Friday 27 January 2012

'ပညာ' ဘာနဲ. 'ရေး' ပါမယ်-၁ (ခြေသာလျှင်……..ယဉ်)


(ပညာရေး အကြောင်း တို.တိတို.တိ ရေးမည်ဟု ကြံရွယ်ထားပါသည်။ ထုံ.ပိုင်း ထုံ.ပိုင်း စထားသောကိစ္စများများနေပါပြီ။ ဆရာဝန်များ၏ အက်တီကျုကိုဇောင်းပေးရန်ကြံရွယ်ထားသော 'ဖြောင့်ယူရမည့် အချက်များ' လည်း နှစ်ပုဒ်ပဲရေးရသေးပါသည်။ ရေးရင်းနှင့် စိတ်ကုန်လာတာလည်းပါပါသည်။ နင်လည်း ဒီပုတ်ထဲကဒီပဲပါပဲဟု ကိုယ့်ကိုကိုယ် ဆုံးမတာလည်း၊အဟင်း ။ပါပါသည်။ ယခုလည်း စာမေးပွဲတွင် လက်တွေ.ကိုသာ သဘောကျသည်ဟူသော ကွန်မန်.တစ်ခုကြောင့် ပညာရေးနှင့် ပတ်သက်၍ စရေးပါသည်။ ပိုက်ဆံမရ ၊ဆဲခံရသောစာများဘာကြောင့်ရေးပါသနည်းဟု မေးလျှင် ဖြေရခက်ပါသည်။ တာဝန်ယူမှု၊ဘာမှု၊ညာမှု လျောက်ပြောလျှင်ရသော်လည်း အူယား၍ပါဟု (ဆရာကိုတာဖြေသလို) ဖြေပါမည်။)

၁။ သွားရမည့် ခရီးကားဝေးသေးသည်။ ခြေသာလျှင် ယဉ်အဖြစ်ရှိကုန်၏။ (ဝေဿသရာဇာတ်၊ နံရံဆေးရေးပန်းချီမှစာ)

၂။ မြန်မာ အသိဥာဏ်မှ ပညာကိုမဆိုလိုပါ။ မြန်မာအသိမှ မြတ်စွာဘုရားဟောသော ထိုးထွင်းသိသည့် ပညာအကြောင်း ရှုပ်လာမည်စိုး၍ ကြိုပြောထားခြင်းပါ။ ပညာရေး (Education) အကြောင်းသာပြောပါမည်။  အကျယ်အပြန်.မသိ၍ အပြန်.ကျယ်ကျယ်မပြောနိုင်ပါ။ သိသမျှ ပြောရသောကြောင့်အားနာပါသည်။ ဖိုးဆိုချင် ခင်မောင်ညွန်.ဟုသာ နာမည်တပ်ကြပါလေ။

၃။ ဖွင့်ဆိုချက်က စပြောရမည်။ ပညာဆိုသည်မှာ ကာလတစ်ခုအတွင်း သင်ယူသူတစ်ယောက်၏ ရည်စူးထားသော အမူအကျင့်ပြောင်းလဲခြင်း ဖြစ်ပါသည်။ (expected change in the behavior of the learner in the course of a given period) ရည်စူးထားသော ပြောင်းလဲမှု ဖြစ်ပါသည်။ ပြောင်းတော့ပြောင်းတယ်။ မာနတွေပဲကြီးလာတယ်ဆိုလျှင် ပညာရေးဟုတ်မဟုတ် ဆင်ချင်တော်မူကြပါ။

၎။ ရည်စူးထားသော အမူအကျင့်များကို ပညာရေးဦးတည်ချက်များ( educational objectives) များဖြင့် ရှင်းလင်းစွာ ဖေါ်ပြရပါမည်။ သင်ယူသူ ယခင်က မလုပ်နိုင်သည်ကို သင်ကြားမှုအချိန်ကာလတစ်ခုအပြီးတွင်လုပ်နိုင်ရပါမည်။  ယခု တော့ ပညာရေး ဦးတည်ချက်များ သည် အလွန်အရေးကြီးသည်ဟုသာ မှတ်ယူထားစေချင်ပါသည်။

၅။  ယခင်က ပညာသင်ကြားမှု အယူအဆသည် အတွေ.အကြုံပေါ်တွင်အခြေခံပါသည်။ ဆရာက ဘာသင်ရမည်ကို 'သိ' သည်။ နည်းလမ်းရွေးသည်။ သင်သည်။ စာမေးပွဲစစ်သည်။ အောင်၊ကျဆုံးဖြတ်သည်။ ဆရာဗဟိုပြု ကိစ္စဖြစ်သည်။ ကျောင်းသားတစ်ဦးချင်း၏ ကိုယ်ပိုင်စွမ်းရည်၊ ဆရာတစ်ဦးချင်း၏ စွမ်းရည်၊ တိုင်းပြည်လိုအပ်ချက် အရ ဆီိလျော်မှုရှိမရှိ တို.ကို ထည့်သွင်းတွက်ချက်မှု အားနည်းသည်။

၆။ အသိဥာဏ်ဆိုင်ရာ ဖွင့်ထုတ်မှု (knowledge explosion) ဖြစ်စဉ် ပြီးသည့်နောက် ကျောင်းသားဗဟိုပြု ပညာရေးကိုစဉ်းစားလာကြသည်။ ကျောင်းသား (သင်ယူသူ) ကိုယ်တိုင်၊သိသင့်သော၊ သိမှဖြစ်မည်ဖြစ်သော၊သိလျှင်ကောင်းသော အရာများကို ရွေးချယ်ရမည်။ သင်ယူမှု အပြီးတွင် တတ်မြောက်ရမည်ဖြစ်သော ပညာရေးဦးတည်ချက်များ( educational objectives) ကိုလည်း ရှင်းလင်းစွာ ဖေါ်ထုတ်ထားရမည်ဖြစ်သည်။

၇။ ရည်ရွယ်ချက် (aim) နှင့် ဦးတည်ချက် (objective) တို.ကို ခွဲထုတ်သိထားရပါမည်။

၈။ ရည်ရွယ်ချက်သည် ရောက်ရမည့် ပန်းတိုင်ကို အလွန်ယေဘုယျဆန်စွာ ဖေါ်ပြခြင်းသာဖြစ်သည်။ ( general statement of intent, a goal to be reached) ဥပမာ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်လာစေရန်။ သို.သော်ဆရာဝန်ကောင်းဆိုသည်မှာ ဘာလဲ၊ ဘာတွေတတ်ရမည်လဲ။ ဘယ်အထိတတ်ရမည်လဲ။ ဘယ်လိုအမူအကျင့်ရှိရမည်လဲ။ Aim တွင် ဖေါ်ပြရန်ခက်ပါမည်။

၉။ ဦးတည်ချက် (objective) သည်လည်း ရောက်ရမည့်ပန်းတိုင်ပါ။ သို.သော် ပိုမို တိကျသော ဖေါ်ပြချက်များဖြင့် ဖေါ်ပြရပါမည်။ တနည်းပြောလျှင် တိုင်းတာ၍ ရသော မျော်လင့်ထားသည့် အမူအကျင့်များပါဝင်ရပါမည်။(နောက်ပိုင်းတွင် ရှင်းပါမည်)

၁၀။ behavior change of the learner သင်ယူသူ၏ အမူအကျင့်များပြောင်းလဲရေးကို ဦးတည်သဖြင့် သင်ယူမှု ဦးတည်ချက်များ (learning-objectives) ဟု အမည်တပ်ကြပါသည်။ အမူအကျင့်များပြောင်းလဲရေးကို ဦးတည်သဖြင့် အမူအကျင့်ဆိုင်ရာ ဦးတည်ချက်များ ( behavioral objectives) များဟုလည်းခေါ်ကြပါသည်။ ခေတ်သစ်ပညာရေး၏ အရေးကြီးသော အုတ်မြစ်များလည်း ဖြစ်ပါမည်။

(ဆက်ပါမည်)

No comments:

Post a Comment

Note: only a member of this blog may post a comment.