင်မိလို့ကတော့ဗျို့ ပြောကြလိမ့်မယ်၊ နင်သာလူမိုက်ဒုစရိုက်တဲ့၊ နာမဲ့သာကြံ။
အဲဒီတော့ မြန်မာပြည်မှာကောကွယ် အခုခေတ်စားနေတဲ့ Student Centered Learning တို့ဘာတို့တော့ ရှိလောက်ပါဘူးလို့ ဆိုလာရင်တော့
ဆရာကိုစိုးမင်းတောင် လေယာဉ်ပျံအစ ဒဿဂီရိကလို့ ဆိုသေးတာ၊ တို့ကလဲ ပညာရေးအစ တကောင်းကလို့ ပြောမှာပေါ့၊ မောင်ပေါက်ကျိုင်းတောင် နဂါးနိုင်မင်းဖြစ်သေးတာပဲ။ :)
ဒီနေ့အဖို့တော်ပြီဗျာ။ :D
“မြန်မာနိုင်ငံဆေးလောကကို ပြုပြင်ပြောင်းလဲလိုသည့် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်မောင်ဝင့်”
ဆရာဝန်များအပေါ်သုံးသတ်ချက်
ဆရာဝန်လောကမှာ တော်တော်လေးကို လျော့ရဲလာတယ်။ အသိပညာ၊ အတတ်ပညာဘက်မှာ အားနည်းလာတာ မဟုတ်ဘူး။ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာလည်း အားနည်းလာတယ်။ စိတ်ဓါတ်ကိုရော ကျင့်ဝတ်သိက္ခာပိုင်းကိုရော ပြန်လည် ပျိုးထောင်ပေးရမယ့် အခြေအနေမှာ ရှိပါတယ်။ အားလုံးဝိုင်းဝန်းပြီး လုပ်ရမဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဖြစ်စေသတည်းလို့ ပြောရုံနဲ့ မရပါဘူး။
ပြုပြင် ပြောင်းလဲမှု လိုအပ်
ဒီဘက်ကလည်း ပြုငြင် ပြောင်းလဲဖို့ အများကြီး လိုပါတယ်။ စနစ်တကျ ၀ိုင်းဝန်းလက်တွဲဖို့ လိုပါတယ်။ ဒီအချိန်မှာ ပြည်သူလူထုက နားမျက်စိပွင့်လာပြီး အသိပညာလေးတွေ ဗဟုသုတလေးတွေက အများကြီး ကျယ်ပြန့်လာပြီ၊ ထို့နည်းတူပဲ မီဒီယာလောကက ထွန်းကားလာပြီ။ ဒီကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို စိတ်ဝင်စားလာပြီ။ သူတို့ကလည်း နိုးကြားလာတဲ့သဘောရှိတယ်။ ဥပဒေပိုင်းဆိုင်ရာပုဂ္ဂိုလ်တို့ကလည်း စိတ်ဝင်စားလာတယ်။ အမှန်တရားအတိုင်း ရပ်တည်လာချင်တဲ့ စိတ်ဆန္ဒတွေကလည်း များလာတဲ့ အတွက် ကျနော်တို့က ထိုက်ထိုက်တန်တန် ရှိနေဖို့ အများကြီးလိုတာပေါ့။ ပြည်သူလူထုကို အသိပညာပေးဖို့လည်း လိုတယ်။ ထိုက်ထိုက်တန်တန် နေရာပေးသလို ကျနော်တို့ စဉ်းစားရမယ့် လမ်းကြောင်းထဲမှာ ထည့်ခေါ်သွားဖို့လည်း လိုတယ်။ ဒီအပိုင်းမှာဆေးလောကအတွက် စနစ် (System) တစ်ခုလုံးကို ပြန်ပြီး ပြုစုပျိုးထောင်ပေးရဦးမှာပါ။ လိုအပ်ချက်တွေ အားနည်းချက်တွေ တော်တော်များတယ်လို့ ဝေဖန်နေကြတဲ့ ကာလ ဖြစ်တဲ့အတွက်ကြောင့် ဒါလေးတွေကို အားကြိုးမာန်တက် ဖိဖိစီးစီး ပြုပြင်ပြောင်းလဲဖို့ လိုနေပြီ။ ပညာရှင်တွေကို လုပ်ငန်းခွင်အတွင်းမှာ ပျော်မွေ့အောင် ဘယ်လိုထားမလဲဆိုတဲ့ ကိစ္စက အင်မတန် အရေးကြီးပါတယ်။
ဒါကြောင့် ပုဂ္ဂလိက ဆေးရုံတွေကို ဖွင့်ခွင့်ပေးထားပြီဆိုရင် လွတ်လပ်ခွင့်ပေးထားသလို၊ ထိမ်းသိမ်းကြပ်မတ်ပေးရမယ်။ အရေးယူတာမျိုးလည်း ရှိရမယ်။ ဒါတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဥပဒေရှိနေပေမယ့် ဥပဒေအတိုင်း မလုပ်နိုင်သေးတဲ့ အားနည်းချက်တွေ ရှိသေးတယ်။
တက္ကသိုလ်ကျောင်းသားပြုန်းတီး
ကျောင်းသားတွေ ပြုန်းတီးတဲ့နေရာမှာ ပညာမတတ်လို့ ပြုန်းတီးတာ တစ်ခုတည်း မကဘူး။ ဆရာဝန်လုပ်တဲ့သူတွေ ဆရာဝန်အလုပ်ကို မလုပ်ဘဲနဲ့၊ အခြားအလုပ်အကိုင်တွေကို လုပ်ကိုင်နေကြတယ်ဆိုယင်လည်း ပြုန်းတီးမှုလို့ ခေါ်ရမှာပါ။ အခြားအလုပ်ကို ပြောင်းလုပ်တဲ့သူတွေကို ဝေဖန်တာ မဟုတ်ပါဘူး။ ဆရာဝန်အလုပ်ကို မလုပ်ပဲ တခြားအလုပ်မှာ ပိုပြီးအောင်မြင်သွားတာ၊ ပိုပြီးလောကကြီးအတွက် အကျိုးပြုနိုင်တာ ယုံပါတယ်။ သူတို့တွေအတွက် ကျနော်တို့က ၅ နှစ် ၆နှစ် လေ့ကျင့်ပေးထားတာဟာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဖြစ်တဲ့အတွက်ကြောင့် စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါလည်း ပြုန်းတီးခြင်း တစ်မျိုးပါပဲ။
ထိုက်ထိုက်တန်တန် လုပ်ပေးသင့်
ကျနော်တို့အနေဲ့ လူမှုရေး အသိုင်းအ၀ိုင်းအတွင်းမှာ ထိုက်ထိုက်တန်တန် ဘယ်လိုထားမလဲ။ တချိန်လုံး နိုင်ငံခြားထွက်နေတယ်။ ထွက်ပါ။ ထွက်ပြီးပြန်လာတဲ့သူတွေကိုလည်း နေရာပေးနိုင်ရမယ်။ တချို့က ပညာသင်ချင်လို့ တတ်ကျွမ်းချင်လို့ သွားကြတယ်။ အသိပညာ အတတ်ပညာနဲ့ ပြန်လာတဲ့အခါမှာ အသိုင်းအ၀ိုင်းအတွင်းမှာ သူတို့အတွက်လည်း သူတို့ လုပ်ချင်ရင် နေရာပေးနိုင်တဲ့ အစီအစဉ်လေးတွေ ရှိရမှာပေါ့။ ဒါလည်း ကျနော်တို့အတွက် အများကြီးလိုအပ်တယ်လို့ ထင်ပါတယ်။ မွေးထုတ်တယ်၊ Training ပေးလိုက်တယ်၊ လေ့ကျင့်ပြီးတဲ့နောက် ထိုက်ထိုက်တန်တန် ဘယ်လို အသုံးချမလဲ ဆိုတာလည်း အရေးကြီးတယ်။
အနာဂါတ်မရှိဘူး၊ အနာဂါတ် မခိုင်မာဘူး ဆိုယင် ဘယ်သူမှ မနေချင်ဘူး။ ဒါကိုတော့ ကိုယ်ချင်းစာရမှာပေါ့။ ကျောင်းသားဘက်ကလည်း (လုပ်ကိုင်ပေးဖို့) လိုသေးတယ်။ ဘွဲ့လွန်ပညာသင်တန်းတွေ နိုင်ငံခြား ပြည်တွင်းပြည်ပ သင်တန်းတွေကို အရင်က လုပ်ကိုင်ပေးခဲ့သလို အခုလည်း လုပ်ကိုင်ပေးနေပါတယ်။ မြင်သာ ထင်သာ ပွင့်ပွင့်လင်းလင်း လုပ်ဆောင်နိုင်တဲ့ ခေတ်စနစ်မှာ ဒီသဘောတရားလေးတွေက ပိုပြီး ရှိမှာပဲ။ အဲဒါတွေရှိမှ တိုးတက်ထွန်းကားလာမယ်လို့ ထင်ပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင် ပေးတဲ့ နေရာမှာလည်း နေပျော်အောင် လုပ်ပျော်အောင် လုပ်ပေးရမယ်။ ရန်ကုန်မှာနေတဲ့သူနဲ့ မန္တလေးမှာ နေတဲ့သူနဲ့ ဝေးလံခေါင်ဖျားမှာ နေတဲ့သူတွေက အခြေအနေချင်း ဘယ်တူနိုင်မှာလဲ။
အဲဒီနေရာကိုသွားဖို့ကို အတင်းအဓ္ဓ အမိန့်ထုတ်ပြီး သွားခိုင်းနေလို့ မပြီးပါဘူး။ တရားဟောနေယုံနဲ့လည်း မပြီးပါဘူး။ လက်တွေ့ကျကျ ဖြည့်ဆည်းလုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဥပမာဆိုပါတော့ လူတစ်ယောက်ယောက်ကို ဝေးလံခေါင်သီတဲ့ နေရာတစ်နေရာကို ပို့လိုက်ပြီဆိုပါတော့။ ဒီဒေသသည် ဘယ်တိုင်း၊ ဘယ်ပြည်နယ်မှာ ရှိသလဲ။ အဲဒီဒေသကြီး/ပြည်နယ်ကြီးက ဒီဆရာဝန်လေး နေပျော်သွားအောင် လုပ်ပေးဖို့ လိုတာပေါ့။ ဥပမာ- ရန်ကုန်မှာ တစ်သိန်းပေးရင် ဝေးလံတဲ့ နေရာမှာ နေသူကို လစာပိုပြီးပေးရမယ်။ အခွင့်အရေး ပိုပေးရမယ်။ ရန်ကုန်လာဖို့အတွက် တစ်နှစ်မှာ ဘယ်လောက် ကျခံပေးမလဲ။ ပညာရှင်ဆွေးနွေးပွဲတွေ သွားဖို့ တစ်နှစ်မှာ ဘယ်လောက် ခွင့်ပြုပေးမလဲ။ ဘယ်လို တခြားလိုအပ်ချက်မျိုးကို ဖြည့်ဆည်းပေးမလဲ။ တိုတိုပြောရရင် ကိုယ့်ဒေသအတွက် အလုပ်လာလုပ်တဲ့ ၀န်ထမ်းကို မိမိက ဘယ်လို ပံ့ပိုးမလဲ။ ၂ နှစ် ၃ နှစ် ရှိယင် ပြောင်းလို့ ရပြီဆိုတာမျိုး ဖြစ်သင့်တယ်။
အစကတည်းက ကတိက၀တ်နဲ့ လုပ်ပေးစေချင်တယ်။ ၂နှစ်ဆိုလုပ်မယ်။ ၃ နှစ်ဆို မလုပ်ဘူးဆိုတာမျိုး ရှိလာမယ်။ တမေ့တမော ထားမယ်ဆိုတာမျိုးကတော့ မကောင်းပါဘူး။ ဒီကာလမှာလည်း မှန်ကန်ကောင်းမွန်တဲ့ ပံ့ပိုးစောင့်ရှောက်မှုတွေ ပေးမယ်ဆိုရင် လုပ်ပျော်တာပေါ့။ သူနေတဲ့ ကာလအတွင်း ကောင်းကောင်းလုပ်ပေးမှာပေါ့။ ဟိုတုန်းက ပြည်နယ်ထောက်ပံ့မှုနဲ့ လာတာမျိုးရှိတယ်။ အောင်သွားယင် သူ့ပြည်နယ်မှာ နှစ်ဘယ်လောက်ဆိုတာမျိုး လုပ်ပေးရတယ်။ အစကတည်းက မိမိပြည်နယ်အတွက် အကုန်အကျခံပြီး ပြုစုပေးရတဲ့ သဘောမျိုး ရှိပါတယ်။ ဒါလေးတွေလည်း ပြန်လုပ်ပေးမယ်ဆိုရင် အဆင်ပြေပြေလေးတွေ ဖြစ်လာနိုင်စရာ အကြောင်း ရှိတာပေါ့။ ဒါတွေက အဓိက အချက်တွေပါ။ အသေးစိတ်ပြောမယ်ဆိုရင် ပြောစရာ အများကြီး ရှိပါတယ်။
ပုဂ္ဂလိက ဆေးရုံ
ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်ပေးခဲ့တယ်။ ခွင့်ပြုထားတာနဲ့ အမျှ ပုဂ္ဂလိက ဆေးခန်းတွေ ဆေးရုံတွေ အတွက် ဥပဒေတွေ ထုတ်ပြန်ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဥပဒေတွေ အသက်ဝင်နေဖို့၊ ဒီဥပဒေနဲ့ အညီ ဆင့်ကဲဆင့်ကဲ ကြည့်ရှု ကြပ်မတ်ပေးဖို့ အင်အားအများကြီး လိုပါတယ်။ သူတို့ စည်းကမ်းတကျ သုံးဖို့၊ သူတို့ အရည်အသွေး ကောင်းမွန်ဖို့၊ ပြည်သူလူထု စိတ်ချမ်းသာဖို့၊ စိတ်ချရတဲ့ အနှစ်သာရ ရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရဖို့ အခွင့်အရေးပေးရုံ၊ လွတ်လပ်ခွင့်ပေးရုံနဲ့ မပြီးပါဘူး။ ထိမ်းသိမ်းကြပ်မတ်ခြင်း သဘောက လိုကိုလိုပါတယ်။ နိုင်ငံတကာမှာ ဥပဒေ ရှိပါတယ်။
မြန်မာနိုင်ငံဆေးကောင်စီ (Myanmar Medical Council)
မြန်မာနိုင်ငံဆေးကောင်စီဟာ အစိုးရရဲ့ လက်အောင်မှာ ရှိနေတယ်။ ထုံးစံအားဖြင့် သူများနိုင်ငံတွေမှာ MMC ဟာ Independent Professional Bodies ကိုယ့်အကျိုးစီးပွားကို သယ်ပိုးတယ်။ ကိုယ့်ကိုကိုယ် ထိမ်းသိမ်းစောင့်ရှောက်တယ်။ သမာသမတ်ကျကျလည်း ရပ်တည်တယ်။ ဆေးပညာတစ်ခုလုံးအတွက် တာဝန်ယူပေးရတယ်။ အသေးစိတ် ပြောရရင် သူတို့မှာ လုပ်ငန်းဆောင်တာတွေ အများကြီး ရှိတယ်။ အဲဒါတွေကို လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ လွတ်လွတ် ကျွတ်ကျွတ်နဲ့ ဓမ္မဓိဌာန်ကျကျ ကိုယ့်လောကကို ကိုယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ဒါတွေကို လွတ်တော်မှာ အကျိုးနဲ့ အကြောင်းနဲ့ တင်ပြခဲ့တာတွေကို အားပေးလက်ခံကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံဆေးကောင်စီကို လွတ်လပ်သော Professional Body ဖြစ်အောင် ကြိုးပမ်းနေတယ်။
အဲဒီမှာလည်း ဥပဒေတွေ ရှိပါတယ်။ ဒါတွေကို ပြန်ပြောင်းပြုင်ြပြီးတော့ ၀ိုင်းဝန်းလုပ်ကိုင်ရမယ့် အပိုင်းပါ။ စိုင်းပြင်းနေကြပါပြီ။ ကျနော်ကလည်း နှိုးဆော်ထားပါတယ်။
ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့
ဆေးပညာဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု့အသင်း ကလည်း ဆေးလောက တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ဖို့ပဲ။ ဆရာဝန်နဲ့ ဆေးပညာဝန်ထမ်းတွေကို ပဲ စောင့်ရှောက်တာ မဟုတ်ပါဘူး။ ဆရာဝန်၊ ဆေးပညာ ၀န်ထမ်းအပြင် လူနာ၊လူနာရဲ့ မိသားစုတို့ကို စောင့်ရှောက်ခြင်းသဘောတို့လည်း ပါဝင်ပါတယ်။ ပြဿနာမဖြစ်အောင် ကာကွယ်ခြင်း၊ ပြဿနာလျော့ပါးသွားအောင် ကြိုးစားဆောင်ရွက်ခြင်း၊ ကျင့်ဝတ်သိက္ခာနှင့် လျော်ညီသော ကုသမှုမျိုးပေးနိုင်ဖို့၊ လျော်ညီစွာလုပ်ဆောင်ပေးနိုင်ဖို့ အရည်အသွေးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုး ပေးနိုင်ဖို့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ အဲဒါအပြင် တကယ်လို့များ လွယ်လင့်တကူမဟုတ်ဘဲ ပြဿနာတစ်ခု ရှိခဲ့ရင်၊ အရေးအကြောင်း ကိစ္စပေါ်ခဲ့ရင် မျှတမှုနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်အောင် တရားမျှတမှု ရှိအောင် လုပ်ဆောင်သွားရမယ်။ ဆရာဝန်ဖက်က မှားလို့ လျော်ဖို့လိုရင်လည်း လျော်ပေးရမှာပေါ့။ လူနာအတွက် ထိုက်ထိုက်တန်တန် လျော်ကြေးပေးရမှာပေါ့။ ဆရာဝန်မှာ အပြစ်မရှိဘူး ဆိုရင်လည်း အပြစ်မရှိတဲ့အလျောက် အကျိုးနဲ့အကြောင်းနဲက အချက်အလက်တွေနဲ့ စုံစမ်းမေးမြန်းပြီး ရပ်တည်မှုပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
ဆေးပညာ မတိုးတက်ရတဲ့ အကြောင်းရင်း
ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ပေးတဲ့ ဌာနဆိုင်ရာ သဘောမျိုးမှာ ဆရာဝန်တစ်ယောက်အနေနဲ့ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကြုံတွေ့ခဲ့ရတာ ၂ ချက်ရှိတယ်။ တစ်ချက်က ဗဟိုချုပ်ကိုင်မှုများပြားတာ၊ နောက်တစ်ချက်က ငွေရေးကြေးရေး မပြည်စုံဘူး။ ထောက်ပံ့မှုတွေ ရခဲ့တယ်ဆိုပေမဲ့ ပြင်ပက ပြည့်ပြည့်၀၀ မထောက်ပံ့နိုင်ပါဘူး။ ဘတ်ဂျက်ပိုင်းကို ဘယ်လောက်ပဲ တိုးပေးပါတယ် ပြောပြော လုံလောက်တယ်လို့ မရှိခဲ့ပါဘူး။ ပညာရေးနဲ့ ကျန်းမာရေး ၀န်ကြီးဌာနတွေဟာ ဘဏ္ဏာငွေ ရှာပေးနိုင်တဲ့ ဌာနတွေ မဟုတ်ပါဘူး။ အယူဖက်ကချည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဆေးရုံတွေမှာ ရှိတဲ့ စရိတ်မျှပေး အစီအစဉ်က အောင်မြင်တဲ့နေရာရှိသလို၊ မအောင်မြင်တဲ့နေရာလည်း ရှိပါတယ်။ အောင်မြင်တဲ့နေရာတွေမှာ တော်တော်ကြီးကို အောင်မြင်ပါတယ်။ မအောင်မြင်တဲ့နေရာကို ပံ့ပိုးနိုင်ပါတယ်။ ဒါပေမဲ့ အကျိုးအမြတ်အားလုံးရဲ့ ရာခိုင်နှုန်း အနည်းငယ်ကိုပဲ ပုံပိုးနိုင်ပြီး ရာခိုင်နှုန်းအချို့ကို အစိုးရထဲ တင်သွင်းရပါတယ်။ ဥပမာ- ဆေးရုံကြီးတစ်ရုံပေါ့၊ ဆေးရုံကြီးတစ်ရုံက ရှာလို့ရတဲ့ ၀င်ငွေကို ဆေးရုံပြင်ဆင်ဖို့၊ ဆေးပစ္စည်းဝယ်ဖို့၊ ၀န်ထမ်းတွေချီးမြှင့်ဖို့အတွက် သုံးပိုင်ခွင့် မရှိပါဘူး။ အမြတ်ငွေရာနှုန်းအတော်များများကို ဗဟိုကို ပြန်ပေးလိုက်ရပါတယ်။ ဆေးလောကအတွက် အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ နိုင်ငံတကာကပေးတဲ့ ပုံပေးနည်းစနစ်က (နိုင်ငံရေးကြောင့်) လက်ခံနိုင်ဖွယ်ရာ သိပ်မရှိသလို ပေးတဲ့ ပမာဏကလည်း အားရစရာ မရှိခဲ့ပါဘူး။
မျှော်မှန်းချက်
ဒီခေတ် ဒီအခါမှာ အကူအညီပိုရဖို့ အစိုးရက ဘတ်ဂျက်ပိုချပေးဖို့ မျှော်မှန်းပါတယ်။ ကျနော်တို့ဘာသာ ရှာတဲ့အင်အားကို ကျနော်တို့အတွက် များများသုံးနိုင်ဖို့ မျှော်မှန်းပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ ကောင်းရာကောင်းကြောင်းတွေ ရဖို့ မျှော်မှန်းပါတယ်။ အခုလောလောဆယ်မှာတော့ ငွေကြေး အင်မတန်ရှားပါးပါတယ်။ အခုခေတ် ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မယ်။ အစိုးရရဲ အုပ်ချုပ်ပုံစနစ်ကလည်း ပြောင်းလဲသွာပြီ။ ပေါ်လစီတွေကလည်း ပြောင်းလဲသွားပြီဆိုတော့ အရင်ကထက် တိုးတက်ကောင်းမွန်လာဖို့ မျှော်မှန်းပါတယ်။ တိုးတက်ကောင်းမွန်မယ့် အလားအလာ အခြေအနေတွေလည်း မြင်တွေ့နေရပါတယ်။
ဒီခေတ်ဒီအခါက အပြောစောင်လို့ မရပါဘူး။ ခိုင်းတာကို စောင့်နေဖို့ မလိုပါဘူး။ ကိုယ့်စိတ်ကူး၊ ကိုယ့်အရည်အချင်း၊ ကိုယ့်စေတနာလေးနဲက လက်လှမ်းမီသလောက်လေး အချင်းချင်း ၀ိုင်းဝန်းလက်တွဲပြီး လုပ်သွားဖို့ အများကြီး လိုပါတယ်။ လွှတ်တော်ထဲမှာ ကိုယ်လိုချင်တာလေးတွေကို တင်ပြပါ။ မိန့်ခွန်းအနေနဲက အဆိုအနေဲ့ ဥပဒေကြမ်းအနေနဲ့ တင်ပြလို့ ရပါတယ်။ လိုအပ်တာလေးတွေကို ကိုယ့်ဘက်က စိတ်ဝင်တစားနဲ့ ကိုယ်ထူကိုယ်ထလေး လုပ်သွားရင် နိုင်ငံတော်တိုးတက်မှုက ပိုပြီး မြန်မှာပေါ့။ အလိုက်သင့် ရေစုန်မျောပြီး ဟိုဟာမရှိ၊ ဒီဟာမရှိ ပြောနေတာမျိုး မလုပ်သင့်တော့ပါဘူး။ အပြုသဘော စိတ်ဓါတ်နဲ့ ၀ိုင်းလုပ်ဖို့ အချိန်တန်ပါပြီလို့ ပြောချင်ပါတယ်။ အားနည်းနေတာ၊ နှေးကွေးနေကြတာကိုလည်း ပြင်စေချင်ပါတယ်။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
အယ်ဒီတာ-
တိုင်းပြည်တပြည် ထူထောင်ရာတွင် အစိုးရနှင့် ပြည်သူလူထုသည် တစ်သွေးတစ်သားတည်း ဖြစ်ဖို့ လိုအပ်နေပါပြီ။ အထူးသဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့် လိုအပ်ချက်များကို အစိုးရအနေဖြင့် သိရှိဖို့ လိုအပ်ပါသည်။ အစိုးရနှင့် ပြည်သူလူထုကြား လွဲချော်အဆက်ပြတ်နေသော အပိုင်းအစများလည်း ရှိကောင်းရှိခဲ့မည်။ ထို့ကြောင့် The Street View Journal အနေဖြင့် ဆရာဝန် တစ်ဦးလည်း ဖြစ်ခဲ့၊ ကျန်းမာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်ခဲ့၊ ပါမောက္ခချုပ်လည်း ဖြစ်ခဲ့သည့်အပြင် ယခုလက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်နေသည့် ဒေါက်တာမောင်မောင်ဝင့်နှင့် တွေ့ဆုံခဲ့ပါသည်။ ဆရာဒေါက်တာမောင်မောင်ဝင့်ကလည်း ခေတ်အဆက်ဆက် ကြုံလာခဲ့သည့် မြန်မာနိုင်ငံ၏ ဆေးလောကအပေါ် ဝေဖန်သုံးသပ်ဆွေးနွေးသွားခဲ့ပါသည်။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
The Street View Journal vol 1 no 3 မှ “မြန်မာနိုင်ငံဆေးလောကကို ပြုပြင်ပြောင်းလဲလိုသည့် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်မောင်ဝင့်” ဆောင်းပါးကို အများအကျိုးအတွက် ခွင့်မတောင်းပဲ ရိုက်တင်ခဲ့မိခြင်းအတွက် အဆိုပါ ဂျာနယ်အား အနူးအညွတ် တောင်းပန်ပါသည်။

by Maung Maung Oo on Monday, January 23, 2012 at 9:23pm
Subscribe to:
Posts (Atom)