Saturday 11 February 2012

ရှော့ခ် ဖြစ်တာ ..ရှော့ခ်ဖြစ်တာ... Anaphylactic Shock Experiences

‎(တစ်ချိန်က ယောက္ခထီးဖြစ်သူကို ကိုယ်ပိုင် ဆေးခန်းမှာ အားဆေးထိုးပေးရင်း Anaphylactic Shock ရပြီး ဆုံးသွားတာာကို ကြောက်လန့်လို့ အလောင်းကို အပိုင်းပိုင်းထစ်. လှိုင်မြစ်ထဲ စွန့်ပစ်ရာက အမှုပေါ်ပေါက်လို့ ထောင်ကျသွားတဲ့ ဆရာဝန်လေး တစ်ယောက်ရှိခဲ့ဖူးပါတယ်.)

လူနာတွေနဲ့ ထိတွေ့ဆက်ဆံပြီး ဆေးကုကြမယ့် ညီငယ်ညီမငယ်များကို တစ်ခု ပြောပြချင်ပါတယ်..။
တစ်နေ့တစ်ချိန်မှာ ဝိုင်းဝန်းကူညီကြမယ့် လူအများရှိတဲ့ ဆေးရုံမှာ ဖြစ်ဖြစ် ကိုယ့်ကို ကူညီနိုင်မယ့်သူမရှိတဲ့ ကိုယ်ပိုင်ဆေးခန်းမှာပဲ ဖြစ်ဖြစ် Anaphylactic Shock နဲ့ကံမကောင်းစွာ ကြုံကောင်းကြုံနိုင်ပါတယ်..။

Anaphylactic Shock အတွက် Universal Guideline & procedure လည်းရှိပြီး သိပြီး ဖြစ်မှာပါ..။

နောက်တစ်ခုက ဒီဆေးလောကစကားဝိုင်းမှာ ကိုယ့်ထက် သိသူတတ်သူတွေရှိလို့ မပြောရဲ မဆိုရဲ မရေးရဲတာလေးလဲ မဖြစ်ရလေအောင်.....

အဲဒီလို ကြုံတဲ့အခါ ဘာကိုအရင်ဆုံး စလုပ်မလဲ..။ ကြုံခဲ့ရဖူးတဲ့ အဖြစ်အပျက်မှာ ကိုယ် ဘယ်လိုလုပ်ခဲ့သလဲ..။ မသိသေးတာရှိရင်လည်း သိရအောင်.. ပြင်ဆင်ထားဖို့ လိုတာလေးတွေလည်း ပြင်ဆင်နိုင်ရအောင်..

ကိုယ်ပြင်ဆင်ထားတာ ကိုယ်ကြုံခဲ့တာကို ဝိုင်းရေးကြည့်ကြပါစို့လား..။

ဘယ်သူကမှ အထင်သေးတာ အထင်ကြီးတာ မရှိဘဲနဲ့ မျှဝေနိုင်တာလေး မျှဝေကြစို့လား။

ကျွန်တော်တို့ ဆရာ Maung Maung Oo တို့နဲ့ အခြားဆရာများက နောက်ပိုင်းမှာ ဝင်ရေးပေးကြပါမယ်..။

အမှားတွေ စောင့်ဖတ်ပြီး ထောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မဟုတ်ပါ..။

လွတ်လွတ်လပ်လပ် ရေးရဲ ဖော်ထုတ်ရဲ တင်ပြရဲတာကို ကြိုဆိုရင်းနဲ့ အကျိုးရှိနိုင်မယ့် အတွေအကြုံကိုတွေကို ဝေမျှကြမယ်လို့ သဘောထားကြောင်းပါ..။
  • Maung Maung Myint ဖြစ်မှန်းသိပါပြီ.. အချိန်နည်းနည်းသာရပါတယ်..။ ဘာကိုအရင်ဆုံး လုပ်မလဲ???
    Wednesday at 6:43pm · · 1
  • Yin Aung ကျမ clinical experience လုံးဝမရှိဖူး.. ဖြေကြည့်မယ် Line အရင်ဆုံးရှာမယ်.. နောက် epi-pen ထိုးမယ် ခိခိ မှားရင် မဆူနဲ့ နော် ဆေးမကုတာရော စာမဖတ်တာရော ၁၃ နှစ်ရှိတော့မယ်
    Wednesday at 6:45pm · · 3
  • Zeyar Htun စိတ်မပူပါနဲ့ ကျွန်တော်အမြန်ဆုံးပြန်ကောင်းအောင်လုပ်ပေးနိုင်ပါတယ် လူနာစောင့်တွေလည်း အရမ်းအုံမလာပါနဲ့ခင်ဗျာ လေဝင်လေထွက်လေးကောင်းအောင်ပ
    ပြီးရင် btom ကို im ထိုးလိုက်မယ် ခိခိ
    Wednesday at 6:51pm · · 2
  • Zeyar Htun ပြီးရင် hydro ကို 200လောက် iv လိုက်မယ်
    Wednesday at 6:52pm · · 2
  • Zeyar Htun ဒါမှမကောင်းသေးရင်တော့ နောက်ထွက်မင်းသားကြီး adrenaline ကိုပင့်ပါတော့မယ် im ပါပဲ
    Wednesday at 6:54pm · · 1
  • Zeyar Htun ဒါမှမကောင်းသေးရင်တော့ ငါနဲ့နင်နဲ့ နင်နဲ့ငါနဲ့ ××× အတူတူဆေးရုံသို့ပေါ့ ခိခိ
    Wednesday at 6:55pm · · 1
  • Zeyar Htun မျိုးမှန်ရိုးမှန်ဆေးလေးတွေတော့လိုမယ်ထင် တကယ့် ဘရမ်းဒတ်တွေပေါ့
    Wednesday at 6:57pm · · 1
  • သူကြီး ဘစီ ကျနော့ အထင် adrenaline က စရတာလားလို့???
    Wednesday at 6:59pm · · 2
  • Zeyar Htun အနော်တော့အဲဒိအထိတစ်ခါမှ မရောက်ဖူးဘူး
    Wednesday at 7:01pm · · 2
  • Maung Maung Oo im Adrenalin က စပါတယ်။ iv ထိုးလို့ရတဲ့ ၁း၁၀၀၀ Adrenalin တွေက ၁၀ စီစီ ပုလင်းတွေနဲ့ လာပြီး CPR လုပ်ရာမှာ သုံးပါတယ်။ im Adrenalin တွေက ၁ စီစီ ပါ။ ဒါကို လွဲပြီး iv ထိုးလိုက်မိလို့ သေသွားဖူးပါတယ်။
    Hydrocortisone က အာနိသင်ရဖို့ ၆ နာရီလောက်စောင့်ရပါတယ်။
    Wednesday at 7:06pm via mobile · · 12
    • Zeyar Htun ကံဇာတာတက်နေတုန်းမို့လွတ်နေတာထင်တယ်နော် ခိခိ
      Wednesday at 7:08pm · · 1
    • Ye Thwin ကျွန်တော် ဖတ်ဖူးတာတော့ adrenaline အရင်ဆုံးထိုးရတယ်လို့ဖတ်ဖူးပါတယ်
      ပြင်ပေးကြပါခင်ဗျား
      Wednesday at 7:09pm · · 3
    • Maung Maung Myint လက်တွေ့မကြုံဖူးသေးဘူးပေါ့..။ ကျွန်တော်ကတော့ ဆေးထိုးပေးလိုက်တဲ့ အပ်ပုန်းဆရာကိုတောင် နှာနှပ်ပေးလိုက်ရဖူးတယ်..
      Wednesday at 7:11pm · · 5
    • သူကြီး ဘစီ ကျောင်းတုန်းက ဆရာက သေချာ မှာလိုက်တယ်ဗျ... GP မှာ Emergency Box လေးထားဖို့ လက်လှမ်းမှီတဲ့နေရာမှာ ထားဖို့ အမြဲမှာတယ် ခင်ဗျ။မဖြစ်ရင် မဖြစ်လို့ ဖြစ်လို့ကတော့ ဒိန်းဂျားဗျာ.....
      Wednesday at 7:14pm · · 3
    • Maung Maung Oo iv ထိုးလို့ရတဲ့ (၁း၁၀၀၀၀) Adrenalin တွေက ၁၀ စီစီ ပုလင်းတွေနဲ့ လာပြီး CPR လုပ်ရာမှာ သုံးပါတယ်။ လို့ ဖတ်ပေးကြပါ။
      Wednesday at 7:15pm via mobile · · 6
    • Zeyar Htun ဟုတ်ပါတယ် အဲဒါကတော့ အနဲဆုံးအမှုဆိုင်ရင်တောင် ကိုယ့်ဘက်ကနက်ဂလက်ဂျန့်တာမဟုတ်တော့ သက်သာနိုင်ပါတယ်
      Wednesday at 7:16pm · · 1
    • Yin Aung အဟီး တကယ်တော့ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကြုံဖူးတယ် အဲဒီတုန်းကတော့ ဘာလုပ်ခဲ့လဲတော့ မသိဖူး ချွေးပြန်တာပဲ မှတ်မိနေတယ်.. လူနာတော့ ရှင်သွားပါတယ်.. ခိခိ..
      Wednesday at 7:16pm · · 2
    • Zeyar Htun အနော်လည်း မြစ်ကြီးနားကိုကြောက်လို့ a ကို မကိုင်ရဲတာပါ
      Wednesday at 7:17pm ·
    • Maung Maung Myint ဆေးရုံမျာတောင် ဗြောင်းသတ်နေတာ ကိုယ့်ဆေးခန်းမှာဆို တစ်ယောက်တည်း..
      :(
      Wednesday at 7:18pm · · 2
    • သူကြီး ဘစီ တချို့ ဆရာများကတော့ ဆေးတောင် စုတ်ပီးသားဗျ.... အာနိသင်ကတော့ ဘယ်လိုနေမယ် မသိပါဘူး။ဖြစ်လို့ကတော့ အကွဲကိုး.....
      Wednesday at 7:19pm · · 1
    • Maung Maung Myint ၁၉၈၃ မေလနဲ့ အောက်တိုဘာလမှာ ကြုံခဲ့တာ. တစ်သက် မှတ်လောက်အောင်ပါပဲ..။
      Wednesday at 7:19pm · · 3
    • Ye Thwin Diclofenac ကြောင့်တွေ့ရတဲ့ shock ကကော တူတူပဲလားခင်ဗျ
      Wednesday at 7:19pm · · 3
    • Zeyar Htun သူက ရေများများလိုက်ရတာလားလို့
      Wednesday at 7:20pm ·
    • Maung Maung Myint Ye Thwin...diclofenac က ထိုးဆေးလား?
      Wednesday at 7:22pm ·
    • Zeyar Htun ဟုတ်ကဲ့ပါခင်ဗျား ဒီတစ်ညတော့တန်သွားပါပြီ
      Wednesday at 7:22pm · · 1
    • Zeyar Htun diclo နဲ့ အက်စမာနဲ့ မတဲ့တာကိုတော့ လန့်ပါတယ်
      Wednesday at 7:23pm · · 3
    • Maung Maung Oo Diclofenac ကြောင့်တွေ့ရတဲ့ shock က ၂ မျိုးေိပါင်းလို့ ယူဆတယ်။ Hypovolaemic shock due to profuse sweating + Delayed anaphylaxis လို့ ထင်ပါတယ်။ အ၀တ်အစား ၄-၅ စုံလဲရလောက်အောင် ချွေးထွက်ပြီးမှ ဖြစ်သွားတတ်လို့ပါ။
      Wednesday at 7:25pm via mobile · · 11
    • Zeyar Htun ဆေးရုံမှာတုန်းကတော့ မနက်လောက်ထိုးလိုက်ရင် ညနေလောက်ေ၇ာက်လာတာတွေ့ဖူးပါတယ် ဆရာ
      Wednesday at 7:26pm · · 1
    • Maung Maung Oo ဆရာဝန် ဖြစ်ခါစမှာ iron dextran infusion (တစ်နေကုန်မှ ပြန်ကောင်း) ရယ်၊ Benzathine Pen ထိုးရင်း shock ရသွားတဲ့ MS MR TR AF လူနာရယ် နှစ်ယောက်လုံး ရှင်ပါတယ်။
      Wednesday at 7:29pm via mobile · · 4
    • Maung Maung Oo မဖတ်ရသေးသူများ ဖတ်နိုင်ဖို့...
      https://www.facebook.com/photo.php?fbid=10150310641986707&l=78377076a3
      Some photos from my clinic.
      Wednesday at 7:34pm via mobile · · 6 ·
    • Maung Maung Myint ကျွန်တော်ကြုံခဲ့တာက P Pen .. Test dose နဲ့တစ်ယောက် . ရမ်းကုက Pen ထိုးလာပြီး ဆေးရုံသယ်လာတာတစ်ယောက် ၂ယောက်စလုံးရှင်ခဲ့တယ်..။

      ကျန်တဲ့သူတွေ တိတ်တိတ်လေး စောင့်ဖတ်မနေကြစေချင်ပါ.။ ရဲရဲဝံ့ဝံ့ ဝင်ရေးစေချင်ပါတယ်.

      participate လုပ်လာတာလေးလည်း လိုချင်တယ်.။ သိပြီးသား ဖြစ်ပေမယ့် တကယ်လက်တွေ့မှာ ကိုယ်တိုင် Tachycardia နဲ့ မျက်လုံးပြူး ဆံပင်ထောင် ကိစ္စမို့ပါ.။

      ပျော်စရာ စကားဝိုင်းလေးလို့မှတ်ပါဗျာ..
      Wednesday at 7:36pm · · 5
    • Nay Lwin တိတ်တိတ်လေး စောင့်ဖတ်တာမဟုတ်ပါဆရာ၊ ပြောစရာအတွေ့အကြုံကိုမရှိလို့ပါခင်ဗျ။ :D
      Wednesday at 7:45pm · · 3
    • Maung Maung Oo Kumar & Clark's textbook
      Treatment of acute anaphylaxis
      ■ Position the patient lying flat with feet raised
      ■ Ensure the airway is free
      ■ Give oxygen
      ■ Monitor BP
      ■ Establish venous access
      ■ Administer 0.5 mg intramuscular epinephrine (adrenaline)
      and repeat every 5 min if shock persists.
      ■ Administer intravenous antihistamine (e.g. 10–20 mg
      chlorphenamine) slowly
      ■ Administer 100 mg intravenous hydrocortisone.
      If hypotension persists, give 1–2 L of intravenous fluid.
      If hypoxia is severe, assisted ventilation may be
      required.
      Wednesday at 7:45pm via mobile · · 11
    • Maung Maung Myint တော်တော်များများ ရေးတာကိုစောင့်ပြီးရင် ကျွန်တော် case scenario လေးကို ရေးပေးပါမယ်.။ ဆောင်သင့်တာလေးတွေလည်း ပြောပါမယ်.. အားလုံး ရေးပေးနေတာတွေ မှားတာမရှိပါဘူး.။ အမှားစောင့်နေတယ်လို့ မထင်ကြပါနဲ့။ နှလုံးတုန် ရင်ခုန်ပြီး လူနာရှင်လာတော့ တစ်ယောက်လုပ်တာ တစ်ယောက်ပြန်ပြောရင်း ဟားတိုက်ရီမောခဲ့ရတဲ့ တကယ့်အဖြစ်ပါ။

      participate လုပ်မယ့်သူတွေကို မျှော်နေပါတယ်.

      စိတ်ထဲ ဘယ်လိုမှ မထင်စေချင်ပါဘူး။ နားလည်ပေးစေချင်ပါတယ်.။
      Wednesday at 7:50pm · · 2
    • Zeyar Htun ချွေးထွက်များတော့ သွေးထွက်နည်းတာပေါ့ : )
      Wednesday at 7:52pm ·
    • Kyaw Thura ဆရာ ဦး Maung Maung Myint ပြောတဲ့  case ကို
      မှုခင်းမဂ္ဂဇင်း စာအုပ်တစ်အုပ် မှာ ဖတ်လိုက်ရဘူးပါတယ်...ကြာတော့ကြာပါပြီ...

      .ယောက္ခထီးဖြစ်သူက အိမ်၊ခြံ အရောင်းအ၀ယ်ကိစ္စ နဲ့  ဆေးခန်းကို လမ်းကြုံဝင်လာတယ်...ပိုက်ဆံကို ဆာလာအိတ်နဲ့ ထည့် ယူလာတယ်....

      .ဆေးထိုးခိုင်းလို့ ထိုးပေးလိုက်တာ...အားဆေးထိုးပေးရင်း Anaphylactic Shock ရပြီး ဆုံးသွားတယ် လို့ ဆိုပါတယ်....

      ဆိုးတာက...ကြောက်လန့်ပြီး အလောင်းကို အပိုင်းပိုင်းထစ်. လှိုင်မြစ်ထဲ စွန့်ပစ်တာ(Multilation) လို့ ထင်တာဘဲ...

      အလောင်း ဖျောက်ဖျက်မှုအပြင်+လူသတ်မှုပါတိုးလာတယ်....
      ဘာလို့ လဲဆိုတော့...ဆာလာအိတ်နဲ့ ထည့် ယူလာတဲ့ ပိုက်ဆံတွေကိုပါ ဖွက်ထားလိုက်တာကိုး... MOTIVE ကြံရွယ်ချက်ပါ ရှိနေသလို ဖြစ်သွားတယ်...

      Anaphylactic Shock နဲ့ သေတာကို ဆရာဝန်တစ်ယောက်အနေနှင့် ဥပဒေကြောင်းအရ ရင်ဆိုင်လိုက်မယ်ဆိုရင် အဲဒီလောက် အခြေအနေ ဆိုးချင်မှ ဆိုးလိမ့်မယ်လို့ ထင်ပါတယ်..
      Wednesday at 8:02pm · · 4
    • Yin Aung ဆရာ ဦး Maung Maung Oo Epi-pen ကတော့ adrenaline တော့ပါတာပဲ. စပ်တာနဲ့ auto-injector နဲ့ ဘာကွာလဲ ဆရာ...
      Wednesday at 8:23pm · · 2
    • Maung Maung Myint စစ်မြေပြင်မှာ Pethidine ထိုးသလိုပါ။

      http://www.anaphylaxis.org.uk/information/health-professionals/administering-adrenaline.aspx
      www.anaphylaxis.org.uk
      Our AllergyWise online training provides information and resources relating to a...See More
      Wednesday at 9:24pm · · 3 ·
    • Charlatans Toubib ကျွန်တော်တို့ကတော့ Ward ထဲမှာ Adrenaline ထိုးချင်ရင် အဲဒီပုလင်းကို မျက်မှန်တပ်လိုက်၊ မျက်မှန်ချွတ်လိုက်၊ ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်၊ လှည့်လိုက်လုပ်ပြီး သေချာအောင် ဖတ်ရတယ်။ ပုလင်းကသေး ...... စာလုံးက သေးတာကိုး။ ဒီကြားထဲ Burmeton နဲ့က စာလုံးတွေ ပျက်နေရင် မှားမှာ စိုးရသေး။ Atropine ကိုလဲ ထည့်ထားသေးတာကိုး။
      ကလေးဆရာဝန်တွေဆိုရင် မြှောက်ပါဦးဟဲ့ စားပါဦးဟဲ့ လုပ်ရသေးတယ်။

      သူတို့ဆီမှာတော့ Body Weight အလိုက် အရောင်တွေနဲ့ ခွဲထားတဲ့ Trolley ရှိတယ်။ တွက်နေ ချက်နေစရာ မလိုတော့ဘူးပေါ့။ တစ်မိုင်လောက်က လှမ်းကြည့်ရင်တောင် Adrenaline မှန်းသိတဲ့ စာလုံးကြီးတွေနဲ့။

      အရင်က Solu-cortef က ဖျော်ရတာ အရမ်းလွယ်တယ်၊ မိုးရေပုလင်း ဖောက်ဦး၊ စုတ်ဦး၊ လှုပ်ဦး လုပ်စရာမလိုဘူး။ ဈေးကြီးတယ်။ အခုကတော့ ပေါချောင် (ကောင်းမကောင်း မသိ) တွေ။

      ကျွန်တော်တို့ကတော့ အဲလောက်မတတ်နိုင်သေးဘူးပဲ ပြောရမလား၊ အဲလိုလုပ်ချင်စိတ် မရှိသေးဘူးလို့ပဲ ပြောရမလား။ (အမှန်ကတော့ အာမခံထားသလိုပဲ ဘယ်တော့ဘာဖြစ်မယ်မှန်းမသိတဲ့ကိစ္စအတွက် မရင်းထားချင်တော့ ဒီလို Emergency အသုံးတွေထဲ ပိုက်ဆံ မထည့်ချင်တာလဲ ပါတာပေါ့လေ)

      အရေးအကြောင်းမှာ ဟိုဟာမရှိ ... ဒီဟာမရှိဆိုတဲ့ ပြဿနာ၊ Job description တွေ သေသေချာချာ မရှိတော့ Emergency Tray ကို စစ်ဖို့က Nurse တာဝန်လား၊ AS တာဝန်လား၊ FA တာဝန်လား ..... ဖြစ်လိုက်ရင် ထိမှာကတော့ FA

      Laryngoscope ဓာတ်ခဲနဲ့ မီးလုံးကို ဘယ်နှရက်တစ်ခါ စစ်သလဲ။ (ကျွန်တော်ကတော့ သတိရရင် စစ်တယ်၊ တစ်ခါတလေလဲ စစ်လိုက်ပါဦးပေါ့)

      အခုပြောကြဆိုကြတဲ့ Adrenaline အကြောင်းကနေ ဆက်စပ်စဉ်းစားမိတာပါ။
      Thursday at 4:02am · · 8
    • April M Win adrenaline, adrenaline and more adrenaline.
      Thursday at 5:02am ·
    • Bo Zaw Naing ဆရာ Maung Maung Myint ခင်ဗျား... မူဆယ်မှာ TB Cat (II) အတွက် Streptomycin ထိုးတုန်းက အဖြစ်အပျက်က မှတ်မှတ်ရရပါ..။ ပထမတစ်ခါလာထိုးတော့ ATD လုပ်ပြီး စောင့်ကြည့်ပါတယ်..။ လူနာ (ရှမ်းအဖိုးကြီး) က တစ်အောင့်လောက်နေတော့ မူးတယ်၊ အန်ချင်တယ်ဆိုပြီး အန်ချလိုက်ပါတယ်..။ Pressure ကောင်းနေသေးတော့ Burmeton ပဲထိုးပြီး စောင့်ကြည့်.. ပြန်ကောင်းသွားပါတယ်..။ ကြုံလို့ တီဘီဆရာဝန်ကြီးကို ပြောကြည့်တော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်..။
      အဲဒါနဲ့ နောက်ထပ်နှစ်ပတ်ကြာတော့ မကျေပွဲထပ်စမ်းပါတယ်..။ ATD ပြီး (၁၅) မိနစ်လောက်နေတော့ တစ်ခါတည်း ဖွေးဖြူသွားပြီး..။ ချွေးစီးတွေပြန်၊ တစ်ကိုယ်လုံး အေးစက်..၊ အန်လည်းအန်..၊ Pressure ကောက်ချိန်တော့ palapble ပဲကျန်တော့တယ်..။ အဲဒါနဲ့ ရှိသမျှ လက်နက်ကြီး၊ ငယ် အကုန်ထုတ်သုံးလိုက်တာ.. ကံကောင်းလို့ ဘာမှမဖြစ်သွားပါဘူး..။ ရှိသမျှ အပေါက်တွေ အကုန်ပွင့်သွားလို့ ထင်ပါရဲ့..။ ကုတင်ပေါ် ချီးပါချလို့ ချီးကျုံးကုလားတောင် လုပ်လိုက်ရပါသေးတယ်..။ နောက်ထပ်တော့ ထပ်မစမ်းရဲတော့ပါ..။ ကျွန်တော်ထင်တာတော့ သူ့ Dose အတိုင်း အပြည့်ထိုးလိုက်လို့က အဲဒီအဖိုးကြီး အခုအချိန် မာလကီးယားသွားလောက်ပြီ ထင်ပါတယ်..။ တခြားသူတွေ Streptyomycin နဲ့ကြုံဖူးလားတော့ မသိပါ..။
      Thursday at 8:04am · · 6
    • Bo Zaw Naing ဆရာ Maung Maung Oo ခင်ဗျား.. WHO က ထုတ်တဲ့ TB Guideline 2010 မှာ Rifampicin ရဲ့ Side Effects ထဲမှာ Shock ရနိုင်တယ်လို့ (စာမျက်နှာ- ၆၀မှာ)ရေးထားတာ တွေ့လိုက်ပါတယ်..။ တစ်ခါမှလည်း မကြုံဖူး၊ သူများတွေ ပြောတာလည်း မကြားဖူးလို့ပါ..။ ဆရာထင်မြင်ချက်လေး သိချင်ပါတယ်..။
      Thursday at 8:12am · · 4
    • Zeyar Htun ranitidine ကကော shock ရှိပါသလားဆရာ ရှိရင်ကော ဘယ်လိုရှင်းလို့ရပါသလဲ
      Thursday at 8:21am ·
    • Bo Zaw Naing Ranitidine တော့ ထိုးနေတာပဲဆရာ.. မကြုံဖူးသေးပါဘူး..။ တခြား ဆရာတွေ ပြောပြနိုငမယ် ထင်ပါတယ်.. ဆရာ..။
      Thursday at 8:23am · · 1
    • Zeyar Htun တစ်ခါတုန်းကလည်း ဆရာကြီးတစ်ယောက်က ဘီ12 တောင်ရှော့ရှိတယ်လို့လည်းပြောဖူပါတယ် ကြောက်စရာကြီး နန်းတွင်းဆေးတော်ကြီးတွေတောင်ထိပါးလာပြီ : P
      Thursday at 8:26am ·
    • Pyei Phyo တစ်ချိန်က ယောက္ခထီးဖြစ်သူကို ကိုယ်ပိုင် ဆေးခန်းမှာ အားဆေးထိုးပေးရင်း Anaphylactic Shock ရပြီး ဆုံးသွားတာာကို ကြောက်လန့်လို့ အလောင်းကို အပိုင်းပိုင်းထစ်. လှိုင်မြစ်ထဲ စွန့်ပစ်ရာက အမှုပေါ်ပေါက်လို့ ထောင်ကျသွားတဲ့ ဆရာဝန်လေး တစ်ယောက်ရှိခဲ့ဖူးပါတယ်.) Maung Maung Myint
      အဲသည် ဆရာဝန်ပါပဲ... တာမွေမှာ ပိန်ဆေးထိုးလို့ဆိုပြီး..VIP ကို ဦးစားမပေးမိလို့...ဆေးခန်းပိတ်လိုက်တာ ဂျာနယ်မှာ ဟိုးလေးတကျော်တောင် ပါလာလိုက်သေး မကြာသေးဘူး... ၂ နှစ်လောက်ပဲ ရှိဦးမယ်... ဟေဟေ့ ဖွတာ..
      Thursday at 8:35am · · 6

    • Soe Moe ကျနော် ကားဒီယက်ကျတုန်းက unconscious လူနာ တယောက်ကို လာပို့ကြတယ်။ ပို့တဲ့လူ ဘယ်နှစ်ယောက်မှန်းတော့ ကျနော် မမှတ်မိပေမယ့် အဲ့ဒီထဲက အသက်လေးဆယ်လောက်ရှိတဲ့ လူတယောက်က လူကကတုန်ကရင် မျက်နှာတွေအကြီးအကျယ်ပျက်ပြီး prof: ဦးထွန်းရွှေကိုမြင်တာ ခြေဖမိုးထိဦးချပြီး လူနာကိုကယ်ဖို့ သွေးပျက်မတတ်ပြောတယ်ဗျာ။ ကျနော်ထင်တာက သူက လူနာရှင်ထင်နေတာ။ ပြောရင်းဆိုရင်းနောက်မှသိတာ သူကGPတဲ့။ သူ့ဆေးခန်းမှာရှော့ရလို့ ဆေးခန်းပစ်ပြီး လူနာဆေးရုံခေါ်ခဲ့တာ။ ဘယ်လိုသူတို့ကြားမှာ ပြဿနာတွေရှိခဲ့မှန်းမသိပေမယ့် ကျနော်တို့ အငယ်တွေမြင်ရတာစိတ်တကယ်မကောင်းဘူး။ ကျနော်ပထမဆုံးမြင်ဖူးတဲ့ ရှော့ကေ့စ်။
      Thursday at 10:23am · · 3
    • Soe Moe Management မှာ ဆေးအများကြီးရှိပေမယ့် ဘာအရေးကြီးဆုံးလည်းဆိုရင် adrenaline ဘဲလို့ ဆရာဦးအောင်ကြီးသင်ပေးတာ ဘယ်တော့မှမေ့မယ်မထင်ဘူး။
      Thursday at 10:25am · · 3
    • Charlatans Toubib ကြာပါပြီ ....... ဆရာဝန်မလေးတစ်ယောက်ဗျာ ငိုမဲ့မဲ့နဲ့ ကျွန်တော့်ဆေးခန်းကို လူနာက တရွတ်တိုက်ဆွဲခေါ်လို့ ပါလာတယ်။ ဆေးမှားပေးလိုက်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ပေါ့ .......... အနီစက်တွေ ထွက်လာလို့တဲ့။ ဆိုင်ချင်လဲ ဆိုင်မယ်၊ မဆိုင်ချင်လဲ မဆိုင်လောက်ပါဘူး၊ ပြီးတော့လဲ ဘာမှ သေကောင်ပေါင်းလဲ မဟုတ်ပါဘူးဗျာ။

      ကိုယ်ကတော့ လူနာကို ရှင်းလဲရှင်း ဟောက်လဲဟောက်ပေါ့ဗျာ ... ဆရာဝန်မလေး ခမျာမှာတော့ ရပ်ကွက်ထဲလုပ်စားဖို့တောင် ခက်သွားနိုင်တယ်။

      ဘယ်လိုလုပ်ကြမလဲ .......... ကျွန်တော့်မှာလဲ အဖြေမရှိ
      Thursday at 10:40am · · 7
    • Soe Moe အပေါ်ကကေ့စ်လေးအကြောင်းနည်းနည်းထပ်ပြောကြည့်မယ်။ အဲဒီတုန်းကဘာလို့ ကိုယ်အဲ့လောက်စိတ်ထိခိုက်ခဲ့လည်းဆိုတာ နောက်ပိုင်းပြန်စဉ်းစားကြည့်မိတယ်။ ထားပါဦး အဲ့လူနာ် တခုခုဖြစ်သွားတယ်ဘဲ ထားဦး ( လူနာကို ပစ်ပစ်ခါခါပြောရန်လုံးဝ အကြောင်းမရှိပါ။ ကိုယ်ကိုတိုင် တနေ့မဟုတ်တနေ့ လူနာဖြစ်ဦးမှာပါဘဲ)။ ဖြစ်နိုင်တာက ဆရာဝန်က protocol အတိုင်း မလုပ်လို့ သို့ လုပ်ရဲ့သားနဲ့ ဟိုက်ပါအကျုရှော့ရသွားလို့။ တကယ်လို့ နကလဲ့ဂျင့်ဖြစ်လို့ဆိုရင် ဆရာဝန်ကို ဥပဒေအတိုင်း ဖြုတ်ဖြုတ်၊ထောင်ချချ ကျနော်ခံစားမိမှာမဟုတ်ဘူး။ ဒါပေမယ့် ဆရာဝန်ကလူသတ်သမားမှမဟုတ်တာ။ အဲလောက်တော့မဖြစ်သင့်ဘူးထင်တာဘဲ။ အဲ့လိုမဟုတ်ဘဲ လူအုပ်နဲ့ဝိုင်းပြီးခြိမ်းခြောက်တာတို့ ဘာတို့ကတော့ ရိုင်းလွန်းတယ်လို့ဘဲပြောဖို့ကျန်တော့တယ်။ ပရိုတိုကောအတိုင်းလုပ်ရဲ့သားနဲ့ဖြစ်တယ်ဆိုရင်တော့ဗျာ။ အစ်ကိုဆေးကုမစားနဲ့တော့လို့ဘဲပြောချင်တော့တယ်။
      Thursday at 10:54am · · 1
    • Soe Moe Charlatans Toubib ဆရာပြောသလို ကျနော်လည်း ကြုံဖူးတယ်။ ပို့ရှင်ဆရာ Maung Maung Myint ကိုတော့ဆောရီးဗျာ။ ကျနော်ရန်ကုန်မှာနေတုန်းက တနေ့တော့ အဆိုင်ရှင်က ကျနော့ကိုလာမေးတယ်။ အရက်သောက်ပြီး သတိလစ်သွားတာဘာဖြစ်နိုင်လဲတဲ့။ သေနိုင်လားတဲ့။ ကျနော်ကလည်း ဟ အရက်သမားမေ့လဲတာကတော့ အရိုက်ခံရတာအစ မူးလဲတာအလယ် ဦးနှောက်သွေးကြောပေါက်တာအဆုံး ဖြစ်နိုင်တာပေါ့လို့ဖြေတော့။ သူက အေး.. ရပ်ကွက်ထဲက ဆရာဝန်ဆီ လူနာတယောက် အရက်မူးပြီးမေ့သွားလို့သွားပြတာ ဆရာဝန်က ကောင်းသွားမှာပါလို့ပြောတယ်တဲ့။ ပြီးတော့အိမ်ခေါ်သွားပြီး မကြာဘူးသေသွားတယ်တဲ့။ ခု.. ဆရာဝန်ကို သွားဝိုင်းထားကြတယ်တဲ့ ကျနော့ကိုပြောလာတယ်။ နောက်..အဲ့ဆေးခန်းမှာ ဆေးဆိုင်လေးဘဲဖွင့်ပြီး ဆရာဝန်တော့ဆေးမကုတော့ဘူး။ ကျနော့အဆောင်ရှင်ရဲ့ tone က လည်း ဘယ်ရမလဲခံသွားရမယ်ဆိုတဲ့အသံတွေပါနေတယ်။ ပြောချင်တာက community ထဲမှ တကယ်ရှိနေတဲ့ atmosphere ပါ။ ဒါကြောင့် ခုလောလောဆယ်ဖတ်လိုက်ရတဲ့ ပြည့်သူ့ဆေးရုံပေါ် တက်ကြမ်းတဲ့ ကိစ္စလိုမျိုးဆို ငါတို့နိုင်ငံမှာမဖြစ်နိုင်ပါဘူးကွာလို့ လုံးဝပြောလို့မရဘူး။ ဆရာတို့ရေ မဆိုင်တာတွေများလို့ ဖျက်ချင်လည်းဖျက်လိုက်ပါ။ ကျနော်ကတော့ အဲ့ဒီ atmosphere လေးကို aware ဖြစ်စေချင်လို့ရေးလိုက်တာ။ ကျနော့်ထက်ငယ်သူတွေကိုလည်း ကြိုးစားဖို့ အချွန်နဲ့ မ လိုက်တာပေါ့ဗျာ။
      Thursday at 11:16am · · 3
    • Charlatans Toubib ဘယ်လိုလုပ်ကြမလဲ ......... ကျွန်တော့်မှာလဲ အဖြေမရှိ
      Thursday at 11:18am · · 1
    • Bo Zaw Naing ဆေးရုံပေါ် တက်ကြမ်ူးတာတို့၊ ၀င်လာကတည်းက ဘုတ်အုတ်တစ်ခုနဲ့ ဆရာဝန်၊ ဆရာမတွေ လုပ်သမျှ ထိုင်မှတ်နေပြီး "တိုင်ပါရစေ" ဆိုတဲ့လူတွေ ဒို့နိုင်ငံမှာ အရင်ကတည်းက ပေါမှပေါပါ..။
      Thursday at 12:37pm · · 3
    • Maung Maung Myint Anaphylactic Shock အတွက် Universal Guidline & Procedure ဆိုတာ အားလုံးသိပြီးသားမို့ ရေးလာတဲ့ comments တွေမှာ အမှားရယ်လို့မရှိပါဘူး..။ ရဲရဲဝံ့ဝံ့ ဝင်ရေးစေချင်လို့ပါ.။ တကယ်လို့ ကိုယ်သိထားတာ အမှားရယ် ဖြစ်နေရင်လည်း ဒီစာမျက်နှာမှာ လူနာသေသွားမှာ မဟုတ်သလို. လွဲနေတဲ့အသိတစ်ခု တည့်သွားရင် အမြတ်ပါပဲ။ အခုတောင် adrenaline နဲ့ပတ်သက်ပြီး သိစရာတိုးသလို Epi-pen အကြောင်းလေးလဲ သိသွားရတာပေါ့။

      အဖြစ်အပျက်က ဒီလိုပါ..။

      လူနာက ကိုယ်ဝန်ဆောင်မိခင် Dribbling for more than 24 Hrs နဲ့ ရောက်လာတာပါ။ Prophylatic အနေနဲ့ P Pen (ATD) ပေးလိုက်ပါတယ်။ လူနာက တည့်ပါတယ် မစမ်းပါနဲ့ ဆိုပေမယ့် Nurse က စမ်းပါတယ်။ လူနာကို ward ထဲ နေရာချထားတာဆိုတော့ သူ့ကုတင်မှာ စမ်းတာပါ။ အဲဒီမှာ Acute Anaphylactic Shock ရတော့တာပါပဲ.။ Nurse က waiting room ထိ အမြန်ခေါ်လာပါတယ်.။ နှုတ်ကလည်း အော်ဟစ်လာပါတယ်။ တာဝန်ကျ OG ရယ်. HS သုံးယောက်ရယ်.။ နောက်ထပ် T/N, S/N ၄ယောက်လောက်လူအင်အားရှိနေပါတယ်.။ လူနာက ပြာနှမ်းနေပြီး ချွေးသီး ချွေးပေါက်တွေနဲ့ နီးရာကုတင်ပေါ် ဝုန်းကနဲ လဲကျသွားပါတယ်။

      ဆရာက ချက်ခြင်းအနားပြေးသွားပြီး လက်တဖက်ကို မလွှတ်တမ်း ဆုပ်ကိုင်လိုက်ပါတယ်။ ကျွန်တော်က Duty room က Drip ပုလင်း(ဖန်ပုလင်းမို့ ပလတ်စတစ်ကွင်းကလေး (ဖင်ကွင်း-Bottle holder) ရှာရပါသေးတယ်။ မတွေ့လို့ )ပုလင်းနဲ့ Drip set ကို ဆွဲပြီး ပြေးရပါတယ်။ အကွာအဝေးက ၁၅ပေ။ နောက် HS တစ်ယောက်က B.P Cuff ဆွဲပြီးပြေးပါတယ်။ ဆရာက လက်ကို ကိုင်ထားရက်ကနေ ကျွန်တော့်ကို ပြောပါတယ်..။ သေသေချာချာထိုး တစ်ချက်တည်းရအောင်ထိုး ပေါက်သွားလို့ မဖြစ်ဘူး။ ဒီIV လိုင်းမပွင့်ရင် သွားပြီလို့ ဆိုပါတယ်။ B.P Cuff ယူလာတဲ့သူကို တိုင်းမနေနဲ့ pressure 0 ဘဲ။ ကုတင်ခြေရင်းမြင့် ဆိုတော့ Fowler bed မဟုတ်တဲ့အတွက် ကုတင်“မ”ပြီး ခုစရာမရှိတော့ ပြန်ချရပြန်။ နောက် Drip ပုလင်းက ဖင်ကွင်းမပါတော့ တိုင်ဆွဲပြေးလာတဲ့ ဆရာမက တိုင်သာရောက်လာတယ်။ ပုလင်းကို လက်နဲ့ ကိုင်ထားလိုက်ရတော့ လူတစ်ယောက် သုံးလို့မရ ဖြစ်ပြန်ရော.။

      ကံကောင်းစွာ IV Line ပွင့်သွားတဲ့အတွက်.. (အရက်ပျံ ဂွမ်းမသုတ်နိုင် ပလာစတာ မကပ်နိုင်ဘဲ )ဆရာက အဲဒီထိုးထားတာကို လုံးဝ မလွတ်တော့ပါဘူး။ ပြီးတော့မှ ဆေးတွေ တောင်းပါတော့တယ်။ Adrenalin 0.5cc ဆိုတော့ Duty room ကို တစ်ယောက်ပြေးပါတယ်။ Disposable syringe ခေတ်မဟုတ်တော့ .. ပုလင်းကို လွှနဲ့ဖြတ်ရတဲ့ ခေတ်ဆိုတော့ လက်တုန်ခြေတုန်.။ ဆရာက နောက်တစ်ခု Solu cortef. ဆိုတော့ နောက်တစ်ယောက် ပြေးရပြန်။ နှုတ်က ဆက်တိုက်တောင်းနေတဲ့ဆေးတွေကို တစ်ယောက်စီ ပြေးနေတာ မြင်ယောင်ကြည့်စမ်းပါ။ ပြဿနာက Burmeton တောင်းတဲ့အခါ ဆရာမက ကုန်နေတယ်ဆိုပါတယ်.။

      ကျွန်တော်က ညနေခင်းက လူနာတစ်ယောက်ကို ၂လုံးဝယ်ခိုင်းပြီး တစ်လုံးထိုးပေးလို့ တစ်လုံးကျန်တာ သိပါတယ်။ Ward ထဲက လူနာဆီ (ပေ၃၀ခန့်အကွာ) ကို ပြေး။ သူ့ဘီရိုဖွင့် . ဆေးပုလင်းဆွဲပြီး ပြန်ပေးလာတဲ့အခါ Nurse တစ်ယောက်က ဆေးရုံရှေ့ ဆေးဆိုင်တွေဆီ Burmeton သွားပြေးယူနေပါပြီ။ အပေါ်ထပ်ကနေဆင်း ပေ၂၅၀ လောက်ကို ပြေးနေရတာပါ..။

      (ဆက်ပါမည်)
      Thursday at 1:14pm · · 4
    • Maung Maung Myint ဆရာက ဆေးတစ်ခုယူလာတိုင်း Adrenalin / Solucortef/ burmetom/aminophylline ဟုတ်မဟုတ် ၂ကြိမ်စီမေးပြီး ဘယ်လိုထိုး ဆိုတာ ပြောပါတယ်..။ အောက်စီဂျင်ဆိုတော့ Cylender ကြီးကို လှိမ့်ယူလာရပါတယ်.။ Suction တောင်းလိုက်တော့ စက်က ရောက်လာပါတယ်..။ ဒါပေမယ့် မီးပလပ်နဲ့ ကြိုးမမီလို့ ခွကျနေပြန်ရော..။ ဆေးတွေကတော့ မိနစ်မဆိုင်း ဆက်တိုက်ဆို သလို အပြည့်ထိုးပေးနိုင်ခဲ့ပါတယ်။
      ပုလင်းကုန်ပြီ အသစ်တစ်ပုလင်း. ဖင်ကွင်းစွပ်လာမှ တိုင်မှာချိတ်လို့ရမှာ။ မီးကြိုးအရှည်ပြေးရှာပါဦး..။
      တစ်ယောက်လာစမ်း Medical Ward Physician oncall ကိုနှုတ်နဲ့ အခုလာကြည့်ပေးဖို့ သွားခေါ်ချေ..။ နောက်မှ စာရေးပေးမယ်လို့ပြော…

      လူနာလက်ကို မြဲအောင်ကိုင်ရင်း IV line မပြုတ်အောင်ထိန်းရင်.. နှုတ်က ဆက်တိုက်ဆိုသလို ညွှန်ကြားလိုက်တာ.။ လူ ၈ယောက်လောက်က ဆိုင်းဝိုင်းတီးခံရသလိုပါပဲ.။
      ဒါနဲ့ပဲ အတိုပြောရင် လူနာရှင်သွားပါတယ်.။ ပြီးတော့မှ H.S တွေကိုခေါ်ပြီး ဒီလိုအချိန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဦးရာလူက ကိုင်တွယ်ဖို့ အထူးသဖြင့် IV Line ကို လွတ်မသွားစေဖို့..။ လုံးဝ Collapse ဖြစ်သွားတဲ့အချိန်မှာအလွန်လုပ်ရခက်မယ် ဆိုတာ ဖြစ်စဉ်တစ်ခုလုံးကို ပြန်သုံးသပ်ရင်း သက်ပြင်းရှည်ကြီး ချလိုက်နိုင်ပါတော့တယ်..။

      အဲဒီအချိန်ကျမှ အသည်းအသန် အချိန်မှာ အယောင်ယောင်အမှားမှား ခွတီးခွကျ အဆင်မပြေမှုတွေကို တစ်ယောက်တစ်ယောက်နောက်ပြောင်ရင်း ရယ်မောနိုင်ပါတော့တယ်.။

      နောက်တစ်ပါတ် Ward အစည်းအဝေးမှာ ကျွန်တော်တို့က လိုအပ်တာတွေ ပါမောက္ခကို ဖြစ်စဉ်နဲ့တကွတင်ပြပါတယ်.။
      Emergency tray ၂ခုကို Syringe အစားစား Theater မှာ ပိုးသတ်ပြီး ထုပ်ပိုးထားဖို့။ လိုတဲ့ဆေးတွေ tray ထဲမှာ အဆင်သင့်ထည့်ထားဖို့။ Duty room ကို မာရသွန် လက်ဆင့်ကမ်းပြေးရတာမျိုးမဖြစ်ဖို့။ Tray ကို လူနာနားချလိုက်တာနဲ့ ဘယ်ကိုမှ မပြေးရဘဲ ဆက်တိုက်ဆိုသလို လိုတဲ့ဆေးတွေ ထိုးနိုင်ဖို့။ Suction machine အတွက် extension board မီးခလုတ်ခုံလုပ်ပေးဖို့။ dripပုလင်းတွေကို ဖင်ကွင်းစွပ်တားဖို့.. အစစ အသင့်အနေအထား ဖြစ်အောင် စီစဉ်ထားနိုင်ခဲ့တယ်..။

      ဒီအဖြစ်အပျက်အပြီးမှာ ကျွန်တော်တို့ဟာ Acute anaphylactic shock ကို အသင့်အနေအထား ပြင်ဆင်မှုရှိခဲ့ရင် ရင်ဆိုင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိခဲ့ပါတယ်.။

      (ဆက်ပါမည်)
      Thursday at 1:16pm · · 5
    • Maung Maung Myint ဒီလိုနဲ့ Medical ward ရောက်တဲ့အခါ အမြဲပြင်ဆင်ထားပါတယ်.။ အထူးသဖြင့် ပုလင်းမှန်သမျှ ဖင်ကွင်းစွပ်ထားတော့တာပါပဲ။

      တကယ်လည်းထိပ်တိုက်တစ်ခုတွေ့ရပြန်တယ်။ လူနာပွေ့ချီလာတော့ GE လူနာလို့ ထင်နေချိန်မှာ EMO က Pen Shock လို့ အော်လာပါတယ်.။ Drip and set ကို ဆွဲပြီးပြေးရပါတယ်.။ IV Line ပိုင်ပိုင်ရလိုက်ချိန်မှာ စိတ်ထဲမှာ ယုံကြည်မှု အပြည့်ဖြစ်နေပါပြီ.။ Tray ရောက်လာချိန်မှာတော့ အနားဝိုင်းလာတဲ့ အဖွဲ့နဲ့ ဆက်တိုက်ဆိုသလို အကုန် ပစ်ထည့်တော့တာပေါ့။ ရမ်းကုကလည်းဘေးမှာ ချွေးသီးချွေးပေါက်နဲ့ ပြာတာတာ ဖြစ်နေပြီ..။ သူ့ကိုတောင် အားပေးလိုက်ပါသေးတယ်..။ စိတ်မပူပါနဲ့ အသက်ရှင်မှာပါ… လို့။ လူနာကောင်းသွားတဲ့အခါ သူကလည်း ကျေးဇူးတင် စကား ဆိုရှာပါတယ်..။
      မျက်စိထဲ ခန့်မှန်းကြည့်လိုက်စမ်းပါ။ ဘယ်လောက်များ ပျာယာခတ်နေကြမလဲဆိုတာ..

      ပြန်ပြီး အဆုံးသတ်အနေနဲ့ ပြောရရင်..

      ၁။ ကိုယ်ပိုင်ဆေးခန်းမှာ Emergency kit ကို ပြင်ထားပါ..။ ထိုးရမယ့်ဆေးများကို အစဉ်လိုက် စီထားပါ.။ (ဆေးတွေကတော့ ဆရာမောင်မောင်ဦး ပြောတဲ့အတိုင်းပါပဲ)

      ၂။ ဆေးခန်းအကူရှိရင် လက်က သွေးကြောပေါ်အောင် ကိုင်ပေးတတ်ဖို့နဲ့ အရေးကြီးချိန်မှာ မူးလဲမနေဖို့ လေ့ကျင့်ထားပါ.။

      ၃။ Tourniquet တစ်ခုလိုရမယ်ရ ဆောင်ထားပါ။

      ၄။ လူနာကုတင် အနီး နံရံ (သို့) မျက်နှာကျက်မှာ Drip ပုလင်းချိတ်ဖို့ ကွင်းကလေးများ (လက်နေရာ.. ခြေထောက်နေရာခန့်) အဆင်သင့်တပ်ထားပါ.။

      ၅။ Home Visit လိုက်သွားတိုင်း. Drip ပုလင်းသယ်သွားဖို့ ဝန်မလေးပါနှင့်။

      ၆။ စိတ်ကူးနဲ့ ဘယ်ကနေ စလုပ်မလဲဆိုတာ အစဉ်လိုက် Drill တတ်နိုင်သလောက်လုပ်ကြည့်ပါ။

      (ကျွန်တော့်အတွေ့အကြုံပါ..။ ဒိထက်ကောင်းတဲ့ အတွေ့အကြုံရှိရင် မျှဝေပေးနိုင်ပါတယ်)
      လွတ်လပ်စွာရေးသားရင်း လွတ်လပ်စွာ ရယ်မောနိုင်ပါစေ..။ ကံအကြောင်းမသင့်လို့ ကြုံခဲ့ရင်လည်း တည်ငြိမ်စွာနဲ့ ကျော်လွှားနိုင်ပါစေ..။

      အားလုံးကို ကျေးဇူးပါပဲ..။
      Thursday at 1:16pm · · 16
    • Naing Linn Aung ဆေးမကုတဲ့ အထဲမှာ အဲဒီ အကြောင်းတွေကြောင့်လဲပါတယ်။ မြန်မာပြည်သူလူထုတွေ ကိုရီးယားကားတွေ ကြည့်တာများသွားတယ် ထင်ပါရဲ့ ။ ဘာမှ မပူပါနဲ့၊ တန်ရာ တန်ရာ သူစရိတ်နဲ့ သူသွားပါလိမ့်မယ်။ မယုံမရှိကြပါနဲ့။ တကယ်ပြောတာ။
      Thursday at 1:25pm ·
    • Bo Zaw Naing ကျေးဇူးပါ.. ဆရာ..။ Shock ဖြစ်ရင် A, B, C အရင်ထိုး..။ ပြီးရင်လိုင်းချိတ် ဆိုတဲ့အတိုင်းတော့ လုပ်လိုက်တာပဲ ဆရာ..။ ဆရာ Maung Maung Oo ပြောတဲ့အတိုင်းဆို C= Cortisone က မလိုဘူး ထင်တယ်နော် ဆရာ..။ IV Line မရရင်တော့ မလွယ်ဘူး..။ ဆေးခန်းမှာဆို တစ်ယောက်တည်း အကူမရှိ၊ လိုင်းမရလို့ ပြာသွားရင် ပိုဆိုးနိုင်တယ်နော်.. ဆရာ..။ အကူမရှိရင် လိုင်းချိတ်တဲ့အလုပ်ကို မြန်မြန်လုပ်နိုင်ဖို့ မလွယ်ပါဘူး ဆရာ..။
      Thursday at 1:26pm · · 4
    • Chan Aye အလွန်ကောင်းပါတယ်။ ကျေးဇူးလဲတင်ပါတယ်ဆရာဦးမောင်မောင်မြင့်ခင်ဗျား။ နည်းနည်းလောက်ဖြည့်စွက်ပါရစေခင်ဗျား။ ဆရာပြောတဲ့ Emergency kit ထဲမှာ လိုအပ်တဲ့ပစ္စည်းအကုန်(အသေးအဖွဲကအစ) ဥပမာ- syringe, water for injection, scalp-vein set, etc. တွေပါထည့်ထားရင်ပိုကောင်းပါတယ်။ တကယ့်အရေးပေါ်ဆိုရင်အဲဒါတွေရှာချိန်မရှိပါ။ ကိုယ်တွေ့အရ အဲဒါတွေရှာနေရင်းနဲ့ကိုပျာပြီး ဘီဒိုတွေမှားဖွင့်၊ မရှိတဲ့အံဆွဲတွေမှားဖွင့်နဲ့အတော်ကိုပျာယာခတ်ခဲ့ပါတယ်။
      Thursday at 1:27pm · · 6
    • Bo Zaw Naing ဆရာချမ်းရေ..။ ကိုယ်ပိုင်ဆေးခန်းဆို တော်သေးတာပေါ့..။ Relieving သွားတဲ့အချိန် ဖြစ်ရင် သေပြီဆရာပဲဗျ..။ လိုအပ်တာတွေ လိုက်ရှာနေတာနဲ့ပဲ ပြီးသွားမှာ..။ ဟားဟား..။
      Thursday at 1:31pm · · 2
    • Maung Maung Oo Ko Bo Zaw Naing မေးတဲ့ rifampicin & shock
      TB (with or without HIV) ကြောင့် တချို့မှ့  Subclinical adrenal insufficiency ရှိနေတယ်ပါတယ်။ rifampicin က နည်းနည်းလေး ကျန်နေသေးတဲ့ adrenal ဟော်မုန်းတွေရဲ့ Metabolism ကို မြန်သွားစေတော့ကာ တချို့မှာ ADRENAL CRISIS ရတာ မကြာမကြာတွေ့ရတယ်။ အထူးသဖြင့် ရွဲနေတဲ့ ကေ့စ်တွေမှာပေါ့။

      ကျန်တာကတော့ အရင်တုန်းက rifampicin 600 mg once or twice weekly ဆိုတဲ့ Regime (ခုလို daily မဟုတ်) သုံးတုန်းက Hypersensitivity reactions တွေ သိပ်ရတယ်။ ဒါကြောင့် low dose dailyပြောင်းလိုက်တာပါ။

      Flu-like syndrome က ၂ ခါ တွေ့ဖူးပါတယ်။

      Cortisone က လိုပါတယ်။ 23 % anaphylactic reaction မှာ Biphasic reactions ( ပထမ Shock ပြန်ကောင်းသွားပြီး ဒုတိယအကြိမ်ပြန်ဖြစ်တာ) ကို 8 to 10 hours (up to 72 hours later)အကြာမှာ ဖြစ်တတ်သတဲ့။
      Thursday at 1:36pm · · 6
    • Maung Maung Myint C= cortisone က မလိုဘူးတော့ မဟုတ်ပါဘူး..။ ဆေးဝင်ဖို့နဲ့ circulation collapse အတွက် IV င်္ဖွင့်ထားနိုင်ပြီဆိုတဲ့အချိန်မှာ စိတ်ထဲ အလွန်ယုံကြည်မှုရှိသွားတယ်..။ ဒိအတွက် နောက်အဆင့်တွေကို ဆက်တိုက်ဆိုသလို ဆက်လုပ်နိုင်တော့ တယ်..။ ဆေးတစ်မျိုးနဲ့တစ်မျိုး အချိန်ကွာလှ တစ်မိနစ်ဆိုတော့ ဒါအရင်ထိုး ဟိုဟာ နောက်မှထိုး ဖြစ်နေလဲ ကွာခြားမှုက မရှိသလောက်ထင်ပါတယ်..။

      Cortisone ထိုးလိုက်တော့ ဘာမှ မှားတာမရှိဘူးထင်ပါရဲ့.
      Thursday at 1:37pm · · 4
    • Bo Zaw Naing ရှင်းသွားပါပြီ.. ဆရာတို့ရေ..။
      Thursday at 1:39pm · · 2
    • Maung Maung Oo shock နဲ့ပါတ်သက်လို့ ကျနော်တို့ ဆရာဝန်အငယ်တွေ သိပ်မရှင်းကြဘူး။ ကျနော်လည်း ကြီးမှ ရှင်းရှင်းသိလာတာ။ ကျနော်နားလည်သမျှ တရက်မှာ ပြန်ရေးပါဦးမယ်။
      Thursday at 1:42pm · · 7
    • Bo Zaw Naing ဆရာ Maung Maung Oo ခင်ဗျား..။ Delay Hypersensitivity Reaction က ဘယ်လိုအခြေအနေတွေမှာ ရတတ်လဲဆရာ..။ ကျွန်တော်ငယ်ငယ်တုန်းက အမေက Inj: Pen လေးကြိမ်မြောက်မှာ Shock ဖြစ်တာ.. ဆရာ။ ဗဟုသုတအနေနဲ့ ကြုံလို့မေးကြည့်တာပါ..။
      Thursday at 1:46pm · · 1
    • Zaw Min Chit ဆက်လက်ဖတ်နိုင်စေဘို့ အတွက်ပါ
      Thursday at 1:55pm ·
    • Maung Maung Myint ဆရာ Maung Maung Oo ခင်ဗျား.. ကျွန်တော် ရေးသား ထားချက်တွေမှာ မှားနေတာ လွဲနေတာ လိုအပ်နေတာ up to date မဖြစ်တာများ ရှိခဲ့ တွေ့ခဲ့ရင် ဆရာ့အနေနဲ့ ပြင်ဆင်ပေးဖို့ နဲ့ ....

      “ဒီနေရာမှာ ဒီလို လွဲနေပါတယ်” လို့ တိတိကျကျလေး ထောက်ပြပေးပါဆရာ..။ ဆရာငယ်လေးတွေ အသိတိုးပြီး ထက်မြက်စေချင်ပါတယ်.။

      ကျွန်တော့်အနေနဲ့ False Information ပေးမိသလို ဖြစ်မှာ စိုးရိမ်မိပါတယ်..။

      အမှန်တော့် ကျွန်တော်က Public Health ကို ပိုစိတ်ဝင်စားပါတယ်..။
      Thursday at 1:57pm · · 4
    • Ei Phyu Phyu Khin <<လူနာပွေ့ချီလာတော့ GE လူနာလို့ ထင်နေချိန်မှာ EMO က Pen Shock လို့ အော်လာပါတယ်.။>> Emergencyမှာတင် treatment ပေးနိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်မသိသလောက် (YGHမပါ) တခြား သင်ကြားရေးဆေးရုံတွေမှာတော့ ဟောက်ဆာဂျင်ကို အရေးပေါ်မှာ မထားတော့ EMO တစ်ယောက်ထဲ ဒါတွေမလုပ်နိုင်ဘူး။ ကျွန်မတို့ ဟောက်စ် ဘ၀က အားတဲ့နေ့ EMO ကို သွားကူပေးရင် သူတို့ သိပ်ဝမ်းသာတယ်

1 comment:

  1. for further reading ...
    http://www.healthline.com/health/anaphylaxis/effects-on-body

    ReplyDelete

Note: only a member of this blog may post a comment.