Friday 27 January 2012

'ပညာ' ဘာနဲ. 'ရေး' ပါမယ် -၂ (ပစ်မှတ်ပျောက်သောမုဆိုး သို.မဟုတ် ဆရာ)


၁။ အတော်တော့ ဂွ ကျပါသည်။ ပညာသင်ကြားရေးအကြောင်း ပြောချင်သောအခါ အမေဘုတ်ချည်မျှင်ထွေးလိုပင် တစ်စဆွဲလျှင် သုံးစလောက်က အမျှင်တန်းပါလာပါလိမ့်မည်။ နွယ်ပင် ကို အဖျားက ကိုင်ပြောမိသလား၊ အရင်းကကိုင်ပြောမိသလား၊ အလယ်ကကိုင်ပြောမိသလားပင်မသေချာတတ်ပါ။ တခါတရံ သူ.နွယ်ကိုကိုင်၍ ကိုယ့်နွယ်လိုလို ပြောမိတတ်ပါသည်။ သူ.ရေမြေမှာ ပေါက်သောနွယ်သည် ကိုယ့်ရေမြေမှာ ရှင်မရှင် စဉ်းစားမိကြပါ၏လော။ ဂွတော့လည်းကျပါပေသည်။

၂။ ထားပါ။ ဘာပဲဖြစ်ဖြစ် ထင်းကနဲနေသော တစ်စတော့ ဆွဲရပါလိမ့်မည်။ သင်ကြားရေး အကြောင်းပြောလျှင်တော့ မပါမဖြစ်ဆိုတာရှာလျှင် ကယ်ရီကူလန် (Curriculum) ဆိုသဟာတော့ တွေ.ပါမည်။ ယင်းသင်ရိုးညွှန်းတမ်း ကလူကလန်ကြီး တွင် အရေးအကြီးဆုံးပြောပါဆိုလျှင်တော့ Objective လို.သမားစဉ်ဖြေခဲ့ကြပါသည်။ သို.ဖြစ်၍ objective အကြောင်း ပညာဘာနဲ.ရေး -၁ တွင် တို.ထားခဲ့ပါသည်။

၃။ ထို ဦးတည်ရာ objective တို. ဦးတည်ရာ နယ်ပယ် (domain) ကြီးသုံးခုရှိသည်ဆိုပါသည်။ နားရှုပ်တော် မမူကြပါနှင့်။ ပညာသင်ကြားသူဆရာတို. ချိန်ရွယ်ပစ်ခတ်ရာ နယ်ပယ်သုံးခုပါ။ ဥပမာပေးပါမည်။ ဓားခုတ်လှံထိုးသင်ကြားပုံနှင့် ကဗျာလင်္ကာ သင်ကြားပုံမတူပါ။ ချိန်ရွယ်ရာမတူ၍ လေ့ကျင့်ပုံမတူပါ။ ထို နယ်ပယ်သုံးရပ်ကို စာသံပေသံဖြင့် Cognitive Domain, Psychomotor Domain , Affective Domain ဟု ပြောကြပါသည်။ ဦးနှောက်ဆိုင်ရာကျွမ်းကျင်မှု  intellectual skills ကို ကွန်နက်တစ်ဒိုမိန်း၊ လက်တွေ.ပိုင်းဆိုင်ရာကျွမ်းကျင်မှု Practical Skills ကို ဆိုင်ကိုမော်တာဒိုမိန်း၊ ဆက်ဆံရေးဆိုင်ရာကျွမ်းကျင်မှု (ဘာသာပြန်ပုံမကြိုက်ပါ၊ အခြားစကားရှာမရ၍ သုံးပါသည်) Communication Skills ကို အဖက်တစ်ဖ်ဒိုမိန်းဟု ဆိုကြပါသည်။ အင်မတန်နားရှုပ်ရပါသည်။ ဦးနှောက်၊ လက်နှင့် နှလုံးသားဟု လွယ်လွယ်သာ မှတ်စေချင်ပါသည်။

၎။ ဦးနှောက်ပိုင်းဆိုင်ရာကို ချိန်ရွယ်ပစ်ခတ်လိုလျှင် အဆင့်သုံးဆင့်ရှိပါသည်။ ပထမဆုံး အချက်အလက်များကို မှတ်မိပြန်ပြောနိုင်ခြင်း recall of facts  ဖြစ်ပါသည်။ အလွတ်ကျက် အဆင့်ဖြစ်ပါသည်။ အလ်ာတန်းကျောင်းသားဘ၀က စာပြန်ရခြင်းကို သတိရစေလိုပါသည်။ ဒုတိယအဆင့်သည် မှတ်သားသိရှိသမျှ အချက်အလက်များကို အသုံးပြု၍ အခြေသစ်အနေသစ်တွင် အသုံးပြုတတ်ခြင်း interpretation of data ဖြစ်ပါသည်။ သင်္ချာဥာဏ်စမ်း ဖြေသလိုပင်ဖြစ်ပါလိမ့်မည်။ နောက်တစ်ဆင့်သည် ပြဿနာဖြေရှင်းခြင်း problem solving ဖြစ်ပါသည်။ လိုအပ်သော အချက်အလက်များကို ပြဿနာတွင် ထည့်သွင်းဖြေရှင်းနည်းဖြစ်ပါသည်။ စာစီစာကုံး ဖြေသလိုဖြစ်မည်ဟု တွေးရပါသည်။ မှားလျှင် ပြင်ကြပါ။

၅။ စကားစပ်၍ ကျန်သည်တို.ကို မပြောမီ မြန်မာနိုင်ငံအကြောင်းပြောရပါမည်။ စာမေးပွဲစနစ်သည် မြန်မာပညာရေးကိုဖျက်ဆီးလိုက်သော တရားခံများဖြစ်နေမည်လား။ အချက်တစ်ခုထဲကို လက်ညိုးမထိုးလိုသော်လည်း အရေးကြီးသည့် အချက်တော့ဖြစ်ပါမည်။ ကလေးများသည် စာတတ်ဖို.ထက် စာမေးပွဲကို ချိန်ရွယ်ပစ်ခတ်ဖို.သာ အားသန်နေပါသည်။ ကလေးများအပစ်မဟုတ်ပါ။ ဆရာများကလည်း စာမေးပွဲ မေးမည်ကိုသာ ဖိသင်နေပါသည်။ ဆယ်တန်းအထိသည် ကွန်နတစ်ဒိုမိန်း၏ ပထမအဆင့် recall of facts မှာပင် တစ်နေပါသည်။ ဆယ်တန်းအောင်တော့မှ ကောင်းလာမည်လားတွေးသော်လည်း ထူးမခြားနားပါပင်။ ကျူရှင်များကိုတရားခံရှာရမည်လားမသိ။ ဘွဲ.ရလာသည်အထိ ဒုက္ခပေးခဲ့သော အရာသည် ထို ဒိုမိန်းပင်ဖြစ်မည်လားမသိ။

၆။ ဆရာများကို လက်ညိုးထိုးစွပ်စွဲလျှင် ဆရာများဆဲကြမည်လားမသိ။ ပညာကို ဇွန်းဖြင့် ခွံ.လျှင် ခွံ.သမျှ၊ပါးစပ်ထရြောက်သမျှကိုပဲဝါး၍ ကျေနပ်နေကြပါမည်။ ပညာပင်လယ်စပ်ဝယ် ခြေထောက်ကလေးစမ်းထောက်ကြည့်ရန် ကြံရွယ်သောကလေးများ ရှိခဲ့ပါသလား၊ ရှိခဲ့လျှင် (ဆရာများက) အားပေးကြပါသလား။ (နစ်မည်စိုး၍) တားခဲ့ကြပါသလား။ မေးချင်သောမေးခွန်းများပါ။ ကျွန်တော်ကတော့ ပုဂံ ဘုရားတွေ ဖူးရန်လာပြီးမှ ဘုရားရှေ.၀ယ်ထိုင်ကာ လမ်းညွှန်စာအုပ်လေးတွေ ၀ယ်ဖတ်နေသူများကို လှမ်းပြောချင်နေသောစကားရှိပါသည်။ သေဟဲ့။

(ဆက်ပါမည်)

No comments:

Post a Comment

Note: only a member of this blog may post a comment.