Friday 27 January 2012

'ပညာ' ဘာနဲ. 'ရေး' ပါမယ် -၃ (ချဲ.ထွင်ရမည့် မိုးကုတ်စက်ဝိုင်းများ)


၁။ ကြိုပြောရမည့် စကားကို အပိုင်း-၃ ရောက်မှ ပြောပါမည်။ ဆရာကြီးလုပ်သည် ဖြစ်မှာစိုး၍ဖြစ်ပါသည်။ စာမတတ်လျှင် လမ်းမှာ ထွက်ဖတ်သကဲ့သို. ဖတ်မိတွေးမိသည်များကို ပြောပါသည်။ တတ်သူများမှ လိုသည်တို.ကို ပြင်ပေးစေချင်ပါသည်။ ဆေးပညာသင်ကြားရေးသည် အင်မတန်အရေးကြီးပါသည်။ ဆေးတက္ကသိုလ်များမှ မွေးထုတ်လိုက်သော ဆရာဝန်တို.၏ အရည်အသွေးကို 'ပုံအပ်' ရမည့်သူများမှ ယုံကြည်ထိုက်သောအဆင့်၊အနေအထားရှိစေချင်၍ ပြောပါသည်။ ချိန်ရွယ်ရာစာဖတ်သူသည် ဆေးတက္ကသိုလ်များမှ အလုပ်ဝင်ကာစ သရုပ်ပြများဖြစ်ပါသည်။ သို.သော် ကျန်ဆရာဝန်များအတွက်လည်း အသုံးဝင်မည်ဟု ယုံကြည်ပါသည်။

၂။ ဆရာဝန်အားလုံးသည် ဆရာများဖြစ်သင့်ပါသည်။ သင်ကြားပေးခြင်းသည် နှစ်ကြိမ်မြောက် သင်ယူခြင်း ဖြစ်ပါသည်။ (To each is to learn twice.) ခေတ်၏ အပြောင်းအလဲများကို မကြည့်ပဲ ရှေးရိုးနည်းလမ်းများအတိုင်းသာ သွားနေပါက အဆင်ပြေမည်မဟုတ်ပါ။ ခက်သည်က ရှေးရိုးနည်းကိုပင် စက်စင်အောင်မသိပဲ စာမေးပွဲအောင်ရေးအတွက် 'ဒါပဲကျက်' စာများကို ပေးနေကြသော ဆရာလေးများ များစွာရှိနေနိုင်ပါသည်။ ကျူရှင်ဆရာ၊ ဂိုက်ဆရာတို.သည် ကျောင်းသားတို.လုပ်ရမည့်အလုပ် (မေးခွန်းလေ့လာခြင်း၊ နှုတ်စ် ထုတ်ခြင်း၊ စသည်တို.ကို) သေချာစွာလုပ်ပေး၍ စနစ်တကျ ဖျက်စီးကြပါသည်။ (ဂိုက်ကို ဆန်.ကျင်ခြင်းမဟုတ်ပါ၊ ဂိုက်သင်ပေးခြင်း၏ အခွင့်အလမ်းကောင်းကို 'ဆရာများကိုယ်တိုင် တလွဲသုံး' နေခြင်းကို စိတ်မကောင်း၍ ပြောပါသည်)

၃။ ဆေးတက္ကသိုလ်များသည် စိန်ခေါ်ချက်များစွာ၊များစွာဖြင့် ရင်ဆိုင်နေရသလို၊ ရင်ဆိုင်လာစရာ များလည်း ရှိပါသည်။ ထိုစိန်ခေါ်ချက်များသည် လူ.အဖွဲ.အစည်း၊ လူနာ၊ ဆရာဝန်နှင့် ဆေးကျောင်းသားများဆီမှ ထွက်ပေါ်လာကြပါသည်။ အမှန်စစ်စစ် စိန်ခေါ်ချက်ဟူသည် အပြောင်းအလဲများမှထွက်ပေါ်လာခြင်းသာ ဖြစ်ပါသည်။ ထိုစိန်ခေါ်ချက်များကို ဖြစ်ပေါ်စေသော အပြောင်းအလဲများကို စာရင်းချကြည့်ပါက ဆေးပညာပိုင်းဆိုင်ရာ အသိအမြင် (Medical Knowledge) လူနာတို. လိုအပ်ချက် (Patients’ expectations)  ဆေးကျောင်းသားတို. လိုအပ်ချက် (Students’ Requirements) ကျန်းမာရေးစောင့်ရှောက်မှု စနစ် (Healthcare Delivery) ဆရာဝန်တို. စွမ်းဆောင်ရည်နှင့် ထမ်းဆောင်ဝန် (Doctors’ Avaliavility and Workload) တို. ဖြစ်ပါသည်။

၎။ ဆေးပညာသည် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေပါသည်။ သို.သော် ဆေးကျောင်းတွင်သင်ကြားရသော ပညာရပ်သည် အကန်.အသတ်နှင့်သာဖြစ်ပါသည်။ အချိန်၏ ကန်.သတ်ခြင်း၊ ပညာလိပ်ပတ်မလည်မှီ ဖြတ်တောက်ယူရသော အသိကန်.သတ်ခြင်းများ စသည်ဖြင့်ရှိပါသည်။ သင်ကြားပေးရမည့် Objective ရွေးချယ်ရာတွင် အင်မတန်ခက်ခဲသလို အင်မတန်မှ ဂရုစိုက်ရမည့် သဘောရှိပါသည်။ ထို.အတူ အသစ် ဖြစ်သော နည်းပညာများ၊ တွေ.ရှိချက်များလည်း ပေါ်ထွက်လာနေပါသည်။ ထိုအပြောင်းအလဲများသည် သင်ကြားရေးအတွက် စိန်ခေါ်ချက်များဖြစ်ပါသည်။ ဆရာဝန်များအား ဘ၀တစ်လျောက်စာ သင်ယူလေ့လာမှု အလေ့အထကို ထည့်သွင်းလေ့ကျင့်ပေးရေးသည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်ပေသည်။ Life long learning သည် အခြားနယ်ပယ်များထက် ဆေးပညာနယ်ပယ်တွင် ပို၍ အရေးကြီးပါသည်။

၅။ လူနာတို. မျှော်လင့်ထားသော လိုအပ်ချက်တို.သည် ဆေးပညာသင်ကြားရေးနယ်ပယ်မှ လူများ အလေးထားရမည့် ကိစ္စ ဖြစ်လာပါသည်။ လူနာတို.အား သတင်းအချက်အလက် ကောင်းမွန်ပြည့်ဝစွာ ရရှိစေရေးသည် ရှေ.တန်းတက်လာပါသည်။ ရှေးယခင်ကလို ကုသမှုဆိုင်ရာဆုံးဖြတ်ချက်တို.သည် ဆရာဝန် တစ်ဦးတည်း သဘောထက် မျှဝေဆုံးဖြတ် (Share the decision making) မှုဘက်ကို လိုအပ်လာပါသည်။ ထိုအပြင် လူနာတို.သည် ယဉ်ကျေးဖေါ်ရွေသော သတင်းအချက်အလက်မျှဝေခြင်း (courteous communication) နှင့် ထိုက်သင့်လျောက်ပတ်သော အက်တီကျု ကို တောင်းဆိုလာပါသည်။ လူ.အဖွဲ.အစည်းသည် accountability ကို မျှော်လင့်လာပါသည်။ (ဘာသာမပြန်တတ်ပါ)  Evidence Base Medicine ဟု ဆိုပါသည်။

၆။ ဆေးကျောင်းသားတို.၏လိုအပ်ချက်များ လည်း ပြောင်းလဲလာပါသည်။ သင်ကြားမှုတွင် ကွာလတီရှိစေရန်နှင့် စည်းစနစ်ကျစေရန် နှစ်မျိုးလုံးကို မြင့်မားစွာ တောင်းဆိုလာပါသည်။ထို.အပြင် တစ်နှစ်တစ်နှစ် ဆေးတက္ကသိုလ်များတွင် လက်ခံသော ကျောင်းသားအရေအတွက် တိုးလာခြင်းသည်လည်း ထည့်သွင်းစဉ်းစားရမည့် အချက် ဖြစ်ပါသည်။ ဆေးကျောင်းသားတို.၏ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေးဆိုင်ရာ နောက်ခံအခြေအနေသည်လည်း ပို၍ ကျယ်ပြန်.ကွဲပြားလာပါသည်။

၇။ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ဖြန်.ဝေကျင့်သုံးမှု ပုံစံလည်း ပြောင်းလဲသွားပါသည်။ လူနာကို ကုသပေးရန် လေ့ကျင့်မွေးထုတ်ရာမှ ကွန်မြူနတီအခြေခံသော စောင့်ရှောက်မှုအတွက် လေ့ကျင့်မွေးထုတ်မှုဆီသို.  ဦးတည်လာရပါမည်။ အစုအဖွဲ.ဖြင့် စောင့်ရှောက်ခြင်း၊ မာတီပရောဖက်ရှင်နယ် ချဉ်းကပ်ခြင်းများကို ရွေ.လာပါသည်။

၈။ ထိုသို.သော ပြောင်းလဲခြင်းများသည် ဆေးပညာသင်ကြားရေးတွင် ထည့်သွင်းစဉ်းစားရမည့် စိန်ခေါ်နေသော အပြောင်းအလဲများဖြစ်ပါသည်။ ထို.အတူ ချဲ.ထွင်ရမည့် မိုးကုတ်စက်ဝိုင်းများလည်း ဖြစ်ပါသည်။ ယနေ.ကမ္ဘာတွင် ကြုံနေရသော ဆေးပညာသင်ကြားရေးဆိုင်ရာ စိန်ခေါ်ချက်များသည် မြန်မာနိုင်ငံတွင် တစ်စိတ်တစ်ပိုင်းကြုံပြီးဖြစ်သည်များ၊ မကြုံရသေးသည်များ ရှိသလို မြန်မာနိုင်ငံတွင် သီးသန်. ဖြစ်နေသော စိန်ခေါ်ချက်များစွာလည်း ရှိနေပါသေးသည်။

(ဆက်ပါမည်)

No comments:

Post a Comment

Note: only a member of this blog may post a comment.